ကြွေးမြီတာဝန်ခံမှုနှင့် ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ (Credit Guarantee and Investment Facility, “CGIF”) ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး အာဆီယံ + ၃ နိုင်ငံများ၏ ငွေကြေးစနစ် တည်ငြိမ်ရေးနှင့် ကာလရှည် ရင်း နှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ CGIF ကို အာဆီယံ ၁၀ နိုင်ငံ အပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့်အတူ အာရှဖွံ့ဖြိုး ဘဏ်(ADB) က အဖွဲ့ဝင်များအဖြစ် ပါဝင်ဖွဲ့စည်းထားသည်။ ရုံးချုပ်ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အာရှဖွံ့ဖြိုးရေးဘဏ်တွင် ဖွင့်လှစ်ထားရှိသည်။
CGIF အစီအစဉ်အရ အောက်ဖော်ပြပါလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးသည်။
( က ) ငွေချေးစာချုပ်အာမခံချက်များ- CGIF သည် ရင်းနှီး မြှုပ်နှံမှုအဆင့်ရှိသည့် ကုမ္ပဏီများမှ ထုတ်ဝေသည့် ပြည်တွင်း ငွေကြေးဖြင့် တန်ဖိုးသတ်မှတ်ထားသော ငွေချေးစာချုပ်များ အပေါ် အာမခံချက်များပေးခြင်း၊
( ခ ) ခရက်ဒစ် အဆင့် မြှင့်တင်ခြင်း- နိုင်ငံတကာ ခရက်ဒစ် အဆင့်သတ်မှတ်ချက် မြင့်မားစွာရရှိထားသည့် "ဥပမာ- AA" အဖွဲ့တစ်ခုခုက ယုံကြည်စိတ်ချရသော အာမခံသူအဖြစ် ဝင် ရောက်ပေးခြင်းဖြင့် CGIF သည် ကုမ္ပဏီတစ်ခု၏ ချေးငွေ ယုံကြည်စိတ်ချရမှုအဆင့်ကို မြှင့်တင်ပေးပြီး ပိုမိုကောင်းမွန်သော စည်းကမ်းချက်များဖြင့် ရေရှည်ငွေကြေးထောက်ပံ့မှုကို ရရှိစေခြင်းနှင့်
( ဂ ) အန္တရာယ်လျှော့ချခြင်း - ၎င်းသည် ကုမ္ပဏီများအား ၁၉၉၇-၁၉၉၈ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်းဖြစ်စဉ်၏ အဓိက အကြောင်းရင်းဖြစ်သည့် ငွေကြေးနှင့် သက်တမ်းမကိုက်ညီမှုမှတစ်ဆင့်ဖြစ်ပေါ်လာသည့် အန္တရာယ်များကို ရှောင်ရှားရန် အကူအညီပေးပြီး ရေတိုနိုင်ငံခြားကြွေးမြီးရယူခြင်းထက် ပြည်တွင်းရင်းနှီးငွေကို မှီခိုအားထားနိုင်စေသည်။
င်္ဃွှု သည် ဒေသတွင်းရှိ အဓိက စိမ်းလန်းသော အခြေခံ အဆောက်အအုံ (ါမနနည ငည်မျေအမကခအကမန) နှင့် ဆောက်လုပ်ရေး စီမံကိန်းများကို ရန်ပုံငွေထောက်ပံ့ရန်အတွက် စီမံကိန်းငွေချေး စာချုပ် စမသနြခအ ဘသညိ များ ထုတ်ဝေရာတွင် မကြာခဏ အာမခံပေး လေ့ရှိသည်။ ဒေသတွင်း ငွေချေးစာချုပ်ဈေးကွက်များ ကြီးထွား လာစေရန် ကူညီပေးခြင်းဖြင့် င်္ဃွှု သည် ဒေသတွင်းဘဏ္ဍာရေး စနစ်များကို ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မတည်ငြိမ်မှုနှင့် ပြင်ပစီးပွားရေး ရိုက်ခတ်မှုများကို ပိုမိုခံနိုင်ရည်ရှိစေသည်။
CGIF ကို အဖွဲ့ဝင်နိုင်ငံများမှ ခန့်အပ်သည့်CEO တစ်ဦး အပါအဝင် ဒါရိုက်တာရှစ်ဦးဖြင့်ဖွဲ့ စည်းထားသည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ဒါရိုက်တာ နှစ်ဦးခန့်အပ်ခွင့်ရှိပြီး ကိုရီးယားနိုင်ငံနှင် အာရှဖွံ့ဖြိုးရေးဘဏ်အနေနှင့် ဒါရိုက်တာ တစ်ဦး ခန့်အပ်ခွင့် ရှိသည်။ အခြားသော အာဆီယံဒေသ နိုင်ငံများကို ကိုယ် စားပြုသည့် ဒါရိုက်တာတစ်ဦးကိုလည်း ခန့်အပ်ရမည် ဖြစ်သည်။
CGIF သည် ဒေသတွင်းနိုင်ငံများရှိ ကုမ္ပဏီအဖွဲ့အစည်းများအနေနှင့် ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချရာတွင် ကနဦးအာမခံသည့်အဖွဲ့အစည်းအဖြစ် တာဝန်ယူဆောင်ရွက်ပေးသည်။ ထိုသို့အာမခံပေးခြင်းဖြင့် ဒေသတွင်းကုမ္ပဏီများအနေနှင့် ကာလရှည်ငွေချေးစာချုပ်များထုတ်ဝေရေးကို ပိုမိုလွယ်ကူသွားစေမည် ဖြစ်သည်။ ထိုသို့ CGIF စနစ်ကို ထူထောင်နိုင်ခြင်းကြောင့် ၁၉၉၇-၉၈ တွင် ငွေကြေးနှင့် ကာလသက်တမ်းလွဲချော်မှုမှတစ်ဆင့် ဖြစ်ပွားခဲ့သည့် အာရှငွေကြေးအကျပ်အတည်းမျိုးကို ရှောင်ရှားနိုင်မည်ဖြစ်သလို ဒေသတွင်းဘဏ္ဍာရေးနှင့်ငွေကြေးစနစ်များပိုမို ခံနိုင်ရည်အားကောင်းလာမည်ဖြစ်သည်။ ထို့အပြင် ပြင်ပနိုင်ငံ များ၏ ရိုက်ခတ်မှုများ၊ ငွေကြေး အမြောက်အမြား စီးဝင်/ စီးထွက်မှုဒဏ်များကိုလည်း ခံနိုင်ရည်ရှိစေမည်ဖြစ်သည်။
CGIF ၏ရည်ရွယ်ချက်မှာ ဒေသတွင်းကုမ္ပဏီများအနေဖြင့် လုပ်ငန်းတိုးချဲ့ရန်လိုအပ်သည့် ကာလရှည် ငွေကြေးအရင်းအမြစ်များရယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ကူညီပေးမည့်အပြင် ကာလတို ပြည်ပချေးငွေများ ရယူပြီး ကာလသက်တမ်း လွဲချော်မှု (Maturity Mismatch) များကို လျော့ကျသွားစေရန်လည်း အကူအညီများပေးအပ်သွားမည်ဖြစ်သည်။ ဒေသတွင်းကုမ္ပဏီများအနေဖြင့် ပြည်တွင်းကော်ပိုရိတ်ငွေချေးစာချုပ်များ ပမာဏများများ ထုတ်ဝေနိုင်ခြင်းဖြင့် နိုင်ငံ၏ငွေကြေးစနစ်များ တည်ငြိမ်လာစေပြီး အာဆီယံ ငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပိုမိုအထောက်အပံ့ပြုနိုင်မည်ဖြစ်ပေသည်။
CGIF သည် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်မှုအဆင့်ရှိသည့် ကုမ္ပဏီများ၏ ငွေချေးစာချုပ်များ ထုတ်ဝေရာတွင် အပြည့်အဝအာမခံချက်များပေးသွားမည်ဖြစ်သည်။ ထိုသို့ အာမခံချက် ပေးရန်အတွက် CGIF သည် အာဆီယံနိုင်ငံများအပြင် ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကနဦးရင်းနှီးငွေ ဒေါ်လာ သန်း ၇၀ဝ လက်ခံရရှိထားပြီးဖြစ်သည်။ အဆိုပါရင်းနှီးငွေ အတွက်ရှယ်ယာတစ်စုလျှင် ဒေါ်လာတစ်သိန်းဖြင့် ရှယ်ယာပေါင်း ခုနစ်ထောင်ဖြင့် ဖွဲ့စည်းကာ အဖွဲ့ဝင်နိုင်ငံများမှ ထည့်ဝင်ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇွန်လအထိ CGIF တွင် Capital Increase Plan အရ အရင်းအနှီးဖွဲ့စည်းမှုမှာ ဒေါ်လာ ၁ ဒသမ ဝ၀၃၈ ဘီလီယံရှိသွားပြီဖြစ်သည်။
(ဇယား -၁ )
CGIF ၏ ငွေချေးစာချုပ်များကိုအာမခံသည့်အစီအစဉ် ကြောင့် အာဆီယံ+၃ နိုင်ငံများရှိ ကုမ္ပဏီများ၏ ဒေသတွင်း ငွေကြေးနှင့်ထုတ်ဝေမည့် ငွေချေးစာချုပ်များကို များစွာအထောက် အကူပြုမည့်အပြင် အဖွဲ့ဝင်နိုင်ငံများအနေနှင့်လည်း အောက် ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။
• ကြွေးမြီးစာချုပ်စာတမ်းများကို ပိုမိုခွဲချမ်းစိတ်ဖြာကာ ထုတ်ဝေနိုင်ခြင်း၊
• မိမိတို့လိုအပ်သည့် သက်တမ်းနှင့် ငွေကြေး အမျိုးအစားကို ထုတ်ဝေနိုင်ခြင်း၊
• အစိုးရတစ်ခု၏ ကြွေးမြီး ကန့်သတ်ချက်ဘောင်ကို ကျော်လွန်၍ နိုင်ငံဖြတ်ကျော် ထုတ်ဝေနိုင်ခြင်း၊
• ငွေချေးစာချုပ်ဈေးကွက်နှင့် အကျွမ်းတဝင်ဖြစ်စေ ခြင်း စသည်တို့ဖြစ်သည်။
(ဆက်လက်တင်ပြပါမည်)
