လူသားတို့ ရှင်သန်ရပ်တည်မှု အခြေခံလိုအပ်ချက် ဖြည့်ဆည်းရန်၊ သက်သောင့်သက်သာရှိရန်၊ ကိုယ်ပိုင်လက္ခဏာကိုဖော်ပြရန် နှင့် စိတ်ခံစားမှုဆန္ဒများဖြည့်ဆည်းရန် ထုတ်ကုန်များ မဖြစ်မနေလိုအပ်သည်။ လူ့ယဉ်ကျေးမှုစတင်ချိန်မှ ဘဝအရည်အသွေးတိုးတက်စေရန် ထုတ်ကုန်များဖန်တီးခဲ့ကြသည်။ ထိုမှတစ်ဖန် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၀ပြည့်လွန်နှစ် နှောင်းပိုင်းခန့်မှစတင်၍ ငွေကြေးသုံးစွဲနိုင်စွမ်း မြင့်တက်လာမှုကြောင့် လူအများအတွက် လိုအပ်သော ပစ္စည်းသာမက တကယ်မလိုအပ်သော ပစ္စည်းအား မကြာခဏ ဝယ်ယူသည့် ခေတ်သစ်စားသုံးမှုဝါဒသည် သိသိသာသာ အရှိန်အဟုန်ဖြင့် မြင့်လာခဲ့သည်။ ယင်းဝါဒသည် လူမှုစီးပွားရေးဆိုင်ရာ အယူဝါဒနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲတစ်ခုဖြစ်ပြီး အခြေခံလိုအပ်ချက်များထက်ကျော်လွန်၍ ရုပ်ဝတ္ထုပစ္စည်းများ ဝန် ဆောင်မှုများ အဆက်မပြတ် ရယူနိုင်ခြင်းကို ကိုယ်ရေးကိုယ်တာ ပျော်ရွှင်မှုအဖြစ်လည်းကောင်း လူမှုရေးအဆင့်အတန်း တစ်ခုအဖြစ် လည်းကောင်း အမှတ်အသားအဖြစ်လည်းကောင်း ခေတ်သစ် စားသုံးရေးဝါဒ Modern consumerism က သတ်မှတ်သည်။ ချက် ချင်း စိတ်ကျေနပ်မှုအပြင် ခေတ်ရေစီးကြောင်းကို ဦးစားပေးသော စားသုံးမှုပင်လျှင် အဓိကလူနေမှုပုံစံနှင့် ဘဝရည်ရွယ်ချက်တို့ဖြစ် ကြောင်း ဈေးကွက်ရှာဖွေရေးဖြင့် မောင်းနှင်သော ခေတ်သစ်စားသုံး ရေးဝါဒကဆိုသည်။
ယနေ့ ခေတ်သစ်စားသုံးမှုဝါဒသည် အလျင်အမြန်ဖြစ်ပေါ် တိုးတက်နေပြီး ပမာဏများများ သုံးစွဲမှုနှင့်ဒစ်ဂျစ်တယ်ဈေးကွက် များသို့ ပြောင်းလဲခြင်း စသည့်သွင်ပြင်စရိုက်လက္ခဏာရှိကာ ထုတ် ကုန် ဘေးကင်းရေးအတွက် သိသာထင်ရှားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။ OECD နိုင်ငံများတွင် ကလေးကစားစရာများမှ သည် အီလက်ထရွန်းနစ်ပစ္စည်းများအထိ မလုံခြုံသော ထုတ်ကုန်များ ကြောင့် နှစ်စဉ်သေဆုံးမှု ၃၀ဝ၀ဝ ခန့်နှင့် ဒဏ်ရာရရှိမှု ၅ သန်းကျော် ဖြစ်စေသော အဓိကအကြောင်းရင်းများဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များနှင့် အွန်လိုင်း ဈေးဝယ်မှုများမြင့်တက်လာခြင်းတို့ကလည်း "ဘေးကင်းရေး ကွာဟချက်"ဖန်တီးပြီး တားမြစ်ထားသော သို့မဟုတ် ပြန်လည်သိမ်းဆည်း ထားသောထုတ်ကုန်များ၏ ၈၇ ရာခိုင်နှုန်းကို အွန်လိုင်းတွင် ရောင်း ချနေဆဲဖြစ်ကြောင်း လေ့လာမှုများက ထောက်ပြကြသည်။ ကမ္ဘာ လုံးဆိုင်ရာ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး အလျင်အမြန် တိုးတက်လာမှုကြောင့် စားသုံးသူထုတ်ကုန် ဘေးကင်းလုံခြုံမှုသည် ယခင်ကထက် ပိုမိုအရေးကြီးလာကြောင်း စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကြီးကြပ်မှုကိုစိန်ခေါ်ကာ အန္တရာယ်ရှိသော ထုတ်ကုန်များကို စားသုံးသူများထံ ပိုမိုလွယ်ကူစွာရောက်ရှိနိုင်စေ၍ ဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံမှုကို သေချာစေခြင်းသည် စားသုံးသူများကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပြီး ယုံကြည်မှုကို တည်ဆောက်ပေးကာ ဥနဃီ နိုင်ငံများတွင် ပြန်လည်သိမ်းဆည်းခြင်း ထိခိုက်ဒဏ်ရာရ ခြင်းနှင့် ဆက်စပ်သော မြင့်မားသည့် ကုန်ကျစရိတ်များမှာ ခန့်မှန်း ခြေဖြင့် အမေရိကန်ဒေါ်လာ ၂၂၀ ဘီလီယံကျော်ကို နှစ်စဉ် လျှော့ချ ပေးသည်။
ပြန်လည်သိမ်းဆည်းခံရသော အဓိကထုတ်ကုန်များတွင် ကစားစရာများ၊ ဂိမ်းများ၊ ယာဉ်အမျိုးမျိုး၊ အလှအပ၊ ကိုယ်ရေး ကိုယ်တာ စောင့်ရှောက်မှုပစ္စည်း လျှပ်စစ်ပစ္စည်းများ၊ အဝတ်အစား၊ အားကစားပစ္စည်းများ၊ အိမ်သုံး၊ ရုံးသုံးပရိဘောဂများ၊ ကိုယ်ရေး ကိုယ်တာပစ္စည်းများ၊ မြက်ခင်းနှင့် ဥယျာဉ်သုံးပစ္စည်းများ၊ ရုံးသုံးစက် ပစ္စည်း၊ ပွဲအခမ်းအနားသုံးပစ္စည်းများ၊ ပိုက်လိုင်းအပူပေးစနစ်၊ လေ အေးပေးစက်၊ ဘေးကင်းလုံခြုံရေး၊ စောင့်ကြည့်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု (ပါဝါအသုံးပြု) ကိရိယာများ၊ အစားအစာ၊ အဖျော် ယမကာ၊ ဆေးရွက်ကြီး၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် စားပွဲတင် ပစ္စည်းများ၊ သန့်ရှင်းရေးသုံးပစ္စည်းများပါဝင်သည်။ ယင်းတို့ အနက် ကစားစရာများ၊ ဂိမ်းများက ပမာဏအများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ နိုင်ငံအလိုက် ပြန်လည်သိမ်းဆည်းမှုများမှာ တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ ယူနိုက်တက်ကင်းဒမ်း၊ အီတလီ၊ ဂျပန်၊ ကိုရီးယားနိုင်ငံ၊ ပိုလန်၊ အမေရိကန်ပြည်ထောင်စုတို့မှ အများဆုံးဖြစ်ကြောင်း OECD အချက်အလက်များအရ သိရှိရသည်။
(ပုံ-၁) OECD ၏ ၂၀၂၄ ခုနှစ် အချက်အလက်များ
မလုံခြုံသော ထုတ်ကုန်များသည်လူပုဂ္ဂိုလ်များအတွက် သိသာထင်ရှားသော အန္တရာယ်များဖြစ်ပေါ်စေပြီး ဒဏ်ရာများ၊ သေဆုံးမှုနှင့် သိသာထင်ရှားသော စီးပွားရေးဝန်ထုပ်ဝန်ပိုးများကို ဖြစ်ပေါ်စေသည်။ အပ်သောကာကွယ်မှုများ သေချာစေရန်၊ စီးပွားရေးလုပ်ငန်းများတွင် ယုံကြည်မှုရှိစေရန်နှင့် တရားမျှတသောယှဉ်ပြိုင်မှုကို မြှင့်တင်ရန်အတွက် ထိရောက်သော စည်းမျဉ်းစည်းကမ်းများသည် မရှိမဖြစ်လိုအပ်သည်။
အစိုးရပိုင်းမှ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်သလို ပုဂ္ဂလိကပိုင်းမှလည်း ကိုယ်ပိုင်ရေးဆွဲလိုက်နာသည့်စည်းမျဉ်းများ၊ လမ်းညွှန်ချက်များလည်း အများအပြားရှိသည်။ပုတ်သိုးပျက်စီး လွယ်သော စားသောက်ကုန်ကဏ္ဍတွင် ထုတ်ကုန်များမလုံခြုံမှုသည်လူ၊ တိရစ္ဆာန်နှင့် သဘာဝ၀န်းကျင်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပြီး စားသုံးသူများအတွက် နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသည့် ကိစ္စတစ် ရပ်ဖြစ်သည်။
လေ့လာချက်များအရ နိုင်ငံတွင်းဝင်ရောက်လာသည့် ဈေး ကွက်တွင် ရရှိနေသော အစားအစာများသည် အစိုးရအေဂျင်စီများ ၏ စစ်ဆေးမှုအသီးသီးကို ဖြတ်ကျော်လာခြင်းဖြစ်၍ယေဘူယျအား ဖြင့် ဘေးကင်းသည်ဟုယုံကြည်ကြကြောင်း သိရှိရသည်။ ဈေးကွက် မတင်မီ ဈေးကွက်စောင့်ကြည့်ရေး အစီအစဉ်များ Pre-Market Surveillance-PMS များရှိသည်မှန်သော်လည်း အစားအစာ ကွင်း ဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်သူများအားလုံးက မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများကို ဆောင်ရွက် ခြင်းပြုမပြုဆိုသည်မှာ တထစ်ချ ပြောနိုင်ရန်ခက်ခဲသည်။ အထူးသဖြင့် နည်းပညာနှင် အသိပညာ အားနည်းခြင်း၊ အအေးခံခြင်း ကွင်းဆက်(FDA) နှင့် လျှပ်စစ်မီး အလုံအလောက် ရရှိရန်ခက်ခဲ သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဖြစ်သည်။
မကြာသေးမီကာလက မြန်မာနိုင်ငံအစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဌာန (FDA) သည် အစားအသောက်ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ တိုက်ရိုက်ပုံနှိပ်ထားသော အချက်အလက်၊ ခြေရာခံနိုင်မှုနှင့် ဘာသာစကားလိုအပ်ချက်များအပေါ် စည်းမျဉ်းများ သိသိသာသာတင်းကျပ်ခဲ့သည်။ ၅-၁-၂၀၂၆ ရက်နေ့ တွင် အမိန့်အမှတ်၁/၂၀၂၆ ဖြင့် ကြိုတင်ထုပ်ပိုးထားသော အစားအသောက်များအတွက်မိုက်ခရိုဘိုင်အိုလောဂျီ (Microbiological စံနှုန်းအသစ်များကို လည်းကောင်း၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်များတွင်ပါဝင်သော ကပ်ပါးပိုးမွှားများ (Parasites in Food) ဆိုင်ရာ စံနှုန်းများကိုအမိန့်အမှတ်၂/ ၂၀၂၆ ဖြင့်လည်းကောင်း၊ ကြေညာချက်အမှတ် ၄/၂၀၂၆အရ ကျန်းမာရေးဖြည့်စွက်စာ (Health Supplements) ထုတ်လုပ်သည့်/ ပြန်လည်ထုပ်ပိုးသည့် လုပ်ငန်းများအတွက် HACCP Plans တင်ပြရန် ညွှန်ကြားချက်ကိုလည်းကောင်း၊ ညွှန်ကြားချက်အမှတ်၅/ ၂၀၂၆ ဖြင့် တင်သွင်းအစားအသောက် အမှတ်တံဆိပ်များတွင် စတစ်ကာ (Sticker) ထပ်ဆင့်ကပ်နှိပ်ခြင်းကို တားမြစ်သည့်ညွှန်ကြားချက်ကို လည်းကောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အစားအသောက်ကဏ္ဍတွင် ငွေကြေးဆုံးရှုံးရခြင်း၏ အချက်တစ်ချက်မှာ ကုန်အညွှန်းကပ်ခြင်း labelling ဆိုင်ရာပြဿနာများ ကြောင့်ဖြစ်ပြီး labellingဆောင်ရွက်ရန် သင့်လျော်သော ပစ္စည်းများ မရနိုင်သည့်အခါ သို့မဟုတ် စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အခါ ဖြစ်ပေါ်လေ့ရှိသော အမှားများကြောင့် ဖြစ်လေ့ရှိသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စားသောက်ကုန်အမှတ်တံဆိပ် အမှားကြောင့် ပြန်လည်သိမ်းဆည်းမှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံခန့် ကုန်ကျခဲ့ပြီး အစားအစာ ပြန်လည်သိမ်းဆည်းမှု အားလုံး၏ ထက်ဝက်နီးပါးခန့်ရှိခဲ့သည်။ အစားအသောက် ကုမ္ပဏီတစ်ခု၏ ပြန်လည်သိမ်းဆည်းမှု recall တစ်ခု၏ ပျမ်းမျှကုန်ကျစရိတ်မှာ (ရေရှည်ဂုဏ်သတင်း ပျက်စီးမှုမပါသေးဘဲ) အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရှိသည်။ ထို့အပြင် ပလတ်စတစ်၊ စက္ကူနှင့် သတ္တုစသည့် ထုပ်ပိုးပစ္စည်းများ ပြတ်လပ်မှုများကြောင့် မကြာမီနှစ်များအတွင်း ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ စည်းမျဉ်းပြောင်းလဲမှုများနှင့် ရောင်းလိုအား အပြောင်းအလဲများကြောင့် ဈေးကွက်တွင် အသုံးမပြု နိုင်တော့၍ အကြမ်းဖျဉ်းအားဖြင့်ဒေါ်လာ ၄၂၁ သန်းအထိ ဆုံးရှုံးခဲ့ သည်။
ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲရာတွင် ကုန်အညွှန်းကပ်ခြင်းဆိုင်ရာ လိုအပ်ချက်နှင့် သိုလှောင်မှု သက်တမ်းအကြား အပြန်အလှန် ဆက်စပ်မှုသည် အစားအစာထောက်ပံ့ရေး ကွင်းဆက်တွင် အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။ အစားအစာကွင်းဆက် အစိတ်အပိုင်းတစ်ခု ပျက်ကွက်သောအခါ ကွင်းဆက်တစ်လျှောက် ပျက်စီး ဆုံးရှုံးသည့် ဒိုမီနိုအာနိသင်မကြာခဏ ဖြစ်ပေါ်စေရာ အစားအစာထုတ်ကုန်များကို စားသုံးသူများမရရှိနိုင်စေဘဲ သို့မဟုတ် ၎င်းတို့ကို အချိန်မတန်မီ စွန့်ပစ်ရန်တွန်းအားပေးသည့် အခြေအနေ ဖြစ်ပေါ် သည်။
နိုင်ငံအသီးသီး၏ စားသောက်ကုန်များ ကုန်အညွှန်းတွင် ဖော် ပြသည့် သိုလှောင်မှုသက်တမ်းshelf-life အမျိုးမျိုးရှိပြီး ဂျပန်နိုင်ငံ၏ shelf-lifeဆိုင်ရာ ၁/၃ စည်းမျဉ်း (One-Third Rule) သည် တင်းကျပ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ယင်းသည် အစားအစာရောင်းချရန်အတွက် ထုတ်လုပ်ရက်မှ သက်တမ်းကုန်ဆုံးရက်အထိ ထုတ်လုပ်သူ၊ ကုန်သည်နှင့် စားသုံးသူတို့အကြား ကာလသုံးကာလတွင် shelf life ကို သုံး ၁/၃ ခွဲဝေသုံးသည့် အစား အသောက်လုပ်ငန်း၏ စည်းမျဉ်းဖြစ်သည်။ ဤစည်းမျဉ်းသည် အစား အစာလတ်ဆတ်မှု အာမခံရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဥပမာ- ကိုးလ သက်တမ်းရှိ ပစ္စည်းဖြစ်ပါက သုံးလအတွင်း ကုန်သည်ထံ အရောက် ပို့ခြင်း၊ ခြောက်လအတွင်း ဆိုင်တွင်ရောင်းချခြင်းနှင့် ကျန်သုံးလ အတွင်း စားသုံးခြင်း ပြုလုပ်ကြခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် င်္သသိ ှညေငအအေငသည ဗခအ နှင့် င်္သသိ ူဘေနူငညါ ဗခအ အောက် ပြဋ္ဌာန်း ချက်ဖြစ်သော လတ်ဆတ်မှုအာမခံချက်ကို သေချာစေသည်။ ၁၉၉၀ ပြည့်နှစ်များမှစတင်၍ ပုဂ္ဂလိကပိုင်းမှ ရေးဆွဲလိုက်နာ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ သို့သော် စွန့်ပစ်မှု ၂၀ ရာခိုင်နှုန်းအထိဖြစ်စေ၍ ၁/၃ စည်းမျဉ်းအစား ၁/၂ စည်းမျဉ်းအဖြစ် အစားအစာ အမျိုးအစား အလိုက် ခွဲခြားလျှော့ပေါ့စဉ်းစားရန် အစိုးရ၏ အစားအစာအာဏာ ပိုင် ဝန်ကြီးဌာနဖြစ်သော Food Sanitation Act Esifh Food Labelling Act ) က ထောက်ခံအကြံပြုထားပါသည်။
(ပုံ-၂)ဂျပန်နိုင်ငံ၏ Shelf-life ၁/ ၃စည်းမျဉ်းနှင့် ၁/ ၂ စည်းမျဉ်း
အမေရိကန်နိုင်ငံတွင်Shelf life ကာလကို အပိုင်း ၂ ပိုင်းသာ ခွဲခြားသည့် ၁/၂ စည်းမျဉ်းဖြစ်၍ ပိုမိုလိုက်လျောညီထွေဖြစ်ကြောင်း ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတွင် ထုတ်ကုန်အမျိုးအစားလိုက်၍ အစားအစာတင်သွင်းချိန်တွင် အနိမ့်ဆုံးရှိရမည့် သက်တမ်းပမာဏ မှာminimum remaining shelf life ၃၀ မှ ၆၀ ရာခိုင်နှုန်းရှိရန် လိုအပ် ကြောင်း ဥရောပနိုင်ငံများတွင် Best before date အပေါ်အခြေခံကြပြီး အခြားနိုင်ငံများဖြစ်သော သြစတြေးလျနိုင်ငံ၊ ကနေဒါနိုင်ငံတို့တွင်အချိန်ကန့်သတ်ရှိသော်လည်း ၁/၃ မဟုတ်ဘဲ လတ်ဆတ်မှုနှင့် စမ်းသပ်ရန် အလေးပေးသော စနစ်များဖြစ်သည်။
ထုတ်ကုန်လုံခြုံစိတ်ချရေးနှင့် ကုန်အညွှန်းအမှတ်အသား အပါအဝင် စားသုံးသူကာကွယ်ရေး ညွှန်ကြားချက်များက ဘက်မလိုက်သော ဈေးကွက်ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ဆန်းသစ်တီထွင်မှု၊ ထုတ်လုပ်မှုတိုးမြှင်မှုနှင့် စီးပွားရေးတိုးတက်မှုကိုဖြစ်ပေါ် စေသည့် အပြင် လုပ်ငန်းများကို ပိုမိုကောင်းမွန်သော ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုပေးရန် တွန်းအားပေးသည်။ လိုက်နာခြင်းအားဖြင့် စားသုံးသူများ၏ ယုံကြည်မှုနှင့် ရေရှည်ခံသော ဖွံ့ဖြိုးတိုးတက်မှု ရရှိ စေမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်လည်း ထုတ်ကုန် လုံခြုံမှုမှတစ်ဆင့် ကုန်သွယ်မှုအောင်မြင်စေရေး အရည်အသွေးဆိုင်ရာ လက်တွေ့ကျသော စည်းမျဉ်းများဖြင့် ဆက်လက်ကျင့်သုံး ဆောင် ရွက်သွားနိုင်ပါရန် နှိုးဆော်အပ်ပါသည်။
အဓိကကျမ်းကိုးများ-
(1) (OECD, 2024) Product Safety facts and figure
(၂) Dr.Nakamura ၏ ဂျပန်နိုင်ငံ၏ Shelf-life စည်းမျဉ်း။
(၃) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ၂၀၂၆ ခုနှစ် ညွှန်ကြားချက်များ။
