ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုနေသည့် မြေသြဇာ အမျိုးအစားများအတွက် ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့သည်။
ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရည်ညွှန်းလက်ကားဈေးနှုန်းအား ကျပ် ၁၂၀ဝ၀ဝ အဖြစ် သတ်မှတ်ထားပြီး ယင်း ဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
ထို့ပြင်DI Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေသြဇာ ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၃၈၀ဝ၀ ဖြင့် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။
အလားတူ l Complex 15 ပတ်လည်မြေသြဇာအတွက် ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထားခြင်းမရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရည်ညွှန်းဈေးနှုန်းများမှာ ရန်ကုန်အထိုင် လက်ငင်းငွေချေ စနစ်ဖြင့် ရောင်းချသည့် လက်ကားဈေးနှုန်း များဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်ရေးစရိတ်များအပေါ် မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း အသိပေး ထားသည်။
ထို့ပြင် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနှင့် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်း (MFSPEA) သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ကိုတိုး
