စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောထုတ်ပြန်ချက်များအရ ဈေးနှုန်းပိုမိုမြင့်မားသော ဒူးရင်းသီးအေးခဲအနှစ်တင်ပို့မှုလျင်မြန်စွာတိုးတက်လာခြင်းသည် ဗီယက်နမ်ဒူးရင်းသီးပို့ကုန်ကဏ္ဍအား ကောင်းစွာ ပြန်လည်ဦးမော့လာစေသည့် အဓိကတွန်းအား ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးပို့ကုန် စုစုပေါင်းပမာဏမှာ တန်ချိန် ၈၀ဝ၀ဝ ကျော်ရှိပြီး ၎င်းအနက် လတ်ဆတ်ဒူးရင်းသီး တန်ချိန် ၆၈၅၀ဝ ခန့်နှင့် ဒူးရင်းသီးအေးခဲအနှစ် တန်ချိန် ၁၁၆၀ဝ နီးပါး ပါဝင်နေကြောင်း သိရသည်။ ဒူးရင်းသီးအေးခဲအနှစ်သည် ပို့ကုန်တန်ဖိုး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့သည်။ ယခုနှစ် အလားတူကာလအတွင်း ဒူးရင်းသီးအေးခဲအနှစ်၏ ပျမ်းမျှပို့ကုန် ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၀၂ ခန့်ရှိခဲ့ရာ ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး လတ်ဆတ်ဒူးရင်းသီးထက် ၁၈ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားခဲ့ကြောင်းသိရသည်။
ဈေးကွက်သစ်များသို့ တင်ပို့မှုမှာလည်း သိသိသာသာ ကျယ်ပြန့်လာခဲ့ပြီး ၂၀၂၅ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်သို့ တင်ပို့မှု ၁၀၇ ရာခိုင်နှုန်းကျော်၊ တောင်ကိုရီးယားသို့ ၂၆၂ ရာခိုင် နှုန်းနီးပါး၊ သြစတြေးလျသို့ ၄၀ ရာခိုင်နှုန်းကျော်နှင့် ဂျပန်သို့ ၁၂ ရာခိုင်နှုန်းနီးပါး အသီး သီး မြင့်တက်လာခဲ့ကြောင်း သိရသည်။
ပို့ကုန်လုပ်ငန်းတွင် အားကောင်းသော စွမ်းဆောင်ရည်ရှိသော်လည်း ပြည်တွင်းရှိ ဒူးရင်းသီးဈေးနှုန်းများမှာ ဆက်လက်မတည်ငြိမ်ဘဲရှိနေကာ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည်လည်း ဝယ်ယူမှုမူဝါဒများမရေ ရာမှုကြောင့် စွန့်စားရနိုင်ခြေရှိသော ဈေးကွက်အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ယခုကဲ့သို့ ဈေးနှုန်းပြန်လည်တက်လာရခြင်းမှာ တရုတ်နိုင်ငံမှဝယ်လိုအား ပိုမိုတည်ငြိမ်လာခြင်းနှင့် မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသတွင် ဒူးရင်းသီးထွက်ရှိမှု အနည်းငယ် လျော့နည်းသွား ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကက်ဒမီယမ် (ဃောိငကာ) ဓာတြွ်ကင်းများ ပါဝင်နေမှုနှင့် ဗကမောငညန- ဥ ဆိုးဆေးအလွန်အကျွံ သုံးစွဲမှု စသည့် ပြဿနာများသည် တရုတ်နိုင်ငံသို့ တင်ပို့မှုအပေါ် ဆက်လက်သက်ရောက်မှုရှိနေပြီးဈေးနှုန်းမတည်ငြိမ်မှုကိုဖြစ်စေကြောင်း ၎င်းကသတိပေးခဲ့သည်။ ထောက်ပံ့မှုပမာဏ တိုးလာခြင်းနှင့် ထိုင်းနိုင်ငံ၏ ရိတ်သိမ်းရာသီနှင့် တိုက်ဆိုင်နေခြင်းတို့ကလည်း ဈေးနှုန်းအပေါ် ဖိအားဖြစ်စေခဲ့ကြောင်း သိရသည်။
စက်မှုလုပ်ငန်းတွင်း သတင်းရင်းမြစ်များအရ ဗီယက်နမ် ၏ လတ်ဆတ်ဒူးရင်းသီး တင်ပို့မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ခန့်ကို တရုတ်နိုင်ငံက ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း သိရသည်။ သို့သော်လည်း သွင်းကုန်မူဝါဒများ မကြာခဏပြောင်းလဲခြင်းကြောင့် ဈေးနှုန်းနှင့် ဝယ်လိုအား တို့တွင် မရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေစေကြောင်း သိရသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ရိတ်သိမ်းမှုအပြီးတွင် အရှေ့တောင်ပိုင်းဒေသနှင့် ဗဟိုကုန်းမြင့်ဒေသတို့၌ မေလမှ ဇူလိုင်လနှင့် သြဂုတ်လမှ နိုဝင်ဘာလများတွင် ဒူးရင်းသီးများ အသီးသီးလှိုင်လှိုင်ထွက်ရှိမည်ဖြစ်ပြီး အဓိကအားဖြင့် ထိုင်း ဒူးရင်းသီးမျိုးစိတ်များ အမြောက်အမြား ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ယင်းအခြေအနေကြောင့် ဈေးနှုန်းထိုးကျ မည်ကို ဆက်လက်စိုးရိမ်မှုများ မြင့်တက်လျက်ရှိပြီး စိုက်ပျိုး ရေးစံနှုန်းများကို တင်းကျပ်ရန်၊ စိုက်ပျိုးဧရိယာများကို စနစ်တကျ စီမံရန်နှင့် စစ်ဆေးမှုနှင့် လိုက်နာဆောင်ရွက်မှု စွမ်းရည်များကို မြှင့်တင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
Source: Tuoitre
DOCA (ရန်ကုန်) ညီမင်းထက်
Background
