နိုင်ငံတော်အနေဖြင့် လယ်ယာသုံးစိုက်ပျိုး ရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိ သည်။ ပြည်ပသွင်းကုန်အစားထိုး၊ ပြည်တွင်းကုန် ထုတ်လုပ်မှုများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသအတွင်းရှိ ြှနျြ လုပ်ငန်းရှင်များအတွက် နိုင် ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက် မတည်ရင်းနှီးငွေများ ကို လုပ်ငန်းအမျိုးအစားလိုက် နှစ်စဉ် ထုတ်ချေး ပေးလျက်ရှိသည်။
စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို တာဝန် ယူဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ရရှိ ရေးတို့အတွက် လုပ်ငန်းရှင်များ၏ လုပ်ငန်းလည် ပတ် ရင်းနှီးငွေများ၊ လိုအပ်သော စက်ကိရိယာနှင့် နည်းပညာများရရှိနိုင်ရေး သက်ဆိုင်ရာဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
ဒေသတွင်းMSMEs ပြပွဲ၊ ပြိုင်ပွဲများနှင့် နိုင်ငံ အဆင့်MSMEs ပြပွဲပြိုင်ပွဲများတွင် လုပ်ငန်း ရှင်များပါဝင်ပြသနိုင်ရေး စည်းရုံးဆောင်ရွက် ခြင်းများနှင့် လိုအပ်သည်ကို ညှိနှိုင်းဆောင်ရွက် ပေးခြင်းများ လုပ်ငန်းထုတ်လုပ်သည့် နေရာများသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်းများကို ဆောင် ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည် မြို့နယ် တာဝန်ခံသည် တောင်သူအကျိုးပြုလယ် ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရောင်းချနေ သည့် ဆေးဖျန်းစက်ထုတ်လုပ်နေမှု အခြေအနေ အား လေ့လာခဲ့သည်။ လုပ်ငန်းရှင်အနေဖြင့် နိုင်ငံ့ စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ရင်းနှီးငွေများကို ဌာန၏ အကူအညီဖြင့် ၂၀၂၃ ခုနှစ်တွင် ရယူနိုင်ခဲ့ပြီး လုပ်ငန်းများဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းရှင်အနေဖြင့် တောင်သူအကျိုးပြု စပါး၊ ပဲ၊ နှမ်း ြွေခလှေ့စက်များကို စတင်ထုတ်လုပ် ရောင်းချခဲ့ကြောင်း သိရသည်။ စက်ပစ္စည်းများ ထုတ်လုပ်ရာတွင် လယ်ကွင်းထဲအရောက် ကိုယ် တိုင်မောင်းနိုင်သော ထိုင်မောင်း ြွေခလှေ့စက်များ ကို အောင်မြင်စွာ ထုတ်လုပ်နိုင်နေပြီ ဖြစ်ကြောင်း လည်း သိရသည်။
လုပ်ငန်းရှင်အနေဖြင့် နည်းပညာပိုင်းကို အစဉ်တစိုက်စမ်းသပ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေပြီး ယခုအချိန်တွင် ဆေးဖျန်းစက် များကိုပါ ထုတ်လုပ်နေကြောင်း၊ ဆေးဖျန်းစက် ထုတ်လုပ်ရာတွင် ကိုယ်ပိုင်နည်းပညာကို အခြေခံ ၍ ယိုးဒယား ဆင်ကိုင်းနှင့် တွဲဖက်အသုံးပြုနိုင် သည့် ပေ ၄၀ အကျယ် လီတာ ၅၀ဝ ဆေးဖျန်းစက် ဖြစ်ပြီး ကိုယ်ထည်အကျယ်မှာ ငါးပေ၊ ၇.၅ ံဏ ဓာတ်ဆီအင်ဂျင်နှင့် ဆေးဖျန်းစက်ကို စလင်ဒါသုံး လုံးထိုး ပရက်ရှာပန့် တပ်ဆင်ပေးထားကြောင်း သိရသည်။
ဆေးဖျန်းရာတွင် လိုသလို ချိန်ညှိနိုင်ပြီး သီးနှံပင်လေလွင့်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ဘီးဗျက်အကျယ်ကို ၂ /၁ လက်မသာရှိသည့် ရော်ဘာဘီးများ တပ်ဆင်ပေးထားပြီး တစ်ဧက လျှင် ၅ မိနစ်မှ ၁၀ မိနစ်အတွင်း ပက်ဖျန်းနိုင်ကာ တစ်စီးလျှင် ၄-၅ဧက စာဖျန်းပက်နိုင်ကြောင်း သိရ သည်။ ဆေးဖျန်းစက်ကို အသုံးပြုမည်ဆိုပါက တစ်ရက်လျှင် ဧက ၃၀-၄၀ အထိ ဖျန်းနိုင်မည် ဖြစ်သလို စက်တစ်စီးလျှင် စက်မောင်းသူအပါ သုံးဦးသာလိုအပ်မည်ဖြစ်သည့်အတွက် အချိန် ကုန်သက်သာပြီး လုပ်သားအင်အားပါ လျှော့ချ နိုင်မည်ဖြစ်သည်။
ဆေးဖျန်းစက်ဖြင့် ပက်ဖျန်းမည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး သီးနှံပင်များအတွက် အာနိသင် ပိုမိုထိရောက်စွာရရှိနိုင်မည်ဖြစ်သည်။ လုပ်ငန်းရှင်အနေဖြင့် ရပ်ဝေးရပ်နီးမှ အော်ဒါ လက်ခံပြီး ထုတ်လုပ်ရောင်းချနေကြောင်းနှင့် စက် တန်ဖိုးမှာ ဆင်ကိုင်းမပါ အထိုင်ဈေးကျပ် ၅၂ သိန်း ဖြစ်ပြီး ဆင်ကိုင်းပါလျှင် ကျပ်သိန်း ၁၃၀ ဖြစ် ကြောင်း သိရသည်။
ထွန်းနိုင်လင်း(ပြည်)
