အာဆီယံဒေသအတွင်း ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင်ပုဂ္ဂိုလ်များ လွတ်လပ်စွာ ကူးလူး ဆက်ဆံနိုင်ရေး၊ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်ရေးကို အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community) တွင် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းအကောင်အထည်ဖော် လျက်ရှိသည်။ ယင်းလုပ်ငန်းစဉ်များထဲတွင် အာဆီယံ စုပေါင်းရင်း နှီးမြှုပ်နှံမှုအစီအစဉ် (Collective Investment Scheme, CIS)လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါ အာဆီယံ CIS မူဘောင်အရ အိမ်ရှင်နိုင်ငံတစ်ခုမှ ဥပဒေနှင့်အညီ တီထွင်ထုတ် လုပ်လိုက်သည့် စုပေါင်းရင်းနှီးမြှုပ်နှံမှု အစီအစဉ်တစ်ခုကို အခြား သော ဒေသတွင်း မိတ်ဖက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက လွတ် လပ်စွာ ဝယ်ယူရင်းနှီးမြှုပ်နှံခွင့်ရရှိမည့် အစီအစဉ်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် ကနဦးပါဝင်သည့် နိုင်ငံများမှာ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး တာဝန်ယူကြီးကြပ် သည့် အာဏာပိုင်အဖွဲ့များမှာ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ MAS ၊ မလေးရှား ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်နှင့် ထိုင်းငွေချေးသက်သေခံလက်မှတ် ကြီးကြပ် ရေးကော်မရှင်တို့ဖြစ်သည်။
ဤအစီအစဉ်ကို ၂၀ဝ၈ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့ပြီး ကနဦး တည်ထောင်သည့်နိုင်ငံ သုံးနိုင်ငံမှာ ၂၀၁၃ ခုနှစ်တွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြ သည်။ ၂၀၁၄ ခုနှစ်တွင် ASEAN CIS အစီအစဉ်ကို စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ၁၁ ခု၏ ရင်းနှီးမြှုပ်နှံမှု စာချုပ်စာတမ်း တန်ဖိုး ဒေါ်လာ ၃၂၁ ဒသမ ၇၉ သန်းကို ရောင်းဝယ်ဖောက်ကား လျက်ရှိနေပြီဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ CIS သို့ ၂၀၂၁ ခုနှစ် မေလ ၁၁ ရက်တွင် စတုတ္ထမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်လာ သည်။ ဖိလစ်ပိုင်နိုင်ငံSecurities and Exchange Commission (SEC)) သည် ဤရင်းနှီးမြှုပ်နှံမှုပရောဒတ်များအတွက် စည်းမျဉ်း များကို ၂၀၂၁ ခုနှစ် သြဂုတ်လနှင့် ၂၀၂၃ ခုနှစ် ဧပြီလတွင် ပြဋ္ဌာန်းခဲ့သည်။
ထိုသို့ အာဆီယံ CIS အစီအစဉ်ကို ချမှတ်လိုက်ခြင်းကြောင့် ဘဏ္ဍာရန်ပုံငွေများ နိုင်ငံဖြတ်ကျော်ရင်းနှီးခွင့်များ ရရှိသွားသလို ဒေသတွင်းရှိ ရင်းနှီးမြှုပ်နှံသူများအနေနှင့်လည်း မတူညီသည့် ဈေးကွက်များမှ ရွေးချယ်စရာ အခွင့်အလမ်းသစ်များကို ရရှိသွား စေမည်ဖြစ်သည်။ ထို့အပြင် ရန်ပုံငွေကိုစီမံအုပ်ချုပ်ခြင်း နှင့် လုပ် ငန်းလည်ပတ်ခြင်းများကို တစ်စုတစ်စည်းတည်း ဆောင်ရွက်နိုင် မည်ဖြစ်သည်။ နောက်ပိုင်းတွင် အာဆီယံဒေသရှိ အခြားသော နိုင်ငံများသည်လည်း ဃှှု အစီအစဉ်တွင် ပါဝင်လာကာ အာဆီယံ နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ပိုမိုရရှိလာ စေမည်ဖြစ်သည်။
CIS လုပ်ငန်းအကျဉ်းချုပ်
ရင်းနှီးမြှုပ်နှံသူအားလုံးတို့၏ကိုယ်စား အကျိုးတူရန်ပုံငွေ အဖွဲ့ (Mutual Fund) တစ်ခုက တာဝန်ယူ ရင်းနှီးမြှုပ်နှံပေးခြင်း ဖြစ်ပြီး အထူးသဖြင့် စတော့အိပ်ချိန်းတစ်ခုတွင် စာရင်းဝင်ထား သည့် ငွေချေးစာချုပ်များ၊ အီကွစ်တီ (စတော့ရှယ်ယာများ) နှင့် ငွေကြေးဈေးကွက် ပရောဒတ်များတွင် ရင်းနှီးမြှုပ်နှံသူများကိုယ် စား ဝင်ရောက်ရင်းနှီးမြှုပ်နှံပေးသည့် အစီအစဉ်ဖြစ်သည်။ အဆို ပါ ရင်းနှီးမြှုပ်နှံမှုများကို အကျိုးတူရန်ပုံငွေအဖွဲ့များရှိ Fund Manager များက တာဝန်ယူ စီမံခန့်ခွဲပေးသည်။ ရင်းနှီးမြှုပ်နှံသူ တစ်ဦးချင်းစီတို့၏ ငွေကြေးများအားလုံးကို စုစည်းလိုက်ပြီး ယင်း ငွေများကို ပိုင်ဆိုင်မှုအမျိုးမျိုးတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံလိုက်သည့် ငွေပမာဏစုစုပေါင်းကို ရှယ်ယာများအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်ကာ ရင်းနှီးမြှုပ်နှံသူတစ်ဦး ချင်းထည့်ဝင်ငွေအပေါ် မူတည်၍ ရှယ်ယာများ ထုတ်ပေးခြင်း ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံသူတစ်ဦးချင်း ကိုင်ဆောင်ထားသည့် ရှယ်ယာတန်ဖိုးသည် အဆိုပါ ရန်ပုံငွေတွင် ပါဝင်ဖွဲ့စည်းထားသည့် ရှယ်ယာများ၊ ငွေချေးစာချုပ်များ၊ ငွေကြေးဈေးကွက်စာချုပ်စာ တမ်းများ၏ နေ့စဉ်ပေါက်ဈေးကိုလိုက်၍ ပြောင်းလဲနေသည်။သို့အတွက် ရင်းနှီးမြှုပ်နှံသူတစ်ဦး ကိုင်ဆောင်ထားသည့် ရန်ပုံငွေ အစုတစ်စု၏တန်ဖိုးသည် နေ့စဉ်နှင့်အမျှ အတက်အကျ ရှိနိုင် သည်။ ရင်းနှီးမြှုပ်နှံသူများအနေနှင့် CIS များကို ရွေးချယ်ရင်း နှီးမြှုပ်နှံကြခြင်း၏ အကြောင်းရင်းများရှိသည်။
ခွဲခြမ်းစိတ်ဖြာ ရင်းနှီးမြှုပ်နှံနိုင်ခြင်း
ထည့်ဝင်ထားသည့်ရန်ပုံငွေများသည် မတူညီသည့်ကုမ္ပဏီ များ ၊ မတူညီသည့် အက်ဆက်ပုံစံများ၊ မတူညီသည့် ဒေသများတွင် ထည့်ဝင်ထားခြင်းကြောင့် ခွဲခြမ်းစိတ်ဖြာရင်းနှီးမြှုပ်နှံမှု diversification)လုပ်ခြင်း၏ ရလဒ်ကိုရရှိမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တစ်ခုမှ ရလဒ်များ ကျဆင်းနေချိန်တွင် အခြားတစ်ခုမှ တက်နေ နိုင်သည့်အတွက် ဤသို့ခွဲခြမ်းစိတ်ဖြာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် တစ်ခု တည်းသော ရင်းနှီးမြှုပ်နှံမှုအပေါ် အားကိုးစရာမလိုတော့ပဘဲ စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်သည်။ သို့အတွက် ရင်းနှီးမြှုပ် နှံမှု အစုတစ်ခုလုံးတွင် ကျရောက်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ (risk) ကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။ ထို့အပြင် ရင်းနှီး မြှုပ်နှံမှု ပုံသဏ္ဌာန်အမျိုးမျိုးကိုလည်း ပိုမိုဝယ်ယူနိုင်သည့် အခွင့် အလမ်းများ ရှိစေမည်ဖြစ်သည်။
သို့သော် သတိပြုသင့်သည့်အချက်မှာ ခွဲခြမ်းစိတ်ဖြာ ရင်း နှီးမြှုပ်နှံခြင်းနှင့် မတူညီသည့် အက်ဆက်များတွင် ခွဲခြားရင်းနှီး မြှုပ်နှံခြင်းဖြင့် သင်၏ရင်းနှီးမြှုပ်နှံမှု များကို အပြည့်အဝ ကာကွယ် ပေးနိုင်မည်ဟု မထင်မှတ်စေလိုပါ။ သင့်အနေနှင့် မတူညီသည့် အက်ဆက်များတွင်မတူညီသည့် အကျိုးအမြတ်ပြန်ရနှုန်း Yield) နှင့် မတူညီသည့် ဆုံးရှုံးနိုင်ခြေ Risk)များရှိသည်ကို သိရှိထားရန် လိုအပ်သည်။
အသုံးပြုရလွယ်ကူခြင်း
ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများ နေ့စဉ်လည်ပတ်ပုံကို ရှင်း လင်းစွာ သိမြင်နိုင်စေရန် စီစဉ်ထားရှိပြီး မိမိတို့ ထည့်ဝင်ထားသည့် အခြေအနေကို ရန်ပုံငွေအဖွဲ့မန်နေဂျာများက ပုံမှန်အစီရင်ခံလေ့ ရှိသည်။ ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနှင့် ရရှိလာသည့် အကျိုး အမြတ်များကို ပြန်လည်ရင်းနှီးမြှုပ်နှံမည် (သို့မဟုတ်) အမြတ် ဝေစုကို ပုံမှန်ထုတ်ယူမည်ဆိုသည်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင် သည်။
စရိတ်သက်သာခြင်း
ငွေပမာဏ များပြားစွာ အသုံးပြုကာ ရင်းနှီးမြှုပ်နှံနိုင် ခြင်းကြောင့် ဝယ်ယူသည့်စရိတ်စက များစွာသက်သာသွားစေ သည်။ အက်ဆက်များကို ထိန်းသိမ်းရသည့်စရိတ်များကို ရင်းနှီး မြှုပ်နှံသူများအားလုံးက မျှဝေကျခံရသည့်အတွက် ရန်ပုံငွေတစ်စု အပေါ်တွင် ကျခံရသည့် စရိတ်များ လျော့ကျသွားစေသည်။
ကျွမ်းကျင်သူများကိုယ်တိုင် စီမံခန့်ခွဲခြင်း
ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့များသည် ကျွမ်းကျင်သည့် မန်နေဂျာများ၏ အချိန်ပြည့် ပံ့ပိုးမှုဖြင့် ထည့်ဝင်ထားသည့် ရင်းနှီးငွေများ အပေါ်ရလဒ်ကောင်းများ ရရှိလာစေရေးအတွက် ဆောင်ရွက်ပေးကြသည်။ ၎င်းတို့သည် နောက်ဆုံးပေါ်သုတေသန နည်းစနစ်များကို အသုံးပြု၍ စဉ်ဆက်မပြတ်လေ့လာမှုမှ ရရှိ လာသည့် ဈေးကွက်သတင်း အချက်အလက်များကို တန်ဖိုးရှိသည့် ရလဒ်များအဖြစ် ပြောင်းလဲပေးကြသည်။ ထို့နောက် ရန်ပုံငွေအဖွဲ့ ၏ ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်များပြည့်မီစေရေးအတွက် မတူ ညီသည့် အက်ဆက်များကို ဝယ်ယူခြင်း၊ ရောင်းချခြင်းများ ပြုလုပ် ကြသည်။
ဒေသနှင့် လုပ်ငန်းကဏ္ဍကို ရွေးချယ်နိုင်ခြင်း
ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် မတူကွဲပြားသည့် ဒေသ အသီးသီးရှိ ရင်းနှီးမြှုပ်နှံမှုပုံသဏ္ဌာန်အမျိုးမျိုးကို ရွေးချယ်ဝယ် ယူနိုင်ခြင်းကြောင့် ဒေသအလိုက်မတူညီသည့် ဈေးကွက်ပြောင်း လဲမှုဒဏ်များကို ခံနိုင်ရည်ရှိစေသည်။ ထို့အတူ မိမိပစ်မှတ်ထား သည့် ဒေသတစ်ခုရှိ ရင်းနှီးမြှုပ်နှံမှုတစ်ခု၊ ကဏ္ဍတစ်ခုခုကိုကို လည်း အာရုံစိုက် ရင်းနှီးမြှုပ်နှံနိုင်သည်။
ထွန်းသက်ထွန်း
