Main menu

Background

ဧရာဝတီတိုင်းဒေသကြီးမှ ငါးတန်ကုန်ချော ပြည်ပဈေးကွက်တင်ပို့

Fri, 06/12/2026 - 10:20 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပဲမျိုးစုံ၊ အစေ့ထုတ် ပြောင်းနှင့် အခြားအမယ်များ၊ လက်မှုလုပ်ငန်းများဖြစ်သော ပုသိမ်ထီး၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ ရေထွက်ကုန်များတွင် သဘာဝ အလျောက် ပင်လယ်၊ မြစ်၊ ချောင်း၊ အင်းအိုင်များမှ ဖမ်းဆီးရမိသော ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်များနှင့် မွေးမြူရေးလုပ်ငန်းမှ ငါး၊ ပုစွန်၊ ကဏန်းများကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီငါးတန် မွေးမြူရေးလုပ်ငန်းမှ ငါးအစာတောင့်စက်ရုံ၊ ငါး သိုလှောင်မည့် အအေးခန်းစက်ရုံတွင်၊ ငါးအသားလွှာများ ထည့်သွင်းသိုလှောင်မည့် ငါးတင်စင်များတည်ဆောက်ထားပြီး ငါးသားပေါက် စတင်မွေးမြူချိန်မှ ကုန်ချောထုတ်လုပ်၍ ပြည်ပဈေးကွက်တင်ပို့နိုင်သည်အထိ သိပ္ပံနည်းကျမွေးမြူလျက်ရှိကြောင်း သိရသည်၊
ပြည်ပဈေးကွက် ကြိုက်နှစ်သက်မှုရှိသော အရည်အသွေးကောင်းမွန်သည့် ငါးတန်များကို ငါးအသားလွှာ ပြုလုပ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တန်ချိန် ၅၀ဝ၀ဝ နှင့် အခြားနိုင်ငံများသို့ တန်ချိန် ၂၅၀ဝ၀ စုစုပေါင်း တန်ချိန် ၇၅၀ဝ၀ ကို ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်၊                                                      

 မင်းမင်းဦး (ပသ)