၂၀၂၆ အတွက် အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်း၏ ထူးခြားမှု။
၂၀၂၆ ခုနှစ် ပထမ လေးလပတ်အတွင်း အာဆီယံဒေသ၏ ဒစ်ဂျစ်တယ်စီးပွားရေးမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ဒေသတွင်း ကုန်စည်ရောင်းဝယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၅ ဘီလီယံမှ ဘီလီယံ ၂၃၀ ခန့်အထိ တိုးတက်ရောက်ရှိလာမယ်မည်ဟု ခန့်မှန်းထားကြသည်။ ထိုကဲ့သို့ ဈေးကွက်ကြီးထွားလာရသည့် နောက်ကွယ်တွင် အဓိကအချက်ကြီး (၃)ချက်ရှိနေသည်။ ယင်းတို့မှာ ဈေးဝယ်မှုပုံစံသစ်ဖြစ်ထွန်းလာခြင်း၊ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် အသုံးပြုမှု အပြည့်အဝတွင်ကျယ်လာခြင်းနှင့် ပစ္စည်းပို့ဆောင်မှုမှာ စက္ကန့်မလပ် မြန်ဆန်လာခြင်းတို့ပင်ဖြစ်သည်။
ဈေးဝယ်ပုံစံသစ် ဖြစ်ထွန်းလာခြင်း။
ယနေ့ခေတ် ဈေးကွက်အတွင်း၌ ဈေးဝယ်သူများကို ခြေရာကောက်ကြည့်မည်ဆိုပါက မျိုးဆက်သစ် လူငယ်များက ဈေးကွက်၏ ၂၅ ရာခိုင်နှုန်းခန့်အထိ နေရာယူထားသည်။ ၎င်းတို့၏ အမူအကျင့်မှာ ယခင်ကကဲ့သို့ ပစ္စည်းရှာပြီးဝယ်ခြင်းမျိုးထက် ဗီဒီယိုအတိုလေးများ ကြည့်ရင်းဖြင့် ဝယ်ရသည်ကို ပို၍ သဘောကျကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့အတွက်ကြောင့် ဖျော်ဖြေရေးနှင့် ရောင်းဝယ်ရေးပေါင်းစပ်ထားသည့် "Shoppertainment "နည်းလမ်းများက ရိုးရာကြော်ငြာများထက်ပင်ပိုပြီး အလုပ်ဖြစ်လာကြသည်။
ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်အသုံးပြုမှု အပြည့်အဝ တွင်ကျယ်လာခြင်း။
ဈေးဝယ်ရာတွင်လည်း ငွေသားဖြင့် လက်ငင်းပေးချေသည့်စနစ်အစား ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်(Digital Wallets) အသုံးပြု ဝယ်ယူမှုများက အပြည့်အဝ နေရာယူလာကြပြီဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် အာဆီယံဒေသတွင်း၏ အွန်လိုင်းဝယ်ယူမှု၏ ၇၀ ရာခိုင်နှုန်းကျော်က ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေရှင်းကြသည်။ ယင်းသို့ ဝယ်ယူမှုက ဝယ်သူအတွက် အဆင်ပြေရုံတင်မကဘဲ ရောင်းသူနှင့် ဝယ်သူကြား ယုံကြည်မှုကိုပါ ပိုမိုခိုင်မာစေသည်။
ပစ္စည်းပို့ဆောင်မှု မြန်ဆန်လာခြင်း။
အာဆီယံဒေသတွင်းရှိ အီးကောမတ်စ်ကုမ္ပဏီကြီးများက အလိုအလျောက်ပစ္စည်းခွဲသည့်စနစ်များနှင့် မြို့ပြ ဖြန့်ချိရေးစခန်းများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားကြသည်။ ရလဒ်မှာ အာဆီယံဒေသတွင်း နေ့ချင်းပြီး ပို့ဆောင်ရေးစနစ်က သာမန်ကိစ္စတစ်ကဲ့သို့ ဖြစ်လာသည်။
အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေး အရှိန်အဟုန်နှင့် တွန်းအားပေးနေသော အချက်များ။
အာဆီယံဒေသသည် ကမ္ဘာပေါ်တွင် ဒီဂျစ်တယ်စီးပွားရေး အလျင်မြန်ဆုံးတိုးတက်နေသော ဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ အထူးသဖြင့် hf ASEAN Digital Economy Framework Agreement (DEFA)) ဆိုင်ရာ ဖော်ဆောင်မှုများမှာ ဒေသတွင်းပေါင်းစည်းမှုကိုများစွာ အထောက်အကူပြုလျက်ရှိသည်။ ၂၀၃၀ ပြည့်နှစ်တွင် ီင်္နဗ မှတစ်ဆင့် အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ပမာဏကို အမေရိကန် ဒေါ်လာ ၂ ထရီလီယံအထိ ရောက်ရှိရန် မျှော်မှန်းထားသည်။
ဒစ်ဂျစ်တယ်စီးပွားရေး အရှိန်အဟုန်အား ကောင်းလာစေရေးအတွက် အာဆီယံနိုင်ငံများကို အဓိကတွန်းအားပေးနေသည့် အချက်များထဲတွင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များ အားကောင်းလာခြင်း၊ စာရွက်စာတမ်းမဲ့ ကုန်သွယ်မှုနှင့် ပြတင်းတစ်ပေါက်စနစ်များ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာခြင်း၊ ညဏ်ရည်တု (AI) နည်းပညာနှင့်ဒေတာ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဘောင်များကို အလေးထား တည်ဆောက်လာခြင်း စသည့်အချက်တို့ကို တွေ့ရှိရမည်ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များကို လေ့လာကြည့်လျှင်ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ျှျွ ဃသိန အသုံးပြုပြီး နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ချိတ်ဆက်နိုင်ခြင်းသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုအတွက် အကြီးမားဆုံးသော ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။
စာရွက်စာတမ်းမဲ့ ကုန်သွယ်မှုနှင့် ပြတင်းတစ်ပေါက်စနစ်များနှင့် ပတ်သက်၍ အကောက်ခွန် ရှင်းလင်းရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးတို့အတွက် အာဆီယံပြတင်းတစ်ပေါက်စနစ်ကို အသုံးပြုကာ အီလက်ထရွန်နစ် အချက်အလက်များ (ဥပမာ -e-Form D, e-Phyto certificates ဖလှယ်ခြင်း တို့ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာကြ ခြင်းပင်ဖြစ်သည်။
ညဏ်ရည်တု () နည်းပညာနှင့် ဒေတာစီမံအုပ်ချုပ်မှုဆိုင်ရာတို့တွင် အာဆီယံနိုင်ငံများသည် ညဏ်ရည်တု AI နည်းပညာကို ကုန်သွယ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုထည့်သွင်းအသုံးပြုလာကြသည်။ သက်ဆိုင်ရာ လမ်းညွှန်ချက်များကို စနစ်တကျ ထုတ်ပြန်လာပြီး ဒေတာလုံခြုံရေးနှင့် ဥပဒေရေးရာ မူဘောင်များကို စနစ်တကျတည်ဆောက်ရန် ကြိုးပမ်းလာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ အောင်မြင်မှု။
အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် အီးကောမတ်စ်ဈေးကွက်ကို လက်ရှိအချိန်တွင် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံအထိ ချဲ့ထွင်နိုင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ယခင်က မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲအခြေအနေမှ အာဆီယံဒေသတွင်း၌ ဦးဆောင်သူ အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ အောင်မြင်မှုကို အတုယူကာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ လေ့လာသင့်သည်။
ဗီယက်နမ်နိုင်ငံ၏ အောင်မြင်မှုကို ကြည့်မည်ဆိုလျှင် ယုံကြည်မှုက အဓိကဖြစ်သည်။ ဗီယက်နမ် နိုင်ငံသည် ဥပဒေနှင့် စည်းမျဉ်းများကို သေချာချမှတ်ပြီး စားသုံးသူများကို ကာကွယ်ပေးသည်။ နည်းပညာဖြင့် ခေတ်မီအောင်လုပ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုကို ကျော်လွှားသည်။
ရှေ့ဆက်ရမည့် လမ်းစဉ်။ှ
အာဆီယံဒေသတွင်းမှ နိုင်ငံအများစုသည် ဒစ်ဂျစ်တယ်ခေတ်ဆီသို့ မရပ်မနား ပြေးနေသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ခေတ်ရေစီးကြောင်းကို အမီလိုက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ နည်းပညာကို ထိထိရောက်ရောက် အသုံးချရေး၊ ယုံကြည်စိတ်ချရသည့် ဝန်ဆောင်မှု ပေးနိုင် ရေးနှင့် စနစ်ကျသည့် လုပ်ငန်းပုံစံ တည်ဆောက်ရေးတို့ပင်ဖြစ်သည်။
အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ပေါင်းစည်းမှု အရှိန်အဟုန်နှင့်အညီ မြန်မာ့E-commerce လုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်း ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်နှင့် စဉ်ဆက်မပြတ် တိုးတက် စေရန်လိုအပ်သည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များကို အာရုံစိုက် အကောင်အထည်ဖော်ရန်လည်း လိုအပ်မည်ဖြစ်သည်။
အရေးပါသည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များကို လေ့လာကြည့်မည်ဆိုလျှင် နယ်စပ်ဖြတ် ကျော် E-commerce တွက်ပြင်ဆင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည့် Real-time Tracking စနစ် ပါဝင်သည့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ညဏ်ရည်တု( E-commerce) နှင့် ဒေတာကို အခြေခံ၍ ဆုံးဖြတ်ချက်နိုင်သည့် အလိုအလျောက် စနစ်များကို တ ည်ဆောက်ခြင်း၊ စားသုံးသူများ၏ ယုံကြည်မှုကို အခိုင်အမာ တည်ဆောက်ခြင်းနှင့် ဒစ်ဂျစ်တယ်ငွေ ပေးချေမှု စနစ်များကို အပြည့်အဝ ပေါင်းစပ်အသုံး ပြုခြင်းတို့မှာ အဓိကကျနေသည်။ ယင်းအချက်များသာ ပြည့်ဝအောင် လုပ်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ န-ခသာနမခန လုပ်ငန်းများသည် အာဆီယံဒေသတွင်း ၌ အခွင့်အလမ်းကောင်းများကို ဖန်တီးယူနိုင်မည်ဖြစ် ကြောင်း လေ့လာတင်ပြလိုက်ရပါသည်။
ညီညီအောင် (WTO)
Source: https://www.sourceofasia.com//e-commerce-market-in-southeast-asia-2025-2...
