ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားဈေးကွက်ကောင်း၍ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်ကြောင်း၊ သြဂုတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီတောဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ ၅၅၀ဝ ထိရှိပြီး လက်လီဈေးအနေဖြင့် ကြက်သွန်နီအလုံးအကြီးအသေးအရွယ်အစားမူတည်၍တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ မှ ၇၅၀ဝ ထိရှိကြောင်း ဒေသတွင်းလက်လီလက်ကား ရောင်းဝယ်သူများထံမှ သိရှိရသည်။
ဆိပ်ဖြူကြက်သွန်နီ ပွဲရုံဈေးကွက်သို့ သြဂုတ် ၁၅ ရက်မှ ၂၁ ရက် အတွင်းတစ်ရက်လျှင် ကြက်သွန်နီကုန်ချိန် ပိဿာ ၃၅၀ဝ၀-၄၀ဝ၀ဝခန့်အထိဝင်ရောက်ကြောင်း၊ ယခုနှစ်တွင် ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းကြောင်း၊ ဈေးနှုန်းအနေဖြင့် သြဂုတ်လပထမပတ်တွင် ကျပ် ၄၀ဝ၀ မှ ၅၅၅၀၊ သြဂုတ်လ ဒုတိယပတ်၌ ကျပ် ၃၇၀ဝ မှ ၅၄၅၀၊ သြဂုတ်လ တတိယပတ်တွင် ကျပ် ၄၀ဝ၀ မှ ၅၅၀ဝဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအားဈေးကွက်ကောင်း၍ ကြက်သွန်နီအမြင့်ဈေးဖြင့် သြဂုတ်လအတွင်း ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါကဇူလိုင်လ တတိယပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေးကျပ် ၄၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ်လတတိယပတ်တွင် အမြင့်ဈေး ကျပ် ၅၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်လထက် ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ် ၁၀ဝ၀ ခန့် ဈေးတက်လာကြောင်း သိရသည်။
ဘဏ္ဍာနှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် သြဂုတ်လတတိယပတ်တွင် ကြက်သွန်နီတော ဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေးကျပ် ၁၀ဝ၀ ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် သြဂုတ်လ တတိယပတ် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၅၅၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်နှစ်ထက် ကျပ် ၄၅၀ဝခန့် ဈေးတက်ပြီး ယခုနှစ်ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီကို ပြည်တွင်းဒေသအနှံ့အပြားသို့တင်ပို့ပြီး အဓိကဈေးကွက်အနေဖြင် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့တင်ပို့ပြီး ပြည်ပဈေး ကွက်အနေဖြင့် မြဝတီမြို့ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ နိုင်ငံများသို့ တင်ပို့ကြောင်း ဈေးကွက်၌ သိရှိရ သည်။
မြင့်မြင့်သန်း (ဆိပ်ဖြူ)
