Main menu

Background

ဈေးကောင်းရမည့် မြန်မာ့ကြက်သွန်ဖြူ

Thu, 09/17/2026 - 10:50 -- journal_editor

ရှမ်းပြည်နယ် မိုးနဲ၊ မိုင်းပန်၊ လဲခြား၊ မိုင်းတုံ၊ မိုင်းဆတ်ဒေသများမှထွက်ရှိသော ကြက်သွန်ဖြူများသည် အရည်အသွေးကောင်းမွန်သောကြောင့် ထိုင်းနိုင်ငံမှကြိုက်နှစ်သက်သောပို့ကုန်အမယ်တစ်မျိုးဖြစ်သည်။ အဆိုပါဒေသများမှ ထွက်ရှိ သော ကြက်သွန်ဖြူသည် ထိုင်းနိုင်ငံတွင်စိုက်ပျိုးသောကြက်သွန်ဖြူနှင့် အရည်အသွေးတူညီသဖြင့် ထိုင်းလူမျိုးများပိုမိုနှစ်သက်စွာ စားသုံးကြကြောင်းသိရသည်။ ကြက်သွန်ဖြူအဓိကတင်ပို့ရာတွင် မိုးနဲ၊ မိုင်းပန်ဒေသထွက်ကုန်ပစ္စည်းများကို သံလွင်တံတား(တာဆန်း)ကိုဖြတ်ကာ မိုင်းတုံ၊  မိုးဆတ်မှတစ်ဆင့် တာချီလိတ်သို့ သယ်ယူပြီး တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်လိုင်စင်ဖြင့် အမှန်တင်ပို့ဆောင်ရွက်ပြီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့သို့ တင်ပို့လျက်ရှိသည်။
ကြက်သွန်ဖြူသည် ပင်ရင်းဒေသသက်သေခံလက်မှတ်( Form D ) အကျိုးခံစားခွင့်ရရှိသောကြောင့် ကြက်သွန်ဖြူလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်တွင်တွက်ခြေကိုက်ပြီး တင်ပို့မှုအဆင်ပြေလျက်ရှိသည်။ ကြက်သွန်ဖြူသည် ထိုင်းနိုင်ငံ ဘက်တွင် လက်လီ 1 Kg လျှင်  ၄၂ ဘတ်၊ မြန်မာငွေ  ၅၄၆၀ ကျပ်ရရှိနေပြီး  အရောင်းအဝယ်ကောင်းမွန်လျက်ရှိသည်။ ကြက်သွန်ဖြူများကို ထိုင်းနိုင်ငံသို့ စတင်တင်ပို့လျက်ရှိသည်။ ကြက်သွန်ဖြူသည် စားသောက်ကုန်ပစ္စည်းဖြစ်သည့်အပြင် ဆေးဝါးကုန်ကြမ်းအဖြစ်လည်း အသုံးပြုကြသည်။ 
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကြက်သွန်ဖြူများကို နှစ်စဉ်တင်ပို့လျက်ရှိပြီး ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃၄၄၄ဒသမ ၂၂၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၀၄ သန်း၊  ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၉၂၄၈ ဒသမ ၂၂၁ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၉ ဒသမ ဝ၀၈သန်း၊ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၉၇၀ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၇၄ သန်း၊ ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ် သြဂုတ်  ၂၁ ရက်ထိ တန်ချိန် ၂၉၄၇ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ  ၃ ဒသမ  ၅၃၉ သန်း တင်ပို့နိုင်ခဲ့သည်။     

တာချီလိတ်ကုန်သွယ်ရေးစခန်း