Main menu

Background

စက်သုံးဆီ(ဓာတ်ဆီ၊ ဒီဇယ်ဆီ) ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေ

Wed, 03/04/2026 - 12:29 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဖေဖော်ဝါရီ ၂၃ ရက်Global Petrol Prices Website  တွင် ယခုအပတ်အတွက် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက် သြစတြေးလျနိုင်ငံသည် ယခု တစ်ပတ်တွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့် ဆုံးနိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် ၃ ဒသမ ဝ၀ ရာခိုင်နှုန်း၊ သြစတြီးယားနိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်းနှင့် ဘယ်လ်ဂျီယံနိုင်ငံ တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်း မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ 
 Global Petrol Prices Website  ၏ ယခုပတ်အတွက် ဖော်ပြ ချက်အရ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ တရုတ် (တိုင်ပေ)၊ နီပေါ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘူတန်၊ ချီလီ၊ ခရို အေးရှား၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ မော်လ်ဒိုဗာ၊ မိုနာကို၊ နော်ဝေ၊ ဆန်မာရီနို၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၉၁ နိုင်ငံ၏ ဓာတ်ဆီဈေးနှုန်းများမှာ  ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရသည်။ 
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဆွစ်ဇာလန်၊ မက္ကဆီကို၊ ချက်၊ လစ်သူယေးနီးယားနှင့် ပြင်သစ် နိုင်ငံများဖြစ်ပြီး  ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၉၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်f Global Petrol Prices Websiteတွင် ဖော်ပြ ထားရှိသည့် အာဆီယံနိုင်ငံများ၏ ဓာတ်ဆီဈေးနှုန်းများမှာ ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေ ကြောင်း လေ့လာတွေ့ရှိရသည်။ 
ထို့အပြင်f Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဆီဈေးနှုန်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံအနက်   တူရကီ (တူကီယဲ)နိုင်ငံသည် ယခုတစ်ပတ်တွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး သြစတြီးယားနိုင်ငံတွင် ၃ ဒသမ ၈၀ ရာခိုင်နှုန်း၊ ဒိန်းမတ်နိုင်ငံတွင် ၃ ဒသမ ၆၀ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံတွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်းနှင့် ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၃၂ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။
fGlobal Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ် ပတ်အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တရုတ်(တိုင်ပေ)၊ အာဖဂန်နစ္စတန်၊ ချီလီ၊ ဂျော်ဒန်၊ ကင်ညာ၊ လက်ဘနွန်၊ လီဆိုသို၊ မော်လ်ဒိုဗာ၊ မိုနာကို၊ နယူးဇီလန်၊ နိုင်ဂျီးရီးယား၊ နော်ဝေ၊ ကာတာ၊ ဆန်မာရီနို၊ သီရိလင်္ကာ၊ ဆူရီနမ်၊ ဆွာဇီလန်၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေ စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၈၆ နိုင်ငံတွင်  ယခင်တစ်ပတ် ဒီဇယ်ဆီ  ဈေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မက္ကဆီ ကို၊ ချက်ကိုစလိုဗက်ကီးယား၊ ဘရာဇီးလ်၊ လစ်သူယေးနီးယားနှင့် ပြင်သစ်နိုင်ငံများဖြစ်ပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုဒသမ ၁၀ ရာခိုင်နှုန်းမှ ၁ ဒသမ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းများ ကျဆင်းလျက် ရှိကြောင်း တွေ့ရှိရ သည်။
ဖေဖော်ဝါရီ ၂၃ ရက် f Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် အာဆီယံနိုင်ငံများ၏ ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအပြောင်းအလဲမရှိ တည် ငြိမ်နေကြောင်း လေ့လာတွေ့ရှိရသည်။  
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၃၅၄၅ ကျပ်၊ ဒီဇယ် တစ် လီတာလျှင် ၃၆၂၃ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၀ဝ၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၅၀ဝ ဖြင့် အမြင့်ဆုံး ဖြစ် ပေါ်နေပြီး ပြည်မြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၄၀၆ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၂၆ ကျပ်၊ ရန်ကုန်မြို့တွင်  ဓာတ်ဆီတစ်လီတာ လျှင် ၂၃၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၈၂ ကျပ်ဖြင့် အနည်း ဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။ 
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိ ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။