Main menu

Background

ကရင်ပြည်နယ် ရော်ဘာ ဒေသပေါက်ဈေး

Fri, 06/12/2026 - 10:24 -- journal_editor

ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများ အရ ၂၀၂၆ ခုနှစ်  စိုက်ပျိုးရာသီအတွက် ရော်ဘာစိုက်ဧကမှာ ၂၇၁၃၀၆ ဧကဖြစ်ပြီး ‌ရော်ဘာရိတ်သိမ်းဧကမှာ ၂၆၁၁၅၉ ဧကဖြစ် ကာ ‌စုစုပေါင်းရော်ဘာအထွက် ၅၇၅ ဒသမ ၄၇ ပေါင် တို့ဖြစ်ကြောင်း သိရသည်။
ရော်ဘာစိုက်ပျိုးတောင်သူများအနေဖြင့် ရော်ဘာစေးများကို အောက်တိုဘာလမှစတင်၍ မိုးမကျမီ မေလဆန်းအထိ အစေးခြစ်ယူကြကြောင်း၊ ရော်ဘာအစေးများကို ည ၁၁ နာရီမှ နံနက် ၅ နာရီ အထိ အစေးခြစ်ယူပြီး ရရှိလာသော ရော်ဘာစေးများကို အက်စစ်နှင့် အအေးခံကာခွက်နှင့် ပုံသွင်း၍ စက်ဖြင့်ကြိတ်ကြောင်း ၃ ပေါင်ခွဲ ၄ ပေါင်ခန့်ရှိသော ရော်ဘာပြားများကို ၄/၅ ရက်ခန့် နေလှန်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ 
ဈေးကွက်တွင်  ရော်ဘာကိုGrade 1,2,3 ခွဲကာ ရောင်းချ ကြောင်းနှင့် ကရင်ပြည်နယ်အတွင်းတွင်RSS-1,  RSS- 2  အမျိုး အစားများကို  အဆင့်မြှင့်ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ RSS-3 ရော်ဘာအမျိုးအစားသာ ထုတ်လုပ်ကြောင်းသိရသည်။ ဒေသပေါက်ဈေးအနေဖြင့် တစ်ပေါင်ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်တွင်RSS-3 တစ် ပေါင် ကျပ် ၁၆၈၀၊ ၂၀၂၄ ခုနှစ်တွင် ကျပ် ၁၈၀ဝ နှင့် ၂၀၂၅ ခုနှစ် တွင် ကျပ် ၂၈၀ဝ နှုန်းဖြင့် တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းပိုမိုရရှိခဲ့ပြီး ယခုနှစ် ၂၀၂၆ ခုနှစ် မေလစတုတ္ထပတ်တွင် တစ်ပေါင်လျှင် ကျပ် ၃၂၀ဝ အထိ ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ 
ကရင်ပြည်နယ်ဒေသအသီးသီးမှ ထွက်ရှိသော ရော်ဘာကုန်ကြမ်းများကို ဘားအံမြို့ပေါ်ရှိ အဝယ်ဒိုင်များသို့ ရောင်းချလျက်ရှိပြီး ဘားအံမြို့ရှိ အဝယ်ဒိုင်များမှ ရန်ကုန်ရှိ ကုမ္ပဏီများသို့ တင်ပို့ရောင်း ချလျက်ရှိကာ ရော်ဘာစိုက်တောင်သူများအတွက် အကျိုးအမြတ် ပိုရရှိကြောင်း တောင်သူများထံမှ သိရသည်။    

ကရင်(သု/နည်း)