Main menu

Background

စားအုန်းဆီနှင့် ဆီမခဲဆေး

Mon, 07/13/2026 - 11:28 -- journal_editor

စားအုန်းဆီကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ အများစုနှင့် အချို့သော ဥရောပနိုင်ငံများ၌ပါ ဟင်းချက်ဆီ (cooking oil)  အဖြစ် စားသုံးကြသည်။ စားအုန်းဆီသည် ဟင်းသီးဟင်းရွက်ဆီ အုပ်စုဝင်ဖြစ်ပြီး ဓာတုဖွဲ့စည်းပုံအရ ပြည့်ဝဆီပါဝင်မှုများသဖြင့် ရာသီဥတုအေးလာလျှင် ဆီ၏အသွင်အပြင် မှုန်မှိုင်းလာတတ်သည်။ ထို့ပြင် စားအုန်းဆီထုတ်လုပ်မှုနည်းစဉ်အရ ဆီအခဲနှင့် ဆီအရည်ပိုင်းခွဲခြားသည့်အချိန်တွင် ကျန်ရစ်သော အမှုန်အနည်များကြောင့် ဆီ၏ အရောင်ကြည်လင်မှုမရှိဘဲ  အချိန်ကြာလာသည်နှင့်အမျှ အောက်ခြေ၌ အနှစ်ထိုင်တတ်သည်။ သို့ဖြစ်ရာ ဆီ၏ ရူပအသွင်အပြင်ကို ကောင်းမွန်စေရန် အစားအစာဖြည့်စွက်ပစ္စည်း( Food Additive)  အုပ်စုဝင်ဖြစ်သော Poly Glycerol Ester of fatty acid -PGE(E475) ကို ဆီမခဲဆေး (Anti-clouding Agent ,or Anti-crystallization Agent) အဖြစ် အသုံးပြုကြသည်။     
Polyglycerol Ester of Fatty Acid(PGE) သည် ဂလစ်စရော(Glycerol) ကို ပေါ်လီမာအဖြစ် ပြုလုပ်ထားသော ပိုလီဂလစ်စရော  (Polyglycerol) အား အဆီအက်စစ်များ (Fatty Acids)  နှင့် ဓာတ်ပြုရာမှ ဖြစ်ပေါ်လာသည့် အက် စတာ  ( Ester)  ဒြပ်ပေါင်းအုပ်စုဖြစ်သည်။ ပေါင်းစပ်သော Fatty Acidsအမျိုးအစားပေါ်  မူတည်၍ ဓာတုဖွဲ့စည်းပုံ (Molecular Formula) အနည်းငယ်ကွဲပြားသည်။ Poly- glycerol Ester of Fatty Acid(PGE) (E475)  ၏ ဓာတုဖွဲ့ စည်းပုံမှာC27H54O8 ဖြစ်ပသည်။
Polyglycerol Ester of Fatty Acid(PGE) ၏ အဓိကလုပ်ဆောင်ချက်မှာ ရေနှင့်ဆီကြား  မျက်နှာပြင်တင်းအားကို လျှော့ချပေးပြီး ရေနှင့်ဆီ တစ်သားတည်းရောစပ်သွားစေသည်။ ၎င်းတွင် ရေနှင့် ပေါင်းစပ်နိုင်သော (hydrophilic)  ဂုဏ်သတ္တိအပြင် ဆီနှင့် ပေါင်းစပ်နိုင်သော (lipophilip) ဂုဏ် သတ္တိကိုပါ တွေ့ရှိရသည်။ ထို့ကြောင့်  PGE  ကိုemulsifiers (ရေနှင့်ဆီကိုပေါင်းစပ်ပေးသည့် ပစ္စည်း) ဟုလည်းခေါ်သည်။   
Polyglycerol Ester of Fatty Acid ၏ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်မှာ ပုံမှန်အားဖြင့်  အဝါဖျော့ဖျော့မှကောက်ရိုးရောင် အရည်၊ အမှုန့် (သို့မဟုတ်)ဖယောင်းအစိုင်အခဲအဖြစ် တွေ့ရှိနိုင်သည်။ ဆီနှင့် အဆီတို့တွင် ကောင်းစွာပျော်ဝင်နိုင်သည်။ ရေအေးတွင် ပျော်ဝင်နိုင်ခြင်းမရှိသော်လည်း ရေနွေးပူ (၆၀ ဒီဂရီစင်တီဂရိတ်) တွင် ပျော်ဝင်သည်။Ethnol ကဲ့သို့သော အော်ဂဲနစ်ပျော်ရည်များတွင်လည်း ပျော်ဝင်နိုင်သည်။ ၎င်း၏ စတင်အရည်ပျော်မှတ်မှာ ၅၃-၅၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီးအပူချိန်၆၀-၈၀ ဒီဂရီစင်တီဂရိတ်တွင် အပြည့်အဝ အရည်ပျော်နိုင်သည်။ မာဂျရင်း၊ထောပတ်၊ ရေခဲမုန့်၊ မုန့်ဖုတ်လုပ်ငန်းများနှင့် နို့အခြေခံအချိုရည်များတွင် အစားအစာဖြည့်စွက်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုကြသည်။
Poly Glycerol Ester of fatty acid (PGE)  ကို စားအုန်း ဆီနှင့် ရောစပ်မည်ဆိုပါက ပထမဦးစွာ အသုံးပြုမည့်ဆီကို ချိန်တွယ်ပြီး အပူချိန် ၈၀ဒီဂရီစင်တီဂရိတ် ထိရောက်အောင်  ၁၀ မိနစ်ခန့်  အပူပေးထားရန် လိုအပ်သည်။ ဆီကိုအပူပေးနေသောအချိန်တွင် PGE ကို ရောစပ်မည့် ဆီပမာဏ၏ သုည ဒသမ ဝ၃ ရာခိုင်နှုန်း (အသုံးပြုမည့်ဆီ၁၀ဝ ဂရမ်ဖြစ်လျှင် ရောစပ်ရမည့် PGE သုည ဒသမ ဝ၃ဂရမ်) ချိန်တွယ်ရပါမည်။ ဤသို့ဖြင့် ဆီအပူချိန် ၈၀ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိပါက ချိန်တွယ်ထားသော ဏွန ကို ရောထည့်ပြီး ၁၅ မိနစ်ကြာ အောင် အပူဆက်လက်ပေးထားရင်းဖြင့်  အဆက်မပြတ် မွှေ ပေးထားရပါမည်။ ၁၅ မိနစ်ပြည့်ပါက အပူပေးခြင်းနှင့် မွှေ ခြင်းတို့ကိုရပ်ပြီး အပူချိန် ၂၈ မှ ၃၀ ဒီဂရီ စင်တီဂရိတ်ထိရောက်ရန် တစ်နာရီကြာအအေးခံရပါမည်။ အအေးခံပြီးပါက  မူလဆီအရောင်ထက် ပိုမိုကြည်လင်တောက်ပသောဆီကို   ရရှိလာမည်ဖြစ်သည်။ 
ရောစပ်ပြီးဆီနှင့် မူလဆီတို့၏ အရည်အသွေးများကို နှိုင်းယှဉ်စစ်ဆေးချက်အရPGE  သည်  ဆီ၏အသွင်အပြင်ပိုင်း (appearance) ကိုသာလျှင် အချိန်အတိုင်းအတာတစ်ခုထိ ပြောင်းလဲမှုပေးနိုင်သော်လည်း စားအုန်းဆီ၏ အရေးပါသော အရည်အသွေးများဖြစ်သည့် တိမ်ခိုးမှတ်  (Cloud point) နှင့် အိုင်အိုဒင်းတန်ဖိုး (Iodine Value)  တို့ကိုမူ မပြောင်းလဲနိုင်ကြောင်း တွေ့ရှိရသည်။
စားအုန်းဆီတွင် PGE ပေါင်းထည့်ခြင်းဖြင့် ဆီအတွင်း ပုံဆောင်ခဲဖြစ်ပေါ်မှုကိုနှောင့်နှေးစေပြီး ပတ်ဝန်းကျင်အပူချိန်ကျဆင်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီအရောင်မှုန်မှိုင်းခြင်း နှင့် ဆီအနည်ထိုင်ခြင်းတို့ကို အချိန်အတိုင်းအတာ တစ်ခုအထိနှေးကွေးစေ၍ ဆီ၏အရောင်ကိုကြည်လင်တောက်ပစေသည်။ PGE ပေါင်းထည့်ထားသောဆီကို အကြိမ်ကြိမ်ကြော်လှော်သည့်အခါ အပူဒဏ်ကြောင့်ဖြစ်ပေါ်လာသော အဆိပ်အတောက်ပစ္စည်းများ ထွက်လာမှုကို လျော့နည်းသွားအောင်ထိန်းညှိပေးသည်။ သတ်မှတ်ပမာဏ သို့မဟုတ် အသုံးပြုသင့်သည့်ပမာဏထက် ပိုမိုအသုံးပြုမိပါက ဆီအတွင်း Polarcompound  များဖြစ်ပေါ်ခြင်း ကို များပြားလာစေပြီး  ဆီပျက်စီးမှုနှုန်းကို ပို၍မြန်စေသည်။
PGE(E475)သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) နှင့် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တို့၏ ပူးတွဲကျွမ်းကျင်သူကော်မတီ (JECFA)  မှ အကဲဖြတ်ထောက်ခံထားသော ပစ္စည်းဖြစ်ပါ သည်။ ယင်းအဖွဲ့၏ ထောက်ခံအကြံပြုချက်အရ လူတို့နေ့စဉ်စားသုံးနိုင်သော PGE(E475) ပမာဏ (Acce- ptable Daily Intake -ADI)  သည် လူခန္ဓာကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် PGEအလေးချိန် ဝ မှ ၂၅မီလီဂရမ် (0-25 mg//kg Body Weight) ဖြစ်သည်။ ထို့ကြောင့် WHO က အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန် စားသောက်ကုန်လုပ် ငန်းများအတွက် PGE(E475) သုံးစွဲခြင်းကို သုည ဒသမ ၁ ရာခိုင်နှုန်းမှ သုည ဒသမ ၅ ရာခိုင်နှုန်းအထိ သတ်မှတ် ပေး ထားခြင်းဖြစ်သည်။Codex  ၏eneral Standard for Food Additives – GSFA  အရ PGE (E475) အား စားဆီချော ထုတ်လုပ်ခြင်းအတွက်Typical Maximum Level  အရ အသုံးပြုရာတွင်  ထုတ်ကုန်အတွက်  အလုပ်ဖြစ်ရန်လိုအပ်သလောက် ပမာဏကိုသာသုံးရန်နှင့် တတ်နိုင်သမျှနည်း၍ အသုံးပြုရန် ထောက်ခံအကြံပြုထားသည်။
အချုပ်အားဖြင့်ဆိုသော် စားသုံးဆီတွင် အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီး  အမှုန်အနယ်ကင်းစင်ကာ  အရောင်ကြည်လင်မှုရှိခြင်းသည် စားသုံးဆီဆိုင်ရာ ရူပအရည်အသွေး (Phy- sical property of Edible Oil )  တစ်ခုဖြစ်သည်။ သို့ဖြစ်ရာ စားအုန်းဆီတွင်pm;tkef;qDwGif Polyglycerolester of Fatty Acids – PGE (E475) ပေါင်းထည့်ခြင်းဖြင့် အရောင်ကြည်လင်မှုကို ထိရောက်စွာ မြှင့်တင်ပေးနိုင်သော်လည်း အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှု(Food Safety) ရှိစေရေး သတ်မှတ်ချက်များနှင့်အညီ တိတိကျကျ လိုက်နာကျင့်သုံးရန်   လိုအပ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

အကိုးအကား -
    (1)    WHO JECFA.(2024). Polyglycerol esters of Fatty Acids.
    (2)    Tangsanthatkun,J.,et al.(2021).The aeffect of Polyglycerol       Esters of Fatty Acids on the Crystallization of Palm Olein. Journal of Oleo Science,70(3),309-319. 
    (3)    Ahmad Tarmizi,A.H.,et al.(2019). Effect of Anti-Clouding Agent on the Fate of 3-MCPD Esters and Glycidyl Esters in Palm Olein during repeated Frying. Molecules, 24(12),2332. 
    (4)    Kuriyama<J.,et al.(2011). Improved sustainable fractionation of Palm oil using Polyglycerol Fatty Acid esters. Journal of Oil Palm Research,23, 1141-1145.

အိအိချော (CTQM)