မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ပေါ်တွင် မြေပဲဆုံဆီ နဝလီကြိတ်ခွဲသည့် လုပ်ငန်းရှင်များ ယခင်ထက်ပို၍ တွင် ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်။ မြေပဲဆုံဆီလုပ်ငန်းကို ဈေး ကွက်တွင် ဖြန့်ဖြူးထုတ်လုပ် ရောင်းချခြင်းထက် နဝလီကြိတ်ခွဲ သည့်လုပ်ငန်းရှင်များမှာ ပို၍တွက်ခြေကိုက်ပြီး အကျိုးအမြတ် ရရှိကြောင်း သိရသည်။
ဆုံဆီကြိတ်ခွဲရခြင်းသည် ယခင်ကထက် တွင်ကျယ်စွာ ကြိတ်ခွဲ လည်ပတ်နေရသည်။ ဈေးကွက်ရရှိပြီးသား ရောင်း အားကောင်းသည့် ဆုံဆီရောင်းချသူများမှ မိမိတို့၏ အိမ်၌ရှိ သော ဆုံများနှင့် မလုံလောက်သဖြင့် မြေပဲဆန်ဝယ်၍ ကြိတ်ခွဲ ရန် လာရောက်အပ်နှံကြသည်။ လက်ရှိ အရောင်းအဝယ် ဖြစ်နေသော မြေပဲ ပဲကြီးဆန်(ပြန့်) ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၉၉၀ဝ-၁၀၂၀ဝ၊ ဆုံခွေပဲဖတ် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ဈေးဖြင့် ပွဲစားများမှ အိမ်သို့ လာရောက်ဝယ်ယူ သည်။ မြေပဲဆုံဆီဈေးနှုန်းမှာတစ်ပိဿာလျှင် ကျပ် ၁၇၅၀ဝ ဖြင့် ရောင်းချရကြောင်း၊ ဆုံကြိတ်ခမှာ ငါးပိဿာ တစ်ဆုံလျှင် ကျပ် ၃၀ဝ၀ ယူပြီး ၂၅ ပိဿာဝင် တစ်အိတ်လျှင် လက်လီဈေး ကျပ် ၁၅၀ဝ၀၊ လက်ကားဈေး ကျပ် ၁၃၀ဝ၀ ယူကြောင်း သိရ သည်။
ကြိတ်ခွဲချိန် ကြာချိန်မှာ တစ်ဆုံကို တစ်နာရီခန့် ကြာပြီး ဆုံနှစ်လုံးရှိသော လုပ်ငန်းရှင်မှာ တစ်ရက်လျှင် မြေပဲအိတ် နှစ်အိတ်၊ သုံးအိတ် ကြိတ်ခွဲနိုင်ကြောင်း၊ ဆုံအရေအတွက်ပေါ် မူတည်၍ မိသားစုဝင်ငွေ တစ်ရက်လျှင် ကျပ် ၄၀ဝ၀ဝ-၅၀ဝ၀ဝ ရရှိကြောင်း၊ ဈေးကွက်ရှာစရာ မလိုဘဲ အလုပ်အကိုင် အခွင့် အလမ်းရရှိသောကြောင့် စားဝတ်နေရေးအဆင်ပြေပြီး တွက် ခြေကိုက်၍ အကျိုးအမြတ်ရရှိကြောင်း နဝလီကြိတ်ခွဲသည့် ဆုံဆီလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
သူဇာကျော် (ပခုက္ကူ)
