Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွွက်အခြေအနေ

Wed, 03/04/2026 - 12:24 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ဖေဖော်ဝါရီ ၂၅ ရက်Thai Rice Exporter Association Website တွင် ဖော်ပြချက် အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၆၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၆ ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ(၁၀ဝရာခိုင်နှုန်း) ွမေိန ြ ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၁၊ ဧည့်မထ (၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၀၄၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀ဝ၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀ ဖြင့်လည်းကောင်း အသီး သီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ (၅ ရာခိုင် နှုန်း)တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၃၊ ဧည့်မထ(၂၅ ရာခိုင် နှုန်း) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀ ဖြင့် ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၅၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၃၊ ပေါင်းဆန် (၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၅ ဖြင့် အသီးသီးရှိခဲ့ သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဆန်ဈေး နှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အိန္ဒိယ နိုင်ငံတွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၅၄ မှ ၃၅၅ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံ တွင် (၁၀ဝ ရာခိုင်နှုန်း) ွမေိန ြ ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၂၆ မှ ၄၂၁၊ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၀ မှ ၄၀၄၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၄ မှ ၄၀ဝ နှင့် ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၅ မှ ၄၃၀၊ ဗီယက်နမ်နိုင်ငံ တွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၇ မှ ၃၆၃၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၃၄၃ မှ ၃၄၀၊ ပါကစ္စတန်နိုင်ငံတွင် ဧည့်မထ (၅ ရာခိုင်နှုန်း) ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၉ မှ ၃၆၆၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ဆန်တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၅၁ မှ ၃၄၆၊ အိန္ဒိယနိုင်ငံတွင် ဧည့်မထ (၂၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၄ မှ ၃၄၃၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၇ မှ ၃၅၅ သို့ ဈေးနှုန်း လျော့ကျမှုရှိကြောင်း လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ် ကမ္ဘာ့ ဆန်ဈေးနှုန်းမှာ ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅၆ ရာခိုင် နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။
မြန်မာ့ပြည်တွင်း ဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ ဆန်ဈေးကွက်(လက်ကား ဈေး)တွင် ပေါ်ဆန်းနယ်စုံ(အဟောင်း) (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၁၄၀ဝ၀ဝ မှ ၁၅၀ဝ၀ဝ ပေါက်ဈေးရှိ ပြီး ရွှေဘိုပေါ်ဆန်း (အဟောင်း) ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၀ မှ ၁၇၅၀ဝ၀ ပေါက်ဈေးရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၁၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ဝ မှ ၅၁၀ဝ၀ ကြားနှင့် ငစိန်ဆန် တစ်အိတ်လျှင် ကျပ် ၄၉၀ဝ၀ မှ ၅၁၀ဝ၀ ကြား ပေါက် ဈေးရှိကြောင်း သိရသည်။
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အထိ (ယာယီ) စာရင်းများအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ နိုင်မှုတွင် ဆန်တန်ချိန် ၁၄၀၈၁၆၄ ဒသမ ၂၇၅ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၄၇၉ ဒသမ ၇၂၅ သန်း၊  ဆန်ကွဲတန်ချိန် ၁၁၀၄၄၂၃ ဒသမ ၅၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁၃ ဒသမ ၆၅၅ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၂၅၁၂၅၈၇ ဒသမ ၈၂၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၉၃ ဒသမ ၃၈၀ သန်း ရရှိထားပြီး ယခင်နှစ် ကာလတူတွင် ဆန်တန်ချိန် ၁၃၉၂၀၇၀ ဒသမ ၂၅၄ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၇၁၅ ဒသမ ၇၇၂ သန်း၊ ဆန်ကွဲ တန်ချိန် ၉၅၆၉၀၆ ဒသမ ၇၀၁ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၅၉ ဒသမ ၃၅၉ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၃၄၈၉၇၆ ဒသမ ၉၅၅ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၀၇၅ ဒသမ ၁၃၁ သန်း တင်ပို့ခဲ့သည်။ 
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁ သောင်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့သော် လည်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၃၆ ဒသမ ဝ၄၇ (၃၃ ရာခိုင်နှုန်း) လျော့နည်းရရှိခဲ့ သည်။ ဆန်ကွဲတင်ပို့မှုတွင် ယခင်နှစ် ကာလတူထက် တန်ချိန် ၁ ဒသမ ၄ သိန်းကျော် တင်ပို့မှု ပိုမိုခဲ့သော်လည်း ကမ္ဘာ့ ဆန်ဈေးကွက် ပေါက်ဈေးလိုက်၍ ယခင်နှစ် ကာလတူထက် ဈေးနှုန်းကျဆင်းမှု များရှိသဖြင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၇၀၄ သန်း ၁၃ ရာခိုင်နှုန်း လျော့နည်းရရှိသည်။
မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်း များအရ ဆန်ချော(အသစ်) တစ်အိတ်လျှင် ၂၉၈ ယွမ် ဝန်းကျင် ရှိပြီး (ပြင်ပငွေလဲနှုန်း ၁ ယွမ်လျှင် ၅၈၄ ကျပ်နှုန်းရှိသောကြောင့် ဆန်သစ်တစ်အိတ်လျှင် ၁၇၀ဝ၀ဝ ကျပ်ကျော်) ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။

 

P&S