၀ါမျိုးစေ့ထုတ်ရောင်းချသူများနှင့် ဝါစိုက်တောင်သူများ အနေဖြင့် စပ်မျိုး F2 မျိုးစေ့များအား ဖြန့်ဖြူးရောင်းချခြင်း၊ အသုံးပြု စိုက်ပျိုးခြင်းမပြုကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။
အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် နိုင်ငံခြားစပ်မျိုးဝါစိုက်ပျိုးတောင်သူများအတွက် စပ်မျိုးဝါမျိုးစေ့များ ရောင်းချရာတွင် စပ်မျိုး F1 အဆင့်မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည်ဖြစ်သည်။
ယင်းစပ်မျိုး F1 ကို စိုက်ပျိုးရရှိလာသော F2 အဆင့်မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ညွှန်ကြားထားပြီး စပ်မျိုးဝါ F2 မျိုးစေ့များကို တောင်သူများက အသုံးပြုထပ်မံစိုက်ပျိုးခြင်းမပြုရန်လည်း ဝါစိုက်တောင်သူများကို အသိပညာပေးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် စပ်မျိုးဝါ F2 မျိုးများကို အသုံးပြုစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှုမရှိသဖြင့် မျိုးစေ့ဥပဒေ(၂၀၁၅)တွင် မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များ ရောင်းချခြင်းမပြုရန်လည်း သတ်မှတ်ပြဋ္ဌာန်းထားကြောင်း သိရသည်။
Background
