မွန်ပြည်နယ်တွင် ကြက်သွန်နီကို အခြားတိုင်းဒေသကြီးများဖြစ်သော မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ စီးဝင်ရောက်လျက်ရှိသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိ၍ ဈေးကွက်ပေါ်တွင် ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိသည်။ ယခုနှစ် ဇူလိုင်လတွင် ကြက်သွန်နီဈေးနှုန်း မြင့်တက်နေကြောင်း သိရှိရသည်။
ယခင်လနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၁၃၀ဝမှ ကျပ် ၁၇၀ဝ ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။
၂၀၂၆ ခုနှစ် ဇွန်လနှင့် ဇူလိုင်လ ကြက်သွန်နီဈေးနှုန်းအခြေအနေ
ပိဿာ/ကျပ်
စဉ် ပဲအမျိုးအမည် ဇူလိုင်လ ဇွန်လ နှိုင်းယှဉ်ချက်(ကွာခြားဈေးနှုန်းကျပ်)
၁ မုံရွာကြက်သွန်နီ(အကြီး) ၅၅၀ဝ ၄၀ဝ၀ (+) ၁၅၀ဝ
၂ မုံရွာကြက်သွန်နီ(အလတ်) ၅၃၀ဝ ၄၀ဝ၀ (+) ၁၃၀ဝ
၃ မုံရွာကြက်သွန်နီ(အငယ်) ၅၃၀ဝ ၃၆၀ဝ (+) ၁၇၀ဝ
၄ မလှိုင်ကြက်သွန်နီ (အကြီး) ၅၅၀ဝ ၄၀ဝ၀ (+) ၁၅၀ဝ
၅ မလှိုင်ကြက်သွန်နီ (အလတ်) ၅၃၀ဝ ၄၀ဝ၀ (+) ၁၃၀ဝ
၆ မလှိုင်ကြက်သွန်နီ (အငယ်) ၅၃၀ဝ ၃၆၀ဝ (+) ၁၇၀ဝ
