ပြည်မြို့၏ အရောင်းသွက်သည့် ဒေသထွက်မိုးစီးဖိနပ်များ
မြန်မာ့ဒေသထွက် မိုးစီးဖိနပ်များသည် ရေစိုခံနိုင်ပြီး ချော်လဲမှုမရှိအောင် အထူးထုတ်လုပ်ထားသောကြောင့် မိုးရာသီအတွက် အထူးသင့်လျော်လှပသော ပြည်တွင်းဖြစ် ဖိနပ်များဖြစ်သည်။
အရည်အသွေးမြင့် ရော်ဘာအသားများကို အသုံးပြု ထားသောကြောင့် ရေစိုခံနိုင်ပြီး ရေစက်များ၊ ရွှံ့များပေကျံပါကလည်း ရေဆေးချရုံဖြင့် အလွယ်တကူ သန့်စင်နိုင်သည်။ မိုးစီးဖိနပ် အောက်ခြေကို အထူးဒီဇိုင်းဖော်ထားသဖြင့် ကြွေပြားများ၊ ရေညှိများ သို့မဟုတ် စိုစွတ်နေသောလမ်းများပေါ်တွင် စိတ်ချလက်ချ လမ်းလျှောက်နိုင်သည်။ အကြမ်းခံကာ သက်သောင့်သက်သာဖြစ်စေရန် ပြုလုပ်ထားသည်။
မိုးစီးရာသီအတွက် နူးညံ့လှသော ဒီဇိုင်းများကို ဖိနပ်ရွေးချယ်ရာတွင် သက်သောင့်သက်သာ၊ စိုစွတ်ခံနိုင်စွမ်းနှင့် ဖက်ရှင်ပေါင်းစပ်မှုတို့မှာအရေးကြီးလှသည်။ နေ့စဉ်အသုံးပြုရန် သက်သောင့်သက်သာရှိပြီး အဝတ်အစားမရွေး လိုက်ဖက်ပြီး ဈေးတန်အကြမ်းခံ ဖိနပ်လှလှဒီဇိုင်းလေးများနှင့် လေဝင်လေထွက် ကောင်းသည့်၊ ဒီဇိုင်းစုံ၊ မိရိုးဖလာဒေသထွက် ဖိနပ်များမှာ အရောင်းသွက်လျက်ရှိသည်။
ကိုယ်ပိုင်တံဆိပ်မျိုးစုံဖြင့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာသည်။ မိုးစီးဖိနပ်များကို ရေစိုခံနိုင်သော ရော်ဘာ သို့မဟုတ် PVC (Polyvinyl chloride) ပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ဖိနပ်ပြုလုပ်ရန် ကုန်ကြမ်းများအနေဖြင့် ရော်ဘာ သို့မဟုတ် ဏဠဃ ပစ္စည်းများကို အရည်ပျော်စေပြီး လိုအပ်သော အရောင်များ၊ တာရှည်ခံပစ္စည်းများ ရောစပ်ကာ ပျော့ဖတ်တစ်ခုရအောင် ပြုလုပ်ကြသည်။
မြန်မာ့ဖိနပ်ဈေးကွက်တွင် ပြည်တွင်းထုတ်ကုန်များက နေရာတစ်ခုအထိ ရပ်တည်လျက်ရှိပြီး မိုးရာသီကာလများတွင် မိုးစီးဖိနပ်ဒီဇိုင်းအသစ်များ၊ မိုးစီးအမြင့်များ နှင့် ပြည်တွင်းဖြစ်မိုးတွင်းစီး ဖိနပ်ဆိုင်များတွင် ရောင်းအားကောင်းမွန်ကြောင်း သိရှိရသည်။ ဒေသထွက် မိုးစီးဖိနပ်များကို ဒေသတွင်းသာမက အခြားဒေသများသို့ ကားများဖြင့်လည်းကောင်း၊ ရထားဖြင့် လည်းကောင်း နယ်စုံပို့ကြရသည်။
ဒေသထွက် တံဆိပ်စုံမိုးစီးဖိနပ် ကလေးဖိနပ်တစ်ရန် လျှင် ကျပ် ၅၀ဝ၀ မှ အမျိုးသမီး လူကြီးစီး အပါး တစ်ရန်လျှင် ကျပ် ၅၀ဝ၀၊ အထူ ကျပ် ၇၅၀ဝ ဖြင့်လည်းကောင်း၊ ကြိုးသိုင်းဖိနပ်များကို ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀၊ အမျိုးသားစီး ကလေး ဖိနပ်တစ်ရန် လျှင် ကျပ် ၅၀ဝ၀၊ လူကြီးစီးဖိနပ်တစ်ရန်လျှင် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ဖြင့် ရောင်းချပြီး မြန်မာ့ရာသီဥတုနှင့်လည်း ကိုက်ညီပြီး ဈေးနှုန်းလည်း သက်သာ တာရှည်ခံသည့်အတွက် ဒေသထွက်ကုန် ဖိနပ်ထုတ်လုပ်ရေးမှသည် ပြည်ပသွင်းကုန် အစားထိုးထုတ်ကုန်တိုးမြှင့်ခြင်းဖြင့် ပြည်ပငွေများယိုစီးမှု သက်သာလာမည်ကြောင်း ရေးသားလိုက်ရေးသားလိုက်ရသည်။
အိအိခိုင် (DOCA PYAY)
