ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းမှ ထုတ်ကုန်လုပ်ငန်းရှင်များ သည် ထုတ်ကုန်နှင့် ထုပ်ပိုးပစ္စည်းများကို တီထွင်ဖန်တီး၍ သုံးစွဲသူ များ ပိုမိုကြိုက်နှစ်သက်ရန်နှင့် ရောင်းအားမြှင့်တင်နိုင်ရန် အလေး ပေး ရင်းနှီးမြှုပ်နှံလာကြသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ရှင်များ (ြှနျြ) သည် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း နှင့် ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးကာ ဈေးကွက်ယှဉ်ပြိုင် ရောင်းချရ မည်ဖြစ်ရာ မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးကြံဆမှုများဖြင့် ဆန်းသစ် တီထွင်ထုတ်လုပ်မှုများကို ပြိုင်ဘက် စီးပွားရေးလုပ်ငန်းများက လွယ် လင့်တကူ ပုံတူကူးခြင်း၊ တုပခြင်းတို့ကို တားဆီးကာကွယ်ရန် အရေး တကြီး လိုအပ်လာသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းကို ချဲ့ထွင် ရန်ကြိုးပမ်းနေသည့် ြှနျြ များ စဉ်ဆက်မပြတ် ရှင်သန်ကြီးထွား စေရန်အတွက် ဒီဇိုင်းမူပိုင်ခွင့်ပိုင်ဆိုင်မှုကို အစွမ်းထက်သည့် စီးပွား ရေး ကိရိယာတစ်ခုအဖြစ် မရှိမဖြစ် အသုံးပြုရန် လိုအပ်လာသည်။
ဒီဇိုင်းဟူသည် ဝယ်ယူသုံးစွဲသူများအား ဆွဲဆောင်နိုင်သည့် ထုတ်ကုန်တစ်ခုတွင် တန်ဆာဆင်ထားသော အပြင်မှ မြင်ရသည့် ပုံသဏ္ဌာန်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုသည့် အိမ်သုံး ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများမှစ၍ လူ့အသုံးအဆောင်နာရီများ၊ လက်ဝတ်ရတနာ များ၊ အထည်အလိပ်များနှင့် အခြား ဇိမ်ခံပစ္စည်း များတွင် ဒီဇိုင်းပုံစံအမျိုးမျိုးကို မြင်တွေ့နိုင်သည်။ ခေတ်မီဆန်းသစ် လှပသည့် အသွင်သဏ္ဌာန်ရှိသော ထုတ်ကုန်များသည် အခြားသော ထုတ်ကုန်များထက် ဝယ်ယူသုံးစွဲသူများကို ပိုမိုဆွဲဆောင်နိုင်သည်။
လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုလက်မှုလုပ်ငန်း များ၊ အဝတ်အထည်လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများ၊ စားသောက် ကုန်လုပ်ငန်းများ စသည်တို့တွင် ဒီဇိုင်း၏ကာလာသည် အလွန်အရေး ပါသည်။ ထို့အပြင် အပြင်ပန်း ပုံသဏ္ဌာန်အားဖြင့် လှပခန့်ညားသော အနုပညာဒီဇိုင်းများသည် ထုတ်ကုန်တစ်ခုအား ဝယ်ယူရန် ဆုံးဖြတ် ချက်ချပေးရာတွင် ဝယ်ယူသူအား များစွာ တွန်းအားပေးနိုင်သည်။ ထုတ်ကုန်ဒီဇိုင်းအသစ်များသည် စီးပွားရေးလုပ်ငန်းများတွင် ၎င်း တို့၏ ထုတ်ကုန်များကို ပြိုင်ဘက်လုပ်ငန်းများနှင့် ဈေးကွက်ယှဉ် ပြိုင်နိုင်စွမ်းရှိစေပြီး လုပ်ငန်း၏ ပုံရိပ်ကို ပိုမိုကောင်းမွန်လာစေနိုင် သည်။ သို့ဖြစ်၍ ဒီဇိုင်းများသည် စီးပွားရေးလုပ်ငန်းများအတွက် အဖိုးတန် စီးပွားရေးကိရိယာဖြစ်သောကြောင့် ၎င်းတို့ကို ခိုင်မာထိ ရောက်စွာ အကာအကွယ်ယူထားရန် အရေးကြီးပေသည်။
ဒီဇိုင်းကိုဖန်တီးရာတွင် မလိုအပ်သော ရှုပ်ထွေးမှုများကို လျှော့ ချပြီး အသုံးပြုရလွယ်ကူစေသော ရိုးရှင်းလှပသည့် ဒီဇိုင်းများသည် သုံးစွဲသူများကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်သည်။ ထုတ်ကုန် ဒီဇိုင်းတစ်ခုအပေါ် သုံးစွဲသူများက နှစ်သက် လက်ခံခြင်းသည် စီးပွား ရေးလုပ်ငန်း၏ အောင်မြင်မှုပုံရိပ်ကို များစွာ သက်ရောက်စေသည်ကို လေ့လာတွေ့ရှိနိုင်သည်။
ဥပမာအားဖြင့် အမေရိကန်နိုင်ငံ ဗစစူန ကုမ္ပဏီမှ ဖန်တီးသော ဗစစူန ဗငမဏသျိ များသည် ခေတ်မီနည်းပညာနှင့် ဒီဇိုင်းဆန်းသစ်မှု ပေါင်းစပ်၍ သေးငယ်ပေါ့ပါးသော ကြိုးမဲ့နားကြပ်ကို ဈေးကွက် အတွင်းသို့ ချပြနိုင်ခဲ့သည့်အတွက် လုပ်ငန်းအောင်မြင်မှုများစွာ ရရှိ ခဲ့သည်။ ထို့အတူ အမေရိကန်နိုင်ငံ ွှနျေူ ကုမ္ပဏီမှထုတ်လုပ်သော လျှပ်စစ်ကားများသည် ခေတ်မီနည်းပညာများ၊ ခေတ်မီဆန်းသစ်သော ဒီဇိုင်းများနှင့် ထူးခြားကောင်းမွန်သည့် စွမ်းဆောင်နိုင်ရည်များကို ပေါင်းစပ် ထုတ်လုပ်ထားသည့်အတွက် သုံးစွဲသူများ နှစ်သက်လက်ခံ သည့် ထုတ်ကုန်အသစ်တစ်ခု ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ လုပ်ငန်းပုံရိပ် မြင့်မားတိုးတက်စေနိုင်သည့် ကိုယ်ပိုင် ဒီဇိုင်းများကို ဈေးကွက်သို့မချပြမီ မူပိုင်ခွင့်အကာအကွယ် ရယူထား သင့်သည်။ မူပိုင်ခွင့် အကာအကွယ်ရယူထားခြင်းကြောင့် ထုတ်ကုန် ပစ္စည်းများကို ဈေးကွက်တွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသိအမှတ် ပြုခံရမည်ဖြစ်ပြီး ဈေးကွက်အတွင်း လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားမှုကို ပြုလုပ်နိုင်သည့်အပြင် ဈေးကွက် ခိုင်မာမှုကို တည်ဆောက် နိုင်မည်ဖြစ်သည်။ ြှနျြ လုပ်ငန်းများအနေဖြင့် မိမိတို့၏ ကိုယ် ပိုင်ဖန်တီးထားသော ဒီဇိုင်းများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူ ထားခြင်းမရှိလျှင် ပြိုင်ဘက်လုပ်ငန်းများ၏ အလွယ်တကူ ပုံတူကူးယူ အသုံးပြုခြင်းကို မဟန့်တားနိုင်သဖြင့် စီးပွားရေးအရ ဆုံးရှုံးနစ်နာ မှုများ ဖြစ်ပေါ်လာနိုင်သည်။ ရှေးဦးစွာ မူပိုင်ခွင့်အကာအကွယ်ရယူ ထားလျှင် မိမိ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူများက စီးပွားဖြစ် အသုံး ပြုခြင်းကို ဥပဒေကြောင်းအရ ထိရောက်စွာ ဟန့်တားနိုင်မည်ဖြစ် သည်။ ဒီဇိုင်းပိုင်ရှင်အနေဖြင့် မှတ်ပုံတင်ထားသော မိမိ၏ဒီဇိုင်းအား ခွင့်ပြု ချက်မရှိဘဲ ကူးယူခြင်း သို့မဟုတ် တုပခြင်းအန္တရာယ်ကျရောက် ခြင်းမှ ကာကွယ်တားဆီးနိုင်သည့်အတွက် စီးပွားရေးဈေးကွက်ချဲ့ ထွင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအားထည့်ဆောင်ရွက်လာနိုင် မည်ဖြစ်သည်။ ၎င်းအပြင် မူပိုင်ခွင့်ပိုင်ရှင်အနေဖြင့် မိမိ၏ ကိုယ်ပိုင် ဒီဇိုင်းကို အခြားသူများအား အခကြေးငွေဖြင့် အသုံးပြုခွင့်ပေးသဖြင့် လုပ်ငန်း၏ ဝင်ငွေတိုးမြင့်ရရှိလာနိုင်ခြင်းဖြင့် လုပ်ငန်းတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့် ဆန်းသစ်တီထွင်ဖန်တီးထားသော ဒီဇိုင်းများ သည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးရာတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်သည်။ ခေတ်မီတိုးတက်သော နည်းပညာများနှင့် စိတ် ကူးကြံစည်မှု အနုပညာဖန်တီးမှုများကို ပေါင်းစပ်ဖန်တီးခြင်းဖြင့် ထုတ်ကုန်ဒီဇိုင်းများသည် အစဉ်အမြဲ ဆန်းသစ်နေမည်ဖြစ်ပြီး အခြား သော ထုတ်ကုန်များနှင့်လည်း ကွဲပြားခြားနားမှုကို ဖြစ်စေသည်။ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရာတွင် ထုတ်ကုန်ဒီဇိုင်းများ မြှင့် တင်ဆောင်ရွက်ခြင်းကို ဗျူဟာမြောက်အသုံးပြုနိုင်ပါက အနာဂတ် တွင် အောင်မြင်သော စီးပွားရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ပေး နိုင်မည်ဖြစ်ကြောင်းနှင့် ဤလုပ်ငန်းစဉ်များကို မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ
