Main menu

Background

အနာဂတ် မြန်မာ့အိုင်စီတီနယ်တွင် ပိုမိုအရေးပါလာမည့် ရတနာပုံတယ်လီပို့

Mon, 03/22/2010 - 06:50 -- Anonymous (not verified)

ယနေ့ကမ္ဘာတွင် နည်းပညာမျိုးစုံ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ICT အခန်းကဏ္ဍသည်လည်း မရှိမဖြစ် အရေးပါလျက်ရှိပါသည်။ ICT အခန်းကဏ္ဍတွင် ဆက်သွယ်ရေးနည်းပညာများဖြင့် သတင်းအချက်အလက်များ လိုအပ်သည့်ပညာ ရပ်များနှင့် ဗဟုသုတ များကို အချိန်နှင့်တစ်ပြေးညီ (Real Time)သိရှိလေ့လာနိုင် စေရန် လုပ်ဆောင်နိုင်ခြင်းတို့ပါဝင်ပေသည်။နိုင်ငံတစ်ခုတွင်လည်း ဆက်သွယ်ရေးနည်းပညာဖြင့် အချိန်တိုတိုအတွင်း သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းသည် အလွန်ပင် အရေးပါလှပါသည်။ ယခုအချိန် အခါ နည်းပညာများ တိုးတက်ထွန်းကားနေသည့်ခေတ်တွင် မြန်မာနိုင်ငံအနေဖြင့် ရတနာပုံ ဆိုက်ဘာမြို့တော်ကြီးကို တည်ထောင်၍ ICTနည်းပညာများ ဖွံ့ဖြိုး တိုးတက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများတွင် အဓိကပါဝင်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်မည့် ရတနာပုံ Cyber City ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီး မိုင်တိုင်အမှတ် (၂၇/ဝ)နေရာ၌ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရတနာပုံ Cyber City  ၏ Developing Project Area မှာ ဧက တစ်သောင်းကျော် ကျယ်ဝန်း၍ ဧကနှစ်ထောင့်နှစ်ရာစီ၌ ှSoftbase Area နှင့် ၤFactory ဧရိယာများ ခွဲခြားသတ်မှတ်၍ လုပ်ငန်းများ အကောင်အထည်ဖော ်ဆောင်ရွက်လျက်ရှိပါသည်။ရတနာပုံ Cyber City Project ၏ အဓိကအဆောက်အအုံဖြစ်သော Yatanarpon Teleport Building ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး လုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိပါသည်။ ရတနာပုံ တယ်လီပို့တွင် ှSoftware Development Insourcing & Outsourcing  လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် Incubation Center အဆောက်အအုံ ခုနစ်လုံးကိုတည်ဆောက်၍ လုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိပါသည်။ ထို့အပြင် ရတနာပုံ Cyber City တွင် ပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် Optical Fiber Production စက်ရုံများ G PON System နှင့်ပတ်သက်သည့် စက်ရုံများ Mobile Phone နှင့် Exchange များထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်၍ လုပ်ကိုင်လျက်ရှိကြပါသည်။လက်ရှိဆောင်ရွက်နေမှုနှင့် တိုးတက်မှုများICT နည်းပညာများနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲ များ၊ ICT  ပြပွဲများကို  ကျင်းပသွားနိုင်ရေးအတွက် ရတနာပုံတယ်လီပို့  ကုမ္ပဏီလီမိတက်မှ ဘက်စုံသုံး Cyber Hallအဆောက်အအုံကို ၂၀၀၉ခုနှစ် ဒီဇင် ဘာလ ၂၆ ရက်တွင်ဖွင့်လှစ်၍ (၈)ကြိမ်မြောက် ICT  ရက်သတ္တပတ်ပွဲတော်ကို ကျင်းပပြုလုပ်နိုင်ခဲ့သည်။ရတနာပုံတယ်လီပို့ကုမ္ပဏီကို နိုင်ငံတော်က ၄၀ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ  ၆၀ ရာခိုင်နှုန်း ပူးပေါင်းပြီး ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီအနေဖြင့် လက်ရှိလုပ်ကိုင်ဆောင်ရွက်နေလျက် ရှိသော ဝန်ဆောင်မှုလုပ်ငန်းများမှာ iPStar, WiMax, FTTH (Triple Play) လုပ်ငန်းတို့ပင် ဖြစ်သည်။ Triple Play Service ရရှိနိုင်မည့် ၤFiber To the Home  လုပ်ငန်းကို ပြင်ဦးလွင်မြို့တွင် ရှေ့ပြေးစမ်းသပ် မှု အစီအစဉ်အဖြစ် အကောင်အထည်ဖော်လျက် ရှိနေ ပါသည်။ Triple Play Service ဆိုသည်မှာ Optical Fiber Cable ပေါ်မှ လယ်လီဖုန်း၊ အင်တာနက်နှင့် တယ်လီဗွီးရှင်းတို့ကို တစ်ပြိုင်တည်းအသုံး ပြုနိုင်မည်ဖြစ်ပြီး လက်ရှိသုံးစွဲနေသော ADSL Connection  တွင်ရရှိသည့် အမြန်နှုန်းထက် ပိုမိုမြန်ဆန်သော မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်ဝန်ဆောင်မှုပင် ဖြစ်သည်။ ထို့အပြင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်၏ ထုတ်လုပ်မှု လုပ်ငန်းအဖြစ် Solar Cell စက်ရုံအတွက် တည်ဆောက်လျက်ရှိပါ သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် သင်တန်းများ ကိုMCC Group နှင့်ပူးပေါင်း၍လည်း ဆောင်ရွက်လျက်ရှိပါ သည်။ ၎င်းင်းသင်တန်းမှ နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန် ပျူတာမဟာသိပ္ပံဘွဲ့များ အထိပါ  တက်ရောက် သင်ကြားနိုင်ပါသည်။ ရတနာပုံတယ်လီပို့တွင် Co-location Server များအတွက် ငှားရမ်းပေးခြင်း၊ Web hosting လုပ်ငန်း များDial  Up  လုပ် ငန်းများ BroadBand, WiMaz လုပ်ငန်းများလည်း လုပ်ကိုင် လျက်ရှိသည်။ ယခုလက်ရှိ အကောင်အထည် ဖော်လျက်ရှိသော Yatanapon Web Portal တွင် ပျော်ရွှင်ဖွယ်ရာ၊ စိတ်ဝင်စား ဖွယ်ရာ ဗဟုသုတဖြစ်ဖွယ်ရာကဏ္ဍပေါင်းစုံကို ကြည့်ရှုခံစားနိုင်ပါ သည်။ ထို့အပြင် (CA) Certification Authority Service သည် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သည့်အခါ ရောင်းသူဝယ်သူ အကြား စိတ်ချယုံကြည်စွာဆောင်ရွက်နိုင်မည့် အာမခံချက်ပေးသော ဆက်သွယ်ရေးလုံခြုံမှုစနစ် တစ်ခုပင်ဖြစ်သည်။ဖွံ့ဖြိုးဆဲကာလမြန်မာနိုင်ငံအနေဖြင့် ရတနာပုံတယ်လီပို့တွင် ICT  လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုမှာ ပထမအဆင့် အနေဖြင့် Fiber Cablel စက်ရုံများ၊ EXchanger  စက်ရုံများ၊ Mobile Phone စက်ရုံများ စတင်လည်ပတ်လျက်ရှိသည်။ ၎င်းင်းစက် ရုံတို့မှာ E-lite, Yatanarpon Fiber နှင့် Fisca Enterpriseတို့ပင်ဖြစ်သည်။အကောင်အထည်ဖော်မည့် လုပ်ငန်းများရတနာပုံတယ်လီပို့ကုမ္ပဏီအနေနှင့် ဆက်သွယ်ရေး လုပ်ငန်း များကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းလုပ်ငန်းများအတွက် ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်တွင် Satellite R&D Deparment တစ်ခုတည်ထောင်၍ စတင်လုပ်ကိုင်နေပါသည်။ နယ်မြို့ များနှင့် ကျေးလက်များအထိပါ အင်တာနက်နှင့် တယ်လီဖုန်းများ အသုံးပြုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံးတွင် အင်တာနက်အသုံးပြုသူ လူဦးရေ တစ်နေ့တခြား များပြားလာသည်နှင့်အမျှ Bandwith လိုအပ်ချက် ပြည့်မီနိုင်ရေး အတွက်လည်းDWDMအသုံးပြုသည့် ှုIP Backbone များ တိုးချဲ့တည်ဆောက်လျက် ရှိနေပါသည်။ အနာဂတ်စီးပွားရေး မျှော်မှန်းချက်ရတနာပုံတယ်လီပို့ကုမ္ပဏီသည် ICT ဝန်ဆောင်မှုလုပ်ငန်း များနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် Market Share အများဆုံး ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ Productionလုပ်ငန်းများ တွင်Local Demand ကိုကြည့်ရှု၍ အိမ်နီးချင်းနိုင်ငံများနှင့် ဈေး ကွက်ယှဉ်ပြိုင်နိုင်ဖို့ရန်အထိ လုပ်ကိုင်သွားရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အနာဂတ်မျှော်မှန်းချက်အနေဖြင့် မြန်မာ ပြည်တွင် ICT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသာမကဘဲ သင်တန်း နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သောကြောင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်၏ အခန်းကဏ္ဍမှာ မြန်မာ့သတင်းနှင့်ဆက်သွယ်ရေးကဏ္ဍ နယ်ပယ်တွင် ပိုမိုအရေးပါလာမည်ဟု မျှော်လင့်မိပါသည်။      ဇူးဇူး