Main menu

Background

ကမ္ဘာ့နိုင်ငံများတွင် ဆောင်ရွက်နေသည့်MSME လုပ်ငန်းများ

Mon, 06/08/2026 - 15:39 -- journal_editor

ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းကို မြှင့်တင်ဆောင်ရွက်နေသည်။ MSME  လုပ်ငန်းများသည်  ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားများအဖြစ် တည်ရှိနေပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ကိုလည်း အကူအညီပေးနေကြောင်း တွေ့ရသည်။ MSME လုပ်ငန်း များသည်  ကမ္ဘာပေါ်ရှိ  လုပ်ငန်းများ၏  ၉၀  ရာခိုင်နှုန်းကို လည်း ကောင်း၊ ကမ္ဘာပေါ်ရှိ အလုပ်အကိုင်နေရာ  ၅၀  ရာခိုင်နှုန်းကို လည်း ကောင်း ကိုယ်စားပြုနေကြောင်း တွေ့ရှိရသည်။ 
လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌MSME  လုပ်ငန်းများအောင်မြင်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက်  တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် ပေးဆောင်ရမည့်  အခွန်ငွေများ လျှော့ချ ပေးခြင်းအပြင်  အခြားသော အကူအညီများကိုလည်း  ပံ့ပိုးပေးလျက်ရှိ သည်။ ကမ္ဘာ့နိုင်ငံများရှိ  အစိုးရများအနေဖြင့်MSME လုပ်ငန်းများ ကို အားပေးသည့်အနေဖြင့်  လုပ်ငန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ် ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံရှိMSME  လုပ်ငန်းများသည်    နိုင်ငံ့စီးပွားရေး၏   ကျောရိုးများအဖြစ်တည်ရှိနေပြီး   နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏  ၉၉ ဒသမ ၈ ရာခိုင် နှုန်းကိုMSME လုပ်ငန်းများက  ကိုယ်စားပြုကာ  လုပ်သားအင်အား၏ ၇၀ ရာခိုင်နှုန်းသည်လည်းMSMEလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်။   ၂၀၂၂   ခုနှစ်တွင်   ထုတ်ပြန်သည့် အချက်အလက်များအရMSME လုပ်ငန်းများမှ ဝင်ငွေသည်ပြည် တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏  ၆၃  ရာခိုင်နှုန်းကို  ကိုယ်စားပြုသည်။ 
ကမ္ဘောဒီးယားအစိုးရသည်  နိုင်ငံပိုင်MSMEဘဏ်ကိုတည် ထောင်ထားပြီးMSME လုပ်ငန်းများ  ချဲ့ထွင်နိုင်ရန်အတွက် တစ်နှစ် လျှင်  ခုနစ်ရာခိုင်နှုန်းအတိုးနှုန်းဖြင့်  ချေးငွေများ ထုတ်ချေးလျက်ရှိ သည်။ နိုင်ငံအတွင်းရှိMSMEလုပ်ငန်းများအား ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ငန်းဆောင်ရွက်ရေးအတွက် SeT4SME ကဲ့သို့သော နယ်စပ်ဖြတ်ကျော်  အီလက်ထရွန်နစ်ကုန်သွယ်ရေးစနစ် ကိုမြှင့်တင်ဆောင်ရွက်နေပြီး လုပ်ငန်းဆိုင်ရာ အခွန်ကင်းလွတ်     ခွင့်များကိုလည်း  ခွင့်ပြုပေးနေကြောင်း သိရသည်။ 
ဗီယက်နမ်နိုင်ငံသည်MSME လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေပြီး ၎င်းအစီအစဉ်အရ ကျေးလက်ဒေသရှိ  လုပ်ငန်းများကို  နည်းပညာစင်္ကြံများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ရောက်ရှိ ရေးဆောင်ရွက်နေသည်။ စည်းမျဉ်းပိုင်းဆိုင်ရာ ပံ့ပိုးခြင်းအဖြစ် ၂၀၁၈ ခုနှစ်တွင်MSME ထောက်ပံ့ရေးဥပဒေအရ  တရားဝင်ကဏ္ဍရှိလုပ်ငန်း စတင်‌ဆောင်ရွက်သည့်MSME လုပ်ငန်းများအား စတင်တည်ထောင်သည့် ပထမသုံးနှစ်အတွင်း  ကော်ပိုရိတ်ဝင်ငွေခွန် ၁၀ဝ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ပြုသည်။ နိုင်ငံအတွင်း ၂၀၃၀ ပြည့်နှစ် အရောက်တွင် နည်းပညာစင်္ကြံအသုံးပြုသည့် ြှနြလုပ်ငန်းအရေ  အတွက် ၃၀ဝ၀ဝ၀ အထိ ရှိလာရန်  ရည်မှန်းချက်ထားရှိ ဆောင်ရွက် နေသည်။ ြှနြ  လုပ်ငန်းများ အောင်မြင်ရေးအတွက်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို  အကူအညီပေးသည့်MSME လုပ်ငန်း များအား အခွန်ငွေ နှစ်ရာခိုင်နှုန်းလျှော့ပေးသည့် အစီအစဉ်ကို ဆောင်ရွက်နေသည်။   အခွန်ငွေလျှော့ပေးသည့်  လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သယ်ယူပိူ့ဆောင်ရေး၊  နည်းပညာမြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့်  ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်သည်။ ြှနြလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အတွက် နည်းပညာမြင့် သုတေ သနနှင့်  ဖွံ့ဖြိုးရေးလုပ်ငန်းများဆိုင်ရာ  စီမံကိန်းများနှင့်  ကုန်ပစ္စည်း ထုတ်လုပ်ရေးထုပ်ငန်းများအား တိုက်ရိုက်ချေးငွေပေးအပ်ပြီး သုတေ သနစင်တာများတည်ထောင်ခြင်းအတွက်  ကနဦး ရင်းနှီးမြှပ်နှံမှုဆိုင် ရာကုန်ကျစရိတ်၏ ငါးဆယ်ရာခိုင်နှုန်းကို ပံ့ပိုးပေးနေသည်။ 
မလေးရှားနိုင်ငံသည် နိုင်ငံအတွင်းရှိ  အမျိုးသမီးများဦးဆောင်သည့်MSME  လုပ်ငန်း၊  လူငယ်များဦးဆောင်သည့်MSME လုပ်ငန်း နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆောင်ရွက်နေသည့်MSME  လုပ်ငန်းများအတွက် အစိုးရကချေးငွေရင်းဂစ် ၄၀ ဘီလီယံကို  သတ်မှတ်ပေးခဲ့သည်။MSME လုပ်ငန်းများ စီမံခန့်ခွဲရေးအတွက် MSME ကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းထားပြီး  ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်စေခြင်း ဖြင့် လုပ်ငန်းများနှောင့်နှေးမှုကို  မဖြစ်စေဘဲ  လုပ်ငန်းများ အောင် မြင်နေကြောင်း  တွေ့ရှိရသည်။  အမျိုးသမီးများ  ဦးဆောင်နေသည့်Central Coordinating Agency  လုပ်ငန်းများအား   ပံ့ပိုးရန်အတွက် ချေးငွေပမာဏ ရင်းဂစ် သန်း ၄၇၀ အထိသတ်မှတ်ထားပြီး ၎င်းချေးငွေကို  လုပ်ငန်းဆောင်ရွက်မည့်  ကိရိယာများဝယ်ယူခြင်းနှင့်   လုပ်ငန်းချဲ့ထွင်ခြင်းတို့အတွက် ချေးငွေပေးမည်ဖြစ်သည်။  ၎င်းအပြင်  တီထွင်ဆန်းသစ်သည့် စိတ် ကူးများရှိသော်လည်း  အရင်းအနှီးမရှိသည့် လူငယ်များ  စီးပွားရေး လုပ်ငန်းရှင်များအား ချေးငွေများပေးအပ်မည့် အစီအစဉ်အရSME ဘဏ်များက  အသက်(၁၈)နှစ်မှ (၃၀) အတွင်းရှိ လူငယ်စီးပွားရေး လုပ်ငန်းရှင်များအား  ချေးငွေရင်း ဂစ် ၁၀ဝ၀ဝ၀ ကို အတိုးနှုန်း လျော့နည်းစွာဖြင့် ထုတ်ချေးလျက်ရှိကြောင်း တွေ့ရှိရသည်။ ထို့ပြင် နိုင်ငံ အတွင်းရှိMSME လုပ်ငန်းများတွင် သာမန်လုပ်ငန်းမှ ဒစ်ဂျစ်တယ် စနစ်သုံးMSME လုပ်ငန်းအဖြစ်  မြှင့်တင်ရေးအတွက် ချေးငွေ ၃ ဒသမ ၈ ဘီလီယံကို Bank Negara Malaysia(BNM) က ချေးငွေ ထုတ်ချေးပေးခဲ့သည်။
MSME လုပ်ငန်းများဖွံ့ဖြိုးခြင်းဖြင့် နိုင်ငံများရှိ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ အဆင်ပြေလာသည်ကို တွေ့ရှိရသည်။  ပြည်ပမှ မှာယူရမည့်ပစ္စည်းများကို နိုင်ငံအတွင်း  ထုတ်လုပ်နိုင်ခြင်းနှင့်  နိုင်ငံ သားများအတွက် အလုပ်အကိုင်များရရှိခြင်းမှာလည်း  အားသာချက်များပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် MSME လုပ်ငန်းများမြှင့်တင်  ရေးကို  အထူးအလေးထား ဆောင်ရွက်နေရာ  နိုင်ငံအသီးသီးရှိ  စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက်  အောင်မြင်စွာ  ဆောင်ရွက်နိုင်သည် ကို  တွေ့ရှိရသည်။ သို့ဖြစ်ရာ အနာဂတ်ကာလတွင် ြှနြလုပ်ငန်း များ ချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိစေရေးအတွက်  ရေး သားတင်ပြလိုက်ပါသည်။
ကိုးကား- Myanmar Digital News Page

(ဤဆောင်းပါးတွင် အသုံးပြုထားသည့် ဓာတ်ပုံများအတွက် မူရင်း ပိုင်ရှင်များအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။)

အေးကဗျာပိုင်(ပဲခူး)