Main menu

Background

နစ်နာဆုံးရှုံးမှုမရှိစေရေး www. doca.gov.mm website ဝင်၍ လေ့လာပေး

Thu, 09/17/2026 - 10:19 -- journal_editor

ယနေ့ပြောင်းလဲလာသောလူနေမှုဘဝတွင် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများသုံးစွဲရာတွင် အရည်အသွေးမပြည့်ဝခြင်း၊ သတင်းအချက်အလက်မှန်ကန်ပြည့်စုံမှုမရှိခြင်း၊ ကမ်းလှမ်းကြော်ငြာချက်များနှင့်ကိုက်ညီမှုမရှိသည့် ဖြစ်စဉ်များသည် စားသုံးသူများ၏ဘဝတွင် ငွေကြေးဆိုင်ရာအားဖြင့်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်းကောင်းနေ့စဉ်နှင့်အမျှ ထိခိုက်နစ်နာရမှုများရှိနေသော်လည်း မြန်မာလူမျိုးသဘာဝအရ အားနာတတ်ခြင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိလေ့လာမှုအားနည်းခြင်း၊ စားသုံးသူအခွင့်အရေးအရ တောင်းဆိုပိုင်ခွင့်ရှိသည်ကိုသိရှိသော်လည်း တိုင်ကြား၍ဖြေရှင်းလိုစိတ်အားနည်းခြင်းများကြောင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးလျက်ရှိနေသည်ကို နှမြောတသဖြစ်စွာဖြင့် မျက်မြင်တွေ့ရှိနေရသည်။ 
မိမိသည်လည်းစားသုံးသူများထဲမှ စားသုံးသူတစ်ဦးဖြစ်သည့်အားလျော်စွာ စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ ပြည့်စုံစွာသိရှိနိုင်ရန်အတွက် www. doca.gov.mm website အကောင့်သို့ ဝင်ရောက်၍ လေ့လာခဲ့ရာ စားသုံးသူအခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကုန်ပစ္စည်းဝယ်ယူရာတွင်လေ့လာကြည့်ရှုရမည့်ကုန်အညွှန်းအမှတ်အသားများအကြောင်း၊စားသုံးသူရေးရာဦးစီးဌာနမှဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့်တိုင်ကြားမှုများအကြောင်း၊ ဥပ‌‌ဒေများနှင့်အမိန့်ညွှန်ကြားချက်များအကြောင်းတို့ကိုပြည့်စုံစွာသိရှိခဲ့ရသည်။ 
အထူးသဖြင့် တိုင်ကြားဖြေရှင်းမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကို လေ့လာဖတ်ရှုကြည့်သည့်အခါ မိမိတို့နေ့စဉ်ကြုံတွေ့နေရသည့်ပြဿနာများ/ နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားထားသူများနှင့် ဖြေရှင်းပေးမှုဖြစ်စဉ်များကိုသိရှိရပြီး မိမိနှင့်မိမိပတ်ဝန်းကျင်တွင်အဆိုပါနစ်နာမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည်ဟူသောအသိကိုနိုးကြားစေပြီး တိုင်ကြားမှုသည်ပြဿနာဖြစ်စေရန်ရည်ရွယ်ခြင်းမဟုတ်ဘဲ မိမိတို့၏အခွင့်အ‌ရေးများနစ်နာမှုမရှိစေရေးအတွက် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သိရှိလာစေသည်။ 
မိမိသည် ကုန်စည်တစ်မျိုးကို ရောင်းချသည့်အချိန်တွင် စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေမည်ဖြစ်သော်လည်း အခြားတစ်ဖက်တွင် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုပြန်လည်ဝယ်ယူရသည့်အတွက် စားသုံးသူတစ်ဦးပြန်လည်ဖြစ်လာရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ 
မိမိသည် စားသုံးသူဖြစ်နေသည့်အချိန်တွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေသည့်အချိန်တွင်ဖြစ်စေ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါအကြောင်းအရာများကို လေ့လာခြင်းအားဖြင့် စားသုံးသူဖြစ်ပါကလည်း အခွင့်အရေးများသိရှိပြီး နစ်နာဆုံးရှုံးမှုများကို ကာကွယ်လာနိုင်မည်ဖြစ်ပါသည်။ အလားတူ စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည့်အခါတွင်လည်းလိုက်နာရမည့်တာဝန်များနှင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်း၍ ထုတ်လုပ်ရမည်ဟူသော အသိများရှိသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်လာနိုင်စေသည်။ 
ယင်းအတွက်ကြောင့် မိမိဘဝတိုးတက်ရေးနှင့် စားသုံးသူအခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေးတို့အတွက် www. doca.gov.mm website ဝင်၍ လေ့လာသင့်ပါကြောင်း အကြုံပြုရေးသားလိုက်ရသည်။

စူပါထူး(တောင်ကြီး)