ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၅၁၀၇ ဒေါ်လာ ပေါက်ဈေးရှိ ခဲ့ရာမှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရွှေတစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၅၁၈၈ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ဖေဖော်ဝါရီ ၂၁ ရက်တွင် အခေါက် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၀၅၅၀ဝ၀ဝ ပေါက်ဈေး ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျပ် ၁၀၇၆၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကိုMM Market Price page ၏ ရွှေဈေးကွက် အတွင်းမှ သိရသည်။
Trading Economics တွင် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်GDP သည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၇၅ ဘီလီယံရှိကြောင်းသိရှိရသည်။ Econometric Modelအရ မြန်မာနိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၆ ဒသမ ဝ၅ ဘီလီယံနှင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၃၇ ဘီလီယံဝန်းကျင်ရှိမည်ဟု ခန့်မှန်းထား ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (GDP) ၏ စက်တင် ဘာလ အစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု ADB) တိုးတက်မှုနှုန်းသည် ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက်GDP တိုးတက်မှု နှုန်းသည် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းထားခဲ့သည်ကို တွေ့ရှိရသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအား ပြောင်းလဲမှုပေါ်လိုက်၍ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်ထိ ရက်သတ္တ ပတ်အတွင်း ကျပ် ၃၉၆၀ မှ ၄၀ဝ၀ ကြားရှိနေကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
P&S
