စီးပွားရေး (သို့) စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး (သို့) ကုန်သွယ်မှုနှင့် ကန့်သတ်ချက်ရှိသောကုန်စည်များနှင့် ဝန်ဆောင်မှုများကို နယ်မြေတစ်ခုအတွင်း အမျိုးမျိုးသောကိုယ်စားလှယ်တို့မှသုံးစွဲမှု စသည်တို့ပါဝင်သည်။ စီးပွားရေးဆိုင်ရာကိုယ်စားလှယ်များသည် သီးခြားရပ်တည်သူများ၊ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ (သို့) အစိုးရအဖွဲ့အစည်းများ စသည်တို့ဖြစ်နိုင်သည်။ ထိုဖလှယ်မှုလုပ်ငန်းသည် ပါဝင်သူနှစ်ဦးက ဖလှယ်မည့်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု၏ သတ်မှတ်ငွေကြေးစနစ်ဖြင့် ဖော်ပြထားသောတန်ဖိုးသို့ဈေးနှုန်းတစ်ခုကို သဘောတူညီမှုရရှိလျှင် ဖြစ်ပေါ်သည်။
ယခင်အခါက စီးပွားရေးဆိုင်ရာဆောင်ရွက်မှုများသည် သဘာဝသယံဇာတများ၊ လုပ်သားများနှင့် ရင်းနှီးမြှုပ်နှံမှုများစသည်တို့ဖြင့် စုပေါင်းထားသည်ဟု ယူဆခဲ့ကြသည်။ ထိုအမြင်သည် အတတ်ပညာ၏ ရလဒ်ဖြစ်သောနည်းပညာ၏ တန်ဖိုး (အလိုအလျောက်လုပ်ဆောင်မှု၊ လုပ်ငန်းဆောင်ရွက်မှုကို မြန်ဆန်လာစေမှု၊ ကုန်ကျစရိတ်လျော့ကျလာမှု)နှင့် ဆန်းသစ်ပြောင်းလဲမှု (ကုန်စည် အသစ်များ၊ ဝန်ဆောင်မှုများ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ဈေးကွက်အသစ်များ၊ ဈေးကွက်ချဲ့ထွင်မှုများ၊ ဈေးကွက်ကွဲပြားခြားနားမှုများ၊ ဈေးကွက်ထိုးဖောက်မှုများ၊ အမြတ်ငွေတိုးပွားမှုနည်းအသစ်များ) စသည်တို့ကို လျစ်လျူရှုထားလျက်ရှိသည်။
စီးပွားရေးစနစ်သုံးမျိုးမှ ဗဟိုစီမံကိန်းချစီးပွားရေးစနစ်၏ ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်အကြောင်းကို ဖော်ပြလိုက်သည်။
ဗဟိုစီမံကိန်းချစီးပွားရေးစနစ်၏ သွင်ပြင်လက္ခဏာများ(The Characteristics of The Centeally Planned Economy)
(၁) နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေများ အားလုံးကို အစိုးရမှ ချုပ်ကိုင်သည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းမရှိ၊ အခြေခံစီးပွားရေးပြဿနာ အားလုံးကို အစိုးရကသာ တာဝန်ယူဖြေ ရှင်းပေးသော စနစ်ဖြစ်သည်။
(၂) စားသုံးသူများအနေဖြင့် အစိုးရမှထုတ်လုပ်သောကုန်စည်နှင့် ဝန်ဆောင်မှုများကိုသာသုံးစွဲရပါသည်။ စားသုံးသူ၏ဆန္ဒထက် အစိုးရ၏ ထုတ်လုပ်နိုင်မှုကသာ လူတို့၏ စားဝတ်နေရေးပြဿနာများကို ဆုံးဖြတ်ချက်ပေးသည်။
(၃) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းခွင့်မပြုသောကြောင့် ပုဂ္ဂလိကလုပ်ငန်းများ၏ယှဉ်ပြိုင်မှုလည်း ဤစနစ်တွင်မရှိပါ။
(၄) အလုပ်လက်မဲ့အခြေအနေမရှိဟု သတ်မှတ်သည်။
(၅) ဆင်းရဲချမ်းသာကွာဟချက်မရှိစေရဟု သတ်မှတ်သည်။
(၆) စီးပွားရေးကိစ္စရပ်များကို နှစ်တိုနှစ်ရှည် စီမံကိန်းများရေးဆွဲချမှတ်ပြီး စီမံကိန်းများကို အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်သည်။
(၇) လုပ်ငန်းတိုင်းသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသာ ဖြစ်သည်။
ဗဟိုစီမံကိန်းချစီးပွားရေးစနစ် ဘယ်လိုအလုပ်လုပ်သလဲ(How Does Centeally Planned Economy Works?)
ဗဟိုစီမံကိန်းချ စီးပွားရေးစနစ်တွင် စီးပွားရေးလုပ်ဆောင်ချက်များအားလုံးသည် ဗဟိုအာဏာပိုင်အဖွဲ့အစည်း(အစိုးရ)၏ ဆုံးဖြတ်များဖြင့်သာ အလုပ်လုပ်ပါသည်။
ဤတွင် အစိုးရသည် စည်းမျည်းစည်းကမ်းများ ချမှတ်ထိန်းသိမ်းခြင်း(Regulating)၊ စီမံကိန်းများချမှတ်ခြင်း(Planning)နှင့် တိုင်းပြည်အတွင်းကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်မှုကို ထိန်းချုပ်ခြင်း (Governing goods and services produced in the country) တို့အတွက် အဓိကကျသော အခန်းကဏ္ဍမှဝင်ရောက်ထိန်းချုပ်ထားသည်။
ထုတ်လုပ်သည့်ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ သသဘာဝများ(Nature)၊ အမျိုးအစားများ (Types)၊ အရေအတွက် (Quantity)၊ အရေအသွေး (Quanlity)နှင့် ဈေးနှုန်းများ(Prices) များကိုလည်း အစိုးရကသာ ဆုံးဖြတ်သည်။
ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းတို့နှင့် သက်ဆိုင်သော စီးပွားရေး စီမံကိန်များအားလုံးသည် နိုင်ငံပိုင်အဖွဲ့အစည်းများကိုသာ တိုးတက်စေသည်။
အစိုးရက စီးပွားရေးအဆောက်အအုံအတွင်းတွင် လုပ်သား (Labour)၊ အရင်းအနှီး (Capital)၊ သဘာဝသယံဇာတစွမ်းအားစုများ (Natural Resources) အစရှိသည်တို့ကို ဖြန်ဖြူးခြင်းသည် စွမ်းဆောင်ရည်ပြည့်ဝသည်ဟု ယုံကြည်ယူဆသည်။
ဘဏ္ဍာရေးအပါအဝင် မော်တော်ကားထုတ်လုပ်သည့်စက်ရုံများနှင့် အခြားသောစက်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ၏တန်ဖိုးများကိုပါ ဗဟိုအဆင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများကလက်ဝါးကြီးအုပ်၍ ပိုင်ဆိုင်မှုပြုထားသည်။ စီးပွားရေးစီမံကိန်းနှင့် ပတ်သက်သော မူဝါဒများအားလုံးကိုလည်း အစိုးရကသာဖန်တီးသည်။
စီးပွားရေးစနစ်တစ်ခုသည် ယဉ်ကျေးမှု၊ တန်ဖိုးထားမှု၊ ပညာရေး၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ သမိုင်းကြောင်း၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံရေးဖွဲ့စည်းပုံနှင့် ဥပဒေစနစ်၊ ထိုနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထား၊ သဘာဝအရင်းမြစ်တည်ရှိမှု ဂေဟစနစ်စသည့် အဓိက အခြေခံအကြောင်းအရာတို့၏ ဆောင်ရွက်မှုလုပ်ငန်းစဉ်တို့၏ ရလဒ်ဖြစ်သောကြောင့် ရေးသားလိုက်ရပါသည်။
ကိုးကား Command Economy
ကယား၊ မြင့်စိုး
