ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတစ်ဝန်းတွင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြင့် သံမဏိများအသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီASEAN Iron & Steel Council – AISC) က အစီရင်ခံစာတစ်စောင် ထုတ်ပြန် တိုက်တွန်းထားကြောင်း သိရသည်။
ယင်းအစီရင်ခံစာတွင် အာဆီယံနိုင်ငံများ၌ ဆောက်လုပ်ရေး လုပ်ငန်းသုံးသံမဏိများ၏အရည်အသွေးနှင့်ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သုံးသပ်ထားပြီးInduction Furnace (IF) စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများ၏ အရည်အသွေးဆိုင်ရာ အန္တရာယ်များကို အဓိကထည့်သွင်း ဖော်ပြထားသည်။
AISC က အာဆီယံအစိုးရများအနေဖြင့် IF စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြု မှုအား ပြန်လည်သုံးသပ်ရန်၊ ယင်းသံမဏိများကို အန္တရာယ်နည်းပါး သည့် လုပ်ငန်းများတွင်သာ ကန့်သတ်အသုံးပြုရန်၊ ထုတ်ကုန်အမှတ် အသားများကို ရှင်းလင်းစွာ ဖော်ပြရန်နှင့် ဆက်လက်အသုံးပြုမည် ဆိုပါက အရည်အသွေးစစ်ဆေးမှု စံနှုန်းများကို ပိုမိုတင်းကျပ်စွာ သတ်မှတ်ရန် တိုက်တွန်းထားသည်။
ခေတ်မီသံမဏိထုတ်လုပ်ရေး နည်းပညာများသို့ အဆင့်ဆင့်ကူးပြောင်းနိုင်ရန် လမ်းပြမြေပုံ (ျွသောိစေ) ရေးဆွဲအကောင်အထည် ဖော်ရန်လည်း အကြံပြုထားပြီး အစီရင်ခံစာအရ လိုအပ်သည့် စီမံ ဆောင်ရွက်မှုများ မပြုလုပ်ပါက အရည်အသွေးနိမ့် သံမဏိများ ဈေး ကွက်အတွင်း ပိုမိုပျံ့နှံ့လာနိုင်ပြီး ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးထားသည်။
ှုင်္ စနစ်ဖြင့်ထုတ်လုပ်သည့် သံမဏိများသည် လက်ရှိသတ်မှတ် ထားသည့် ဓာတုဗေဒစံနှုန်းအချို့ကို ပြည့်မီနေသော်လည်း အသေးစိတ်စမ်းသပ်စစ်ဆေးမှုများအရ အညစ်အကြေးပါဝင်မှုနှုန်း မြင့်မားနေပြီး ယင်းအခြေအနေကြောင့် ငလျင်ဒဏ်ခံနိုင်ရည်နှင့် အဆောက် အအုံများ၏ တည်ဆောက်ပုံဆိုင်ရာ ခိုင်ခံ့မှုကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင်Blast Furnace/Basic Oxygen Furnace (BF/BOF) Electric Arc Furnace (EAF) စနစ်များသည် သံမဏိအတွင်းရှိ အညစ်အကြေးများကို စနစ်တကျ သန့်စင်ပေးနိုင်သည့် လုပ်ငန်းစဉ် များ ပါဝင်သော်လည်း IFစနစ်တွင် အဓိက သန့်စင်ရေးလုပ်ငန်းစဉ် (Primary Refining) မပါဝင်သဖြင့် အညစ်အကြေးများ ကျန်ရှိနိုင်ပြီး သံမဏိ၏ ခိုင်ခံ့မှုနှင့် တာရှည်ခံနိုင်မှုကို ထိခိုက်စေနိုင်ကြောင်းလည်း AISC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုတိုး
