ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်းသည် ကမ္ဘာကြီး အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ရာသီ ဥတုပြောင်းလဲခြင်းကိစ္စကို ဖြေရှင်းရန်အတွက် ဘဏ္ဍာငွေကြေး အမြောက်အများ လိုအပ်မည်ဖြစ်ပြီး ယင်းကိစ္စကို အစိုးရတစ်ရပ် တည်းကသာ ဖြေရှင်းရန်ခက်ခဲပြီး ပုဂ္ဂလိကကဏ္ဍနှင့် ကော်ပိုရေး ရှင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကပါ ပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ ကံကောင်းစွာပင် ယခုအခါ ယင်းရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးကိုပင် လုပ်ငန်းအခွင့်အလမ်း တစ်ရပ် အဖြစ် ဆောင်ရွက်လာကြကာ ကမ္ဘာကြီးကိုကာကွယ်ရင်း တစ် ဖက်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဖန်တီးလာကြပြီး ဖြစ်ပါသည်။ ယင်းမှာ အစိမ်းရောင်ငွေချေးစာချုပ်များ ထုတ်ဝေ ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလက မည်သူမှ သတိ မပြုမိခဲ့သည့် လုပ်ငန်းတစ် ရပ်ဖြစ် ပါသည်။
အစိမ်းရောင်ငွေချေးစာချုပ်ဟု ဆိုသဖြင့် ငွေချေးစာချုပ် မျက်နှာပြင်ကို အစိမ်းရောင်မင်ဖြင့်ရိုက်နှိပ်ထားသည်ဟု မထင် မှတ်စေလိုပါ။ အစိမ်းရောင်ငွေချေးစာချုပ် (ွမနနည သြညိ) ဆို သည်မှာ သာမာန်ငွေချေးစာချုပ်များကဲ့သို့ ြွေကးမြီစာချုပ်စာတမ်း (ီနဘအ ှုညျအမကာနညအ) တစ်ခုဖြစ်ပြီး ထူးခြားသည်မှာ အဆိုပါငွေချေး စာချုပ် ထုတ်ဝေရောင်းချ၍ ရရှိလာသည့် ဘဏ္ဍာငွေကြေးများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သဘာဝစွမ်း အင်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုခြင်းပင်ဖြစ်သည်။ ယခုအခါ ဃူငာအေန သြညိ ှအညေိမေိ သြမေိ နှင့် အခြားသော ပတ် သက်ဆက်နွယ်နေသည့်အဖွဲ့များမှ အစိမ်းရောင်ငွေချေးစာချုပ် နှင့်ကိုက်ညီသည့် တစ်ကမ္ဘာလုံးဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြုစုနေကြပြီဖြစ်သည်။
အစိမ်းရောင်ငွေချေးစာချုပ်များသည် သာမန်ငွေချေးစာ ချုပ်များကဲ့သို့ပင် ကာလသက်တမ်း၊ ထုတ်ဝေမည့်ပမာဏ၊ အတိုး နှုန်း ၊ အာမခံပေးသည့် ကျောထောက်နောက်ခံအဖွဲ့အစည်းများ စသည်တို့ ပါဝင်သော်လည်း အခြားသော မတူညီသည့် အချက် များရှိသည်။ ဥပမာ- အစီခံတင်ပြခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် ရရှိသည့် ငွေများကိုခွဲဝေသုံးစွဲခြင်းစသည်တို့ ဖြစ်သည်။ ဤ အပို ဆောင်း လိုအပ်ချက်များသည်ပင်လျှင် သမားရိုးကျ ငွေချေးစာချုပ် များထက် ဈေးကွက်တွင်လူကြိုက်များစေသည့် အချက်များဖြစ် သည်။ ဤအစိမ်းရောင် ငွေချေးစာချုပ်များကို သာမန်ငွေချေး စာချုပ် ထုတ်ဝေခွင့်ရှိသည့်မည်သည့်အဖွဲ့အစည်းမဆို ထုတ်ဝေ နိုင်သည်။ ထုတ်ဝေသည့်အရွယ်အစားမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းမှ ၁ ဒသမ ၇၅ ဘီလီယံအထိ အရွယ်အစား အမျိုးမျိုး ရှိပြီး သက်တမ်းမှာ သုံးနှစ်မှ ၂၅ နှစ်အထိ ထုတ်ဝေလေ့ရှိသည်။
အဆိုပါ အစိမ်းရောင်ငွေချေးစာချုပ်များသည် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ တွင် စီမံချက်တစ်ခုအဖြစ် ပါဝင်ခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ် တစ်ခု ကစတင် ခေတ်စားလာခဲ့သည်။ ထို့အတူ အဖွဲ့အစည်းအတော်များ များသည်လည်း အဆိုပါငွေချေးစာချုပ်များကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ ပထမဆုံး စတင်ထုတ်ဝေခဲ့သည့် အဖွဲ့အစည်းမှာ ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်ဖြစ်ပြီး ၂၀ဝ၇ ခုနှစ်တွင် ဃူငာအေန ဗတမေနညနျ သြညိ များကိုစတင်ထုတ်ဝေခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ဘဏ်သည် ၂၀ဝ၈ ခုနှစ်တွင် အစိမ်းရောင် ငွေချေးစာချုပ်ကို စတင်ထုတ်ဝေခဲ့ပြီး အခြားသောအဖွဲ့အစည်းများဖြစ်သည့် မန် ဆာချူးဆက် ဓနသဟာယ၊ ဲသ့ညေညနျဘကမါ မြို့တော်၊ တိုယိုတာ ဘဏ္ဍာရေးဝန်ဆောင်မှုအဖွဲ့၊ ျွနါနညခပ ဠနညအကမန ဃသသစနမအေငသည ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးရန်ပုံငွေအဖွဲ့၊ ကနေဒါ ပို့ကုန် ဖွံ့ဖြိုးရေးဌာန စသည်တို့သည်လည်း အစိမ်းရောင်ငွေချေးစာချုပ် များကို ထုတ်ဝေခဲ့သည်။ ၂၀၁၀ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင် ရာ ဘဏ္ဍာငွေထောက်ပံ့ရေးကော်ပိုရေးရှင်း ှုင်္ဃ သည် ဒေါ်လာ ခုနစ်ဘီလီယံတန်ဖိုးရှိ အစိမ်းရောင် ငွေချေးစာချုပ်များကို ထုတ် ဝေခဲ့ပြီး ရရှိလာသည့်ငွေများဖြင့် မိုဇမ်ဘစ်နိုင်ငံတွင် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး၊ ပနားမားနိုင်ငံတွင် လေ စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးနှင့် တူရကီနိုင်ငံတွင် ဖန်လုံ အိမ်အာနိသင်ကို လျှော့ချစေသည့် အများပြည်သူ ပို့ဆောင်ရေး စနစ်များကို ဆောင်ရွက်ခဲ့သည်။
၂၀၁၇ ခုနှစ်တစ်နှစ်တည်းတွင်ပင် အစိမ်းရောင်ငွေချေး စာချုပ် ထုတ်ဝေမှုမှာ ယခင်နှစ်များထက် ၇၈ ရာခိုင်နှုန်းမြှင့်တက် လာခဲ့ပြီး တစ်ကမ္ဘာလုံးတွင် အမေရိကန်ဒေါ်လာ ၁၅၅ ဘီလီယံဖိုး ထုတ်ဝေခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၂၅၀ ဘီလီယံအထိ ထုတ်ဝေနိုင်မည်ဟု ဃူငာအေန သြညျိ ှုညငအငအေငလန အဖွဲ့က ခန့်မှန်း ထားခဲ့သည်။ သို့သော် တစ်ကမ္ဘာလုံးနှင့်နှိုင်းစာလျင် ဤဈေးကွက် မှာ ယခုမှ အခြေတည်ကာစသာ ရှိပါသေးသည်။ အထူးသဖြင့် အစိမ်းရောင်ငွေချေးစာချုပ်များကို ဖွံ့ဖြိးတိုးတက်ပြီးသည့် နိုင်ငံ များကသာ စတင်ထုတ်ဝေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှာ စတင်အရှိန် ယူခါစသာ ရှိပါသေးသည်။
၂၀၂၅ ခုနှစ် အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ငွေချေးစာချုပ်ထုတ်ဝေမှုသည် တိုးတက်နေဆဲဖြစ် ပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၇၂ ဘီလီယံကျော် ထုတ်ဝေခဲ့ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ် တတိယသုံးလပတ် ကုန်တွင် ထုတ်ဝေမှု အမေရိကန်ဒေါ်လာ ၄၆၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး စုစုပေါင်း အစိမ်းရောင်ငွေချေးစာချုပ် ထုတ်ဝေမှု သည် အမေရိကန်ဒေါ်လာ ၃ ထရီလီယံအမှတ်ကို ကျော်လွန် သွားခဲ့သည်။
အာရှတိုက်တွင် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံသည်သာ အစိမ်းရောင်ငွေချေးစာချုပ်ကို စတင်ထုတ်ဝေသည့် နိုင်ငံများ ဖြစ်သော်လည်း ထွန်းသစ်စနိုင်ငံများတွင် ဆက်လက်ထွန်းကာလာ စရာအကြောင်းရှိကြောင်း ကျွမ်းကျင်သူများကဆိုသည်။ ဥပမာ အားဖြင့်- ဘရာဇီးနိုင်ငံရှိ ဘရာဇီးဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ြီနှ) သည် ၂၀၁၇ ခုနှစ် မေလတွင် အမေရိကန်ဒေါ်လာ တစ် သန်းဖိုးရှိ အစိမ်းရောင်ငွေချေးစာချုပ်များကို ထုတ်ဝေရောင်းချခဲ့ ပါသည်။ အဆိုပါထုတ်ဝေရောင်းချသည့် ငွေများဖြင့် လေအားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံ ချက်များတွင် အသုံးပြုခဲ့သည်။
ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် ဤကိစ္စအောင်မြင်အောင် မည်သို့ဆောင်ရွက်ကြမည်နည်း။ အဆိုပါနိုင်ငံများတွင် အစိမ်း ရောင်ငွေချေးစာချုပ်ထုတ်ဝေရေးနှင့်ပတ်သက်၍ ကိစ္စများစွာကို ဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။ အထူးသဖြင့် ပိုင်ဆိုင်မှု အတန်းအစားများ ဗျနအ ဃျေူ များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စံချိန်စံညွှန်းများသတ်မှတ်ခြင်း၊ ရောင်းဝယ်မှု ပုံစံများချမှတ်ခြင်း နှင့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ခြင်း စသည်တို့ဖြစ်သည်။
ယခုအခါ အစိမ်းရောင်ငွေချေးစာချုပ်များသည် အချုပ် အခြာအာဏာပိုင်အစိုးရများအတွက် လက်နက်အသစ်သဖွယ် ဖြစ်လာပါသည်။ ပိုလန်၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံ အစိုးရ တို့သည် အစိမ်းရောင် ငွေချေးစာချုပ်များကို စတင်ထုတ်ဝေ သည့်နိုင်ငံများဖြစ်လာသည်။ ဖီဂျီနိုင်ငံသည် ကိုးသိန်းသော ပြည် သူလူထုကို အကာအကွယ်ပေးရန်နှင့် ၎င်းတို့၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို အထောက်အကူပြုရန်အတွက် ှုင်္ဃ နှင့် ကမ္ဘာ့ဘဏ်တို့၏ အကူအညီကို ရယူကာ အစိမ်းရောင်ငွေချေး စာချုပ်များ ထုတ်ဝေသည့် ပထမ ဆုံးဖွံ့ ဖြိုးဆဲနိုင်ငံဖြစ်လာခဲ့သည်။ ဖီဂျီအစိုးရသည် အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ ငွေချေး စာချုပ်များကို စတင်ထုတ်ဝေရာတွင် ရင်းနှီးမြှုပ်နှံသူများထံမှ မထင်မှတ်ထားသည့်ဝယ်လို အားများစွာကိုရရှိခဲ့ပြီး စတင်ရောင်း ဝယ်သည့်အချိန်တွင် ဝယ်ယူလိုသည့် ပမာဏနှင့် ရောင်းချသည့် ပမာဏ မမျှတသည့်အခြေအနေပင် ရောက်ရှိခဲ့ရသည်။ ဤ အစိမ်းရောင် ငွေချေးစာချုပ်မှသည် ယခုအခါ ဖီဂျီနိုင်ငံသည် အသစ် အသစ်သော ငွေချေးစာချုပ် အမျိုးအစားများစွာကို ဆက် လက်အောင်မြင်စွာ ထုတ်ဝေလျက်ရှိပြီဖြစ်သည်။
ဃူငာအေန သြညျိ ှုညငအငအေငလန ၏ အဆိုအရ အဆိုပါငွေချေး စာချုပ်ထုတ် ဝေနိုင်သည့်အဖွဲ့များကို အတန်းအစားများ ခွဲခြား ရာတွင် -
(က) စွမ်းအင်ထုတ်လုပ်ရေး
(ခ) စွမ်းအင်ကို ထိရောက်စွာ အသုံးချရေး
(ဂ) စွမ်းအင်စွန့်ပစ်ပစ္စည်းများကို ထိရောက်စွာ အသုံး ချရေး
(ဃ) သယ်ယူပို့ဆောင်ရေး
(င) ရေရရှိရေးနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲရေး
(စ) မြေယာများ အသုံးချရေး (သို့မဟုတ်) အခြေခံ အဆောက်အအုံများကို သင့်လျော်စွာအသုံးချရေး
စသည်တို့ဖြစ်သည်။
အစိမ်းရောင်ငွေချေးစာချုပ်များထုတ်ဝေခြင်းဖြင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သော ပရော ဂျက်များ ၊ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီးပွားရေး အကျိုးအမြတ် ရရှိစေသည့်လုပ်ငန်းများနှင့် ရုပြွ်ကင်း လောင်စာများအသုံးပြုမှု လျှော့ချရေးနှင့်သက်ဆိုင်သည့် လုပ်ငန်း များကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ ပရောဂျက်များတွင်ရင်းနှီးမြှုပ်နှံလိုသည့် ရင်းနှီးမြှုပ်နှံသူ အသစ်များ ရရှိစေခြင်း၊ အများပြည်သူ၏အပြုသဘောဆောင်သည့်အမြင်များ ရရှိစေခြင်းနှင့် ခေါင်းဆောင်မှုနှင့် ကုန်အမှတ်တံဆိပ်ထိုးဖောက်မှု ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်သည်။
အဆိုပါ အစိမ်းရောင်ငွေချေးစာချုပ်ထုတ်ဝေသည့်အဖွဲ့ များသည် ထုတ်ဝေရောင်းချ၍ ရရှိလာသည့် ငွေကြေးများကို သုံးစွဲပုံနှင့် အကျိုးရလဒ်များကို အစီရင်ခံရန် လိုအပ်သော်လည်း သီးခြားသတ်မှတ်ထားသည့် စံသတ်မှတ်ချက် မရှိပါ။ အဆိုပါငွေ ချေးစာချုပ်များကို ထုတ်ဝေရာတွင် ပထမအဆင့်အနေဖြင့် အလားအလာ ကောင်းမွန်သည့် အစိမ်းရောင်လုပ်ငန်း စီမံချက် များကို ရှာဖွေရမည်ဖြစ်ပြီး လိုအပ်မည့် ဘဏ္ဍာရန်ပုံငွေ ပမာဏ နှင့် ထုတ်ဝေမည့် ပမာဏတို့ကို တွက်ချက်သတ်မှတ်ရန် လိုအပ် သည်။
ထုတ်ဝေမည့်ငွေချေးစာချုပ်များကို တာဝန်ခံဖြန့်ချိသည့် အဖွဲ့အစည်းများ (underwriter)မှ တစ်ဆင့် ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခြင်းဖြစ်ပြီး underwriter ကို ဦးဆောင်နေသည့်အဖွဲ့ များမှာ ဆွီဒင် ဘဏ္ဍာရေးအုပ်စု SEB) ? Bank of America Merrill Lynch Morgan Stanley Credit Agricole Deutsche Bank JP Morgan အစရှိသည်တို့ဖြစ်သည်။ ဝယ်ယူရင်းနှီးမြှုပ်နှံသူ များမှာ ပုံမှန်အားဖြင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်စပ်နေသည့် အဖွဲ့များကလည်း ဝယ်ယူရင်းနှီးမြှုပ်နှံကြသည်။ ထို့အပြင် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာများ၊ ပင်စင် ရန်ပုံငွေအဖွဲ့များ၊ အစိုးရနှင့် ကော်ပိုရိတ်များကလည်းပါဝင် ရင်းနှီးမြှုပ်နှံနိုင်ကြသည်။
Reference : Investment Guide Book
ထွန်းသက်ထွန်း
