Main menu

Background

Jellyfirsh (ခေါ်) ရေခူအကြောင်း တစေ့တစောင်း

Mon, 06/08/2026 - 15:09 -- journal_editor

မြန်မာနိုင်ငံတွင်ရေခူ (Jelly firsh) ကို တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီကမ်းရိုးတန်းတို့တွင် တွေ့ရများသည်။ ရေခူတွင် ဦးနှောက်၊ နှလုံး၊ အရိုးနှင့်သွေးတို့မပါရှိဘဲ ကိုယ် ခန္ဓာ ၉၅ ရာခိုင်နှုန်းကို ရေဖြင့် ဖွဲ့စည်းထားသည်။ ရေခူများသည် ဧပြီလ မှ ဇူလိုင်လများတွင် အများဆုံးထွက်ရှိကြောင်း သိရှိရသည်။ ဒေသအလိုက် အဓိကအမျိုးအစားလေးမျိုး ခွဲခြားနိုင်သည်။ စားခူ (သို့မဟုတ်)ငါးထီးသည် အဖြူရောင်အတုံးလိုက်ရှိပြီး ရေခူထဲတွင် အဓိကစားသုံးကြသော ရေခူဖြစ်သည်။ ခူဖန်ခွက် (သို့) စိမ်းစားခူသည် ကတော့ပုံသဏ္ဌာန်ရှိပြီး တို့စရာအဖြစ် အစိမ်းစားနိုင်သော်လည်း အဆိပ်အနည်းငယ်ရှိတတ်သည်။ ခူနီနှင့် ခူဝက်ခေါက်သည် အသုံးမဝင်သော အရောင်ရှိရေခူများဖြစ်ကြသည်။ ခူမီး(သို့)ဆံပင်ချည် သည် အမျှင်ငယ်လေးများပါပြီး မီးကဲ့သို့ ပူလောင်စေသော အဆိပ်အပြင်းဆုံး အမျိုးအစားဖြစ်သည်။
ရေခူဦးခေါင်းပိုင်းကို ဘနူ ဟုခေါ်ပြီး လှုပ်ရှားရန်အသုံးပြုသော လက်တံများရှိသည်။ အောက်ဘက်တွင် ရှည်လျားသော လက်တံများရှိပြီး အစာစားရန်နှင့်ကာကွယ်ရန် အသုံးပြုကြသည်။ လက်တံများတွင် အဆိပ်ပါသော ဆဲလ်များရှိပြီး သားကောင်ကို မူးဝေစေသည်။ ရေခူမျိုးစိတ်များမှာ ကမ္ဘာပေါ်တွင် ထောင်ပေါင်း များစွာရှိပြီး ရေခူအရွယ်အစားမှာ ဗြက် ၄ မီလီမီတာခွဲခန့်သာရှိပြီး အလွန်သေးငယ်လှသော်လည်း ၎င်းတို့၏ဘဝ၌ သေဆုံးတော့ မည့်အချိန်တွင် အရွယ်မရောက်သေးသော ဘဝသို့ပြန်ပြောင်းပြီး ထပ်မံကြီးထွားလာကြသည်။ သိပ္ပံပညာရှင်များသည် အဆိုပါဖြစ်စဉ်ကို အဆိုပါရေခူမှ အကြိမ်ကြိမ် အထပ်ထပ်ပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လုံးဝမသေဘဲ ထာဝရအသက်ရှင်နိုင်သည်ဟု ယူဆခဲ့ကြသည်။ ထူးခြားချက်မှာ ဦးနှောက်မရှိသော်လည်း အာရုံခံ(နြမလန နြအ)ဖြင့်လှုပ်ရှားနိုင်ပြီး ညအချိန်  အချို့ရေခူများမှာ အလင်းထုတ် နိုင်ကြသည်။
ရေခူ (Jelly firsh) မှာစား၍ရသည့် ပင်လယ်စာတစ်မျိုးဖြစ်ပြီး ရေခူအချိုသုပ်၊ အစပ်သုပ် သုပ်စားကြသည်။ အများအားဖြင့် အစို  ထက် အခြောက်ကိုသုပ်စားခြင်းဖြင့်  အထူးနှစ်သက်ကြလေသည်။ ငါးဖန်ခွက်ဟု လူသိများလှသော ရေခူမျိုးမှာ အဆိပ်ရှိသော်လည်းအလွန်စားကောင်းလှပေသည်။ ရေခူအဆိပ်သည် အရေပြား ယားယံ နာကျင်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် နှလုံးရပ်စေနိုင်သည်အထိ ဖြစ်တတ်သည်။  ရေခူအဆိပ်နှင့် ထိမိလျှင် ရေချိုမလောင်းရဘဲ ပင်လယ်ရေဖြင့်ဆေးခြင်း ဠငညနါမေ နှင့်ဆေးခြင်းဖြင့် အဆိပ်များကို ဖယ်ရှားနိုင်သည်။
ရေခူကို ပင်လယ်ရေနှင့်ဆေးပြီး လူတစ်ရပ်စာရှိသောကန်ထဲ သို့ထည့်ပြီး  ကျောက်ချဉ်၊  ဆားကြမ်းတို့ဖြင့် ရောနယ်၍ သိပ်၍ တစ်ရက်တစ်ကြိမ် ရေလှဲခြင်း၊ ကျောက်ချဉ်၊ ဆားကြမ်းတို့သိပ်၍ ကန်ထဲပြန်ထားလိုက်နှင့် တစ်ပတ်ခန့်ကြာသောအခါ ကန်ထဲမှ ဆယ်ယူ၍ ဆားကြမ်းလက်တစ်ဆုပ်ထည့်၍ ပုံးထဲထည့်သိပ်ကြသည်။ ထို့နောက် အရည်ခန်း၍ ခြောက်လာသော ရေခူခြောက်ကို ရရှိမည်ဖြစ်သည်။ ဒိုင်များမှ ပုံးပြတ်ဝယ်ယူကြပြီး တစ်ပုံးမှာ ဈေးကောင်းလျှင် ကျပ် ၂၀ဝ၀ဝ၀ အထိရပြီး ဈေးကျလျှင် ကျပ် ၁၆၀ဝ၀ဝ အထိ ရကြသည်။ မြိတ်မြို့ရှိ ဆိပ်ငယ်ဈေးကြီးအတွင်း ရောင်းချနေသော ရေခူ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ အထိဈေးပေးရသည်။ ခူခေါင်းထက် ခူခြေက ပို၍စားကောင်းသောကြောင့် ဝယ်လိုအားပိုမြင့်ကြောင်း သိရှိရ သည်။                                                                            

 ညို (မြိတ်)