Main menu

Background

တိရစ္ဆာန်အရှင် တင်ပို့မှုနှင့် ဈေးကွက် အလားအလာ

Fri, 08/07/2026 - 15:12 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးခန်းမှ တိရစ္ဆာန်အရှင်တင်ပို့မှုအနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးဘက်မှ ဆိတ်၊ နွားများကို မွေးမြူစုဆောင်းပြီး  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်များ၊ ကာကွယ်‌ဆေးထိုးပြီးကြောင်း စစ်ဆေးခြင်းများ၊ ကာကွယ်ဆေးထိုးပြီးကြောင်း  ထောက်ခံချက်လက်မှတ်၊ တိရစ္ဆာန်သယ်ဆောင်ခွင့်လက်မှတ်နှင့် သယ်ဆောင်ခွင့်အထောက်အထားများရရှိပါက ပို့ကုန်လိုင်စင်အား  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဈေးနှုန်းထောက်ခံချက်ဖြင့် လိုင်စင်ရယူပြီး လာအိုနိုင်ငံသို့  တင်ပို့လျက်ရှိသည်။
တာချီလိတ်ကုန်သွယ်‌ရေးစခန်း ဝမ်ပုံဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင် လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်၊ ဟွေဆိုင်းခရိုင်၊ တုန်ဖုံမြို့နယ်အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် လူဦးရေတစ်သိန်းခွဲခန့်ရှိသဖြင့် စားနပ်ရိက္ခာအတွက် လစဉ် အသား/ ငါး၊  အသီးအရွက် စားသောက်ကုန်များ လိုအပ်လျက်ရှိနေကြောင်းသိရှိရပြီး အဆိုပါလိုအပ်ချက်သည် တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဆိတ်/နွားအရှင်တင်ပို့နိုင်ရန်အတွက် အလားအလာကောင်းသောဈေးကွက် ဖြစ်ပေါ်နေ သည်။
တာချီလိတ်မြေပြင်ဈေးနှုန်းမှာ ဆိတ်အရှင် တစ်ကောင် 1 Kg လျှင် ကျပ် ၁၃၁၀ဝ ရှိသည်။ ဆိတ်တစ်ကောင်လျှင် 25Kgခန့်ရှိပြီး တစ်ကောင်တန်ဖိုးမှာ ကျပ် ၃၂၇၅၀ဝ ခန့်ရှိသည်။ ဇန်နဝါရီလမှ ဇူလိုင်လအလယ်အထိ ပို့ကုန်လိုင်စင်ဖြင့် ဆိတ်၂၅၄၈ ကောင်တင်ပို့နိုင်ခဲ့ပြီး နွားအရှင်တင်ပို့နိုင်ရေးကိုလည်း ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှတစ်ဆင့် ‌ထောက်ခံချက်ရယူပြီး ဆက်လက်တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း