ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကာလ အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း/ စီးပွားချိတ်ဆက်မှုပြခန်း ဖွင့်လှစ်၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦး ဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ MSME လုပ်ငန်းများ၊ သီလဝါSEZ ၏ Promotion Zoneအတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ လက်လီ/လက်ကားရောင်းချသူများ၏ အချင်းချင်း ချိတ်ဆက်မှုလုပ် ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အကောက် ခွန်ဦးစီးဌာနနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအကြား လုပ်ငန်းစဉ်များ၊ ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံတကာရှိ မြန်မာနိုင်ငံ၏ စီးပွားရေးသံမှူးများဖြင့် အွန်လိုင်းမှဆွေးနွေးနိုင်မည့် ဝန်ဆောင်မှုများ၊ မူပိုင်ခွင့်ဆိုင်ရာ သိသင့်သိထိုက်သည် များ၊ ကုန်စည်ပြပွဲနှင့်သက်ဆိုင်သော ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်ဖြစ်လိုသူများ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများမှ အသေးစား၊ အငယ်စားနှင့် အလတ်စားMSME စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွားချိတ်ဆက်မှု ပြခန်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းဆောင်ရွက်နိုင်ပါကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
