Main menu

Background

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီတစ်ခု ထပ်မံဝင်ရောက်ရန်ရှိ

Fri, 05/15/2026 - 15:09 -- journal_editor

ယခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထူထောင်ထားသည့် Main Board သို့ ခေတ်မီအီလက်ထရောနစ်ပစ္စည်းများနှင့် ကျန်းမာရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ တင်သွင်းဖြန့်ချိသည့် စာရင်းဝင်ကုမ္ပဏီတစ်ခုအဖြစ်ဝင် ရောက်ရန်ရှိနေကြောင်း သိရသည်။ 
လက်ရှိတွင် ယင်းကုမ္ပဏီကို Main Board တွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်ဆောင်ရွက်ခွင့်ပြုနိုင်ရေးအတွက် လိုအပ်မှုများ စိစစ်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။ 
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ မှစတင်ကာ လက်ရှိအချိန်ထိ စတော့ရှယ်ယာအရောင်းအဝယ်များ ဆက်တိုက်မြင့်တက်နေပြီး စတော့ရှယ်ယာ အညွှန်းကိန်းနှင့် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများလည်း မြင့်တက်လာလျက်ရှိသည်။ 
လက်ရှိရန်ကုန်စတော့အိတ်ချိန် းMain Board တွင် အများပိုင်ကုမ္ပဏီရှစ်ခုနှင့် နေ့စဉ်အစုရှယ်ယာ အရောင်းအဝယ်များဆောင်ရွက်နေပြီး  (Pre Listing Board) တွင် အများပိုင်ကုမ္ပဏီနှစ်ခုမှ နေ့စဉ်အရောင်းအဝယ်များဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်း(Pre Listing Board) တွင်လည်း စာရင်းဝင်အဖြစ် ဝင်ရောက်လာရန် အများပိုင် ကုမ္ပဏီတချို့ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ကိုတိုး