Main menu

Background

တရုတ်နိုင်ငံတွင် ဒူးရင်းသီးဈေးနှုန်းများ ကျဆင်းလာ

Fri, 06/12/2026 - 11:27 -- journal_editor

တရုတ်နိုင်ငံတွင် ဈေးကြီးပေးဝယ်ရသည့် ဇိမ်ခံသစ်သီးတစ်မျိုးအဖြစ် သတ်မှတ်ခံခဲ့ရသော ဒူးရင်းသီးသည် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးစနစ် (Logistics) ကောင်းမွန်လာမှုကြောင့် အရှေ့ တောင် အာရှနိုင်ငံများမှ ပိုမိုမြန်ဆန်စွာ ဝင်ရောက်လာကြောင်း သိရသည်။
ယခင်က တစ်ကီလိုဂရမ်လျှင်  ယွမ် ၂၀ဝ (အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄၁) ခန့်အထိ ရှိခဲ့သော  သစ်သီးများ၏ဘုရင် ဒူးရင်းသီးသည် ယခုအခါ  တရုတ်နိုင်ငံသားများအတွက် ပိုမိုသက်သာသော ဈေးနှုန်း ဖြင့်ဝယ်ယူနိုင်သည့်  အသီးဖြစ်လာသည်။ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ လက်ကားဈေးကွက်များတွင် ထိုင်းနိုင်ငံထုတ် Monthong  ဒူးရင်းသီးများကို တစ်ကီလိုလျှင်  ၂၈  ယွမ်  (၄ ဒသမ ဝ၉ ဒေါ်လာ) မှစ၍ ရောင်းချ နေကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် အွန်လိုင်(Livestreaming)  အရောင်းပလက် ဖောင်းများတွင် အလေးချိန် နှစ်ကီလိုကျော်ရှိသော  ဒူးရင်းသီးတစ်လုံးကို  ပို့ဆောင်ခအပါအဝင် ၁၂၉ ယွမ်ခန့်ဖြင့်သာ  ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။
ထိုင်း၊ လာအိုနှင့် ယူနန်ပြည်နယ်တို့ကို ဆက်သွယ်ထားသည့် အအေးခန်းရထားလမ်း ဝန်ဆောင်မှုသစ်ကြောင့်  အရှေ့တောင်အာရှ ဒူးရင်းစိုက်ပျိုးသူများသည် ၎င်းတို့၏ထွက်ကုန်များကို တရုတ်နိုင်ငံသို့ ယခင်ထက် ပိုမိုမြန်ဆန်စွာ ပို့ဆောင်နိုင်ပြီဖြစ်သည်။ အပူချိန် ၁၃ ဒီဂရီစဲလ်စီးယပ်စ်တွင်  ထိန်းသိမ်းထားသည့် ယင်းရထားဝန်ဆောင်မှုကြောင့် ထိုင်းနိုင်ငံ လမ်ချာဘန်ဆိပ်ကမ်းမှ ကူမင်းမြို့သို့  ၂၆ နာရီအတွင်း ရောက်ရှိပြီး တရုတ်နိုင်ငံရှိ မြို့ပေါင်း ၃၀ ကျော်သို့ နှစ်ရက်အတွင်း ပို့ဆောင်နိုင်ခဲ့သည်။
ပို့ဆောင်ရေးစနစ် မြန်ဆန်လာမှုကြောင့် ချန်ဒူးမြို့တွင် ဒူးရင်းသီး တစ်ကီလိုဂရမ် ရောင်းဈေးမှာ ၇၀ ယွမ်ဝန်းကျင်မှ  ၄၀ ယွမ်အထိ ကျဆင်းသွားပြီး  အသီးအပုပ်အသိုးနှုန်းမှာလည်း ၁၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဒူးရင်းသီးအများဆုံး တင်သွင်းသည့်  ဈေးကွက်ဖြစ်ပြီး  ယခင် နှစ်က  ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံဖိုးတင်သွင်းခဲ့ရာ ထိုင်းနိုင်ငံက ဒေါ်လာ ၄ ဘီလီယံနှင့်  ဗီယက်နမ် နိုင်ငံက ၃ ဒသမ  ၄ ဘီလီယံဖိုး အသီးသီးတင်ပို့ခဲ့ကြသည်။ မလေးရှား၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့သည်လည်း ဝေစုအနည်းငယ်စီရရှိထားသည်။
ဈေးကွက်အတွင်း ဒူးရင်းသီးများ ပေါပေါများများ  ဝင်ရောက်လာခြင်းကြောင့် တရုတ်စားသုံးသူများသည် ယခုအခါ အရည်အသွေးကို ပိုမိုဦးစားပေးလာကြသည်။  ထို့ကြောင့် အရှေ့တောင်အာရှထုတ်လုပ် သူများသည်  အရည်အသွေးထိန်းချုပ်မှုကို  ပိုမိုတင်းကျပ်လာကြသည်။  ဥပမာအားဖြင့်  ထိုင်းနိုင်ငံသည် မမှည့်သေးသည့် အသီးများ ရောင်းချခြင်းနှင့် ထောက်ခံချက်အတုများ အသုံးပြုခြင်းကို ပိတ်ပင်ထားပြီး  မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် လည်း ဒူးရင်းသီး၏  မူရင်းစိုက်ခင်းကို စက္ကန့်ပိုင်းအတွင်း စစ်ဆေးနိုင် သည့် ျှျွ ဃသိန စနစ်ကို စတင်အသုံးပြုနေပြီဖြစ်သည်။
ဈေးကွက်ကျွမ်းကျင်သူများ၏  အဆိုအရ  နောင်တွင်  တရုတ်  ဒူးရင်းဈေးကွက်သည်  ဈေးနှုန်းဖြင့်  ယှဉ်ပြိုင်သည့်အဆင့်မှ  အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှုဖြင့် ယှဉ်ပြိုင်သည့်အဆင့်သို့ ကူးပြောင်းသွားတော့မည်ဖြစ်ကြောင်း သိရသည်။

Source : VN Express,=
DOCA (ရန်ကုန်)၊ ကျော်မြင့်ဦး