တန်ခူးနွေနေပူကြဲကြဲဟာ အ တော် လေးနေရခက်ပေမယ့် ဟိုနားဒီ နားမှာ ကြားလာရတဲ့ မြူး<က<ကသြင်္ကန် ကြိုတေး တွေက ပျော်စရာသြင်္ကန်နယ် နမိတ်ထဲ စဝင်လာပြီဆိုတဲ့ စိတ်နဲ့ ဖြေ သိမ့်ပေးနေ သလိုပါပဲ။ သြင်္ကန်ကျတော့မယ်ပေါ့။ ရိုးရာရေသဘင်ပွဲမှာ အပျော် တွေစီးလို့ မြူးတူး ကြမယ်လေ။ ကမ္ဘာတစ်လွှားမှာ သူ့ယဉ်ကျေးမှုနဲ့သူပျော် စရာရိုးရာပွဲလမ်း သဘင်တွေကို ကျင်းပလေ့ရှိကြတယ်။ သူ့ဓလေ့သူ့စရိုက်သူ့ ဟန်နဲ့ သူပေါ့။ အသိုင်းအဝိုင်းအစုအဖွဲ့နဲ့ စုစုဝေးဝေး ပျော်တတ်ကြတဲ့ လူ့သဘာဝဓလေ့ စရိုက်တစ်ခုပဲ။ တစ်နည်း အားဖြင့် လူမျိုး အသီးသီးက မိမိတို့ရဲ့ ဓလေ့စရိုက် သဘာဝတွေကို လှစ်ဟပြတဲ့ ယဉ်ကျေးမှု ပွဲတော်တွေလည်းဖြစ်ပါတယ်။ ယဉ်ကျေးမှုပွဲတော်တွေထဲမှာ အရှေ့တိုင်းနိုင်ငံတွေရဲ့ အဓိကရိုးရာယဉ် ကျေးမှုပွဲတော်တွေဟာ ဘာသာရေး ဆက် နွယ်တဲ့နှစ်သစ်ကူးပွဲတော်တွေဖြစ် နေတာ တွေ့ရပါတယ်။ ဒီလိုပါပဲ သြင်္ကန်ပွဲတော် ဟာလည်း ဗုဒ္ဓဘာသာ ဝင်မြန်မာတို့ရဲ့ နှစ်ဟောင်းကုန်လို့နှစ် သစ်ကို ကူးပြောင်းတဲ့ ပွဲလမ်းအထိမ်း အမှတ်သဘင်တစ်ခုပါ။ ကမ္ဘာအနံှ့က ရိုးရာယဉ်ကျေးမှုပွဲတွေထဲမှာ အထူးခြားဆုံးနဲ့ချစ်စရာ အကောင်းဆုံး ပွဲလမ်း သဘင်လို့လည်း ထင်ပါတယ်။ သြင်္ကန်ရဲ့ အဓိက သရုပ်သကန်က မြို့ရွာ အနှံ့တစ်နိုင်ငံလုံးမှာ ရှိကြတဲ့သူတွေဟာ တစ်ဦး ကိုတစ်ဦး ရေလောင်း ကြတာပဲ မဟုတ်ပါလား၊ ရေလောင်းခံရသူရော ရေ လောင်းသူရော အပျော်စိတ်လေးတွေ နဲ့ရေကစားကြတာပါ။ ဒါနဲ့ပတ်သက်လို့ စာထဲမှာ ဖတ်ခဲ့ဖူးတာကိုသတိရမိပါတယ်။ ဗြိတိသျှသံတမန်တစ်ယောက်ဟာ သြင်္ကန် ရက်အတွင်းမှာ ပဲခူးကို ရောက်သွားခဲ့ တယ်လို့ဆိုပါတယ်။ အဲဒီ သံတမန်က ပဲခူး မြို့တော်ဝန်အိမ်ကိုရောက်ခဲ့အခါ မြို့တော် ဝန် ရဲ့သမီးနှစ်ယောက်က မိဘနှစ်ပါးကို စန္ဒကူးနှင်းရေနဲ့ ကန်တော့တာကို တွေ့ မြင်ခဲ့ရကြောင်း သူ့ရဲ့မှတ်တမ်းမှာ ရေး သားခဲ့တယ်လို့ စာထဲမှာဆိုထားပါတယ်။ မြန်မာတို့ရဲ့ယဉ်ကျေးမှု မေတ္တာအရင်းခံရေ ကစားခြင်းကိုလည်း ထိုသံတမန်က အံ့သြချီးမွမ်းရေးသားထားတယ်လို့ ဆို ပါတယ်။ မြန်မာတို့အကြောင်း၊ မြန်မာ့ ယဉ်ကျေးမှုအကြောင်းရေးသားကြပြီဆို ရင် နှစ်သစ်ကူးသြင်္ကန်ပွဲတော်က မပါ မဖြစ်ပါရတာပါဘဲ။ လှပယဉ်ကျေးတဲ့ ချစ်စရာ မြန်မာ့သြင်္ကန်ဓလေ့ဘယ်တုန်း ကများ စခဲ့ကြတာပါလဲလို့တွေးရပြန် ပါတယ်။သြင်္ကန်အစ အယူအဆများ တန်ခူးလကို ပုဂံခေတ်မှာတန်ခူ လို့ ရေးသားခဲ့ကြပြီး အင်းဝခေတ်ရောက် မှ တန်ခူးလို့ ပြောင်းလဲရေးသားခဲ့တယ် လို့ဆိုပါတယ်။ တန်ရဲ့ပါဠိလို အဓိပ္ပါယ် မှာထန်းဖြစ်ပြီး ခူးရဲ့ အဓိပ္ပါယ်မှာဆွတ် ေ>ခခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ ကြောင့် တန်ခူးလဆိုတာ ထန်းသီးဆွတ် ေ>ခတဲ့ လဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့ ဦးဖိုး လတ်ရဲ့ မြန်မာအမည်များ ဖွင့်ဆိုချက်မှာ ရှင်းပြထားပါတယ်။ သြင်္ကန်ဆိုတဲ့ဝေါဟာရဟာ "သြင်္ကန္တ" ဆိုတဲ့ သက္ကတပုဒ်ကနေ ပြောင်းလဲလာ တဲ့မြန်မာ့ စကားဖြစ်တယ်လို့ ယူဆကြ တာရှိသလို "သင်္ကန္တ" လို့ခေါ်တဲ့ ပါဠိစကား ကနေ ဆင်းသက်တာလို့ ယူဆတဲ့ ပညာရှင် များလည်း ရှိပါတယ်။ ဘယ် လိုပဲဖြစ်ပါစေ သြင်္ကန်ဆိုတဲ့ဝေါဟာရဟာ ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်းဆိုတဲ့ အဓိပ္ပါယ်သက် ရောက် တယ်လို့ ဆိုကြပါတယ်။ သြင်္ကန် ကျတယ် ဆိုတာနှစ်ဟောင်းကနေနှစ်သစ်ကို ကူး ပြောင်းတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကမ္ဘာဦးကာလတုန်းကကဝါ လမိုင်းလို့ ခေါ်တဲ့ ဗေဒင်ပညာရှင်တစ် ယောက်ရှိခဲ့ တယ်လို့ ဆိုပါတယ်။ သိကြားမင်းနဲ့ ဗြဟ္မာ ကြီးတစ်ပါးတို့ဟာ ဗေဒင်ဆိုင်ရာ ပြဿနာ တစ်ခုအတွက် အငြင်းအခုန်ဖြစ်ကြပြီး ကဝါလမိုင်းဆရာကြီးထံမှာ အဆုံးအဖြတ် ခံယူကြတယ်။ နိုင်တဲ့သူက ရှုံးတဲ့သူရဲ့ ဦးခေါင်းကိုဖြတ်ယူကြဖို့လည်း ကတိခံထား ခဲ့ကြပါတယ်။ ကဝါလမိုင်းဆရာကြီးက သိ ကြားမင်းရဲ့ အယူအဆမှန်တယ်လို့ ဆုံးဖြတ် ပေးလိုက်တဲ့အခါ သကြားမင်းက ဗြဟ္မာမင်း ရဲ့ ဦးခေါင်းကို မဖြတ်ချင်ပေမယ့် ဗြဟ္မာ မင်းက သူ့ရဲ့ ကတိ အတိုင်း အဓိဌာန်ပြုပြီး မိမိဦးခေါင်းကိုပြတ်စေခဲ့တယ်လို့ဆိုပါတယ်။ ဗြဟ္မာ့ခေါင်းကို ပင်လယ်သမုဒ္ဒရာ ထဲ ပစ်ချလိုက်ရင် ရေတွေခန်းခြောက် ကုန် မယ်။ မြေပေါ်ပစ်ချရင် မီးဟုန်းဟုန်း တောက်လောင်မယ်။ အခက်တွေ့ နေတဲ့ သိကြားမင်းဟာ ဗြဟ္မာ့ခေါင်းကို နတ်သမီး ခုနှစ်ပါးကို အလှည့်ကျ ပွေ့ချီ ထားစေလိုက် တယ်လို့ ဆိုပါတယ်။ နတ်သမီးတစ်ပါးရဲ့ လက်ကနေ တခြားနတ်သမီးတစ်ပါး လက် ထဲကို ဗြဟ္မာ့ဦးခေါင်း ပြောင်းရွှေ့ပေးတဲ့ အချိန်ကာလဟာ လူ့ပြည်က တစ်နှစ်တာ အချိန်ကာလနဲ့ ညီမျှတယ်လို့ဆိုပါတယ်။ အဲဒီလိုဗြဟ္မာ့ဦးခေါင်းပြောင်းရွှေ့တာကို သက္ကရာဇ် ဦးခေါင်းပြောင်းတယ်လို့ဆိုကာ အတာသြင်္ကန်ပွဲတွေ ကျင်းပကြတာ ဖြစ် တယ်လို့ ယူဆကြတာလည်း ရှိပါတယ်။ သြင်္ကန်ဝေါဟာရနဲ့ သက္ကရာဇ် ဝေါဟာရတွဲ နေ ပြီး ကမ္ဘာဦးအစမှာ လူဟာ ဗြဟ္မာက နေ စတင်ဖြစ်လာတယ်။ လူနဲ့အတူ နေ နဲ့လလည်း ဖြစ်ပေါ်လာတယ်။ နေ့အ ချိန်နဲ့ ညအချိန်ဖြစ်ပေါ်လာတဲ့အခါ သိ ကြားမင်း က လူ့ပြည်ကိုဆင်းလာပြီး ခု၊ နှစ်၊ လ များကို စီစဉ်ပေးသွားခဲ့တယ်။ သိကြားမင်းရဲ့ အစီအစဉ်ဖြစ်တဲ့အတွက် သိကြားမင်းရဲ့ အမည်ဖြစ်တဲ့ သက္ကရာ ဇာကိုအမှတ်တရ ယူပြီး သက္ကရာဇ်လို့ ရေးသားသုံးစွဲတာ ဖြစ်တယ်လို့ ယူဆကြ တာလည်း ရှိပါတယ်။ ဘယ်လိုပင်ဖြစ်ပါစေ၊ ပုဂံခေတ် ကျောက်စာမှာ သြင်္ကန်နဲ့ပတ်သက်တဲ့ ဝေါဟာရ တွေကို တွေ့ရတဲ့အတွက် ပုဂံ ခေတ်မှာ နှစ်သစ်ကူးသြင်္ကန်ပွဲကိုကျင်း ပနေပြီလို့ ယူဆရပါတယ်။ယဉ်ယဉ်ကျေးကျေးလှပတဲ့ အတာ သြင်္ကန် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာ သြင်္ကန်ပွဲဟာ ပူအိုက်တဲ့နွေကာလမှာ တစ်ဦးကိုတစ်ဦး ရေပက် လောင်းခြင်း ဖြစ်တယ်လို့ တစ်ဦးကတစ်ဦးကိုအေး မြပါစေကြောင်း စေတနာအရင်းခံကောင်း နဲ့ပြုလုပ်တဲ့ သိမ်မွေ့တဲ့ဓလေ့ဖြစ်ပါ တယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုပွဲတော် ဖြစ် တာနဲ့အညီ သြင်္ကန်ကာလမှာ ဥပုသ် သီလဆောက်တည်ကြတယ်။ အိမ်တွေ လမ်းတွေထဲမှာ စတုဒီသာ များ ကျွေးမွေးကာ အလှူဒါနပြုကြတယ်။ သက်ကြီးရွယ်အိုတွေကို ခေါင်း လျှော်ပေး ခြေသည်း လက်သည်းလှီးပေးပြီး ရိုသေ ဂါရဝပြုကြတဲ့အပြင် ဘုရား ကျောင်း ကန်၊ဇရပ်တန်ဆောင်းတွေကို သန့်ရှင်း ရေး တွေလုပ်ပြီး ကုသိုလ် ကောင်းမှု ပြုလုပ် ကြတဲ့အပြင်တစ်ချို့က တိရိစ္ဆာန် တွေကို ဘေးမဲ့လွှတ်ပေးပြီး ကုသိုလ်ယူ ကြတဲ့သူတွေလည်း ရှိပါတယ်။ ကောင်း မြတ်တဲ့စိတ်ဓါတ်တွေ၊ ညီညီညွှတ်ညွှတ် ပျော်ပျော်ရွှင်ရွင်နေ ထိုင်တဲ့ စိတ်ဓါတ် တွေကို ဖော်ညွှန်းတဲ့ ပြယုဂ်တွေပါပဲ၊ ရေကစားကြတဲ့အခါမှာလည်း မသန့်စင် တဲ့ ရေကို အသုံးမပြုကြတာဟာလည်း မြန်မာတို့ရဲ့ ရှင်းသန့်တဲ့ လူမှုစရိုက်ကို ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလိုအချက် တွေကြောင့်လည်း သြင်္ကန်ပွဲတော်ကို ကြုံဖူးသူ နိုင်ငံသား တွေအားလုံးက နှစ်သက် သဘောကျကြတာပါ။ပြောင်းလဲလာတဲ့ရေသဘင်ပွဲဆင်နွှဲ ပုံများ နည်းပညာတွေတိုးတက်ပြောင်းလဲ လာတာနဲ့အမျှ လူတွေရဲ့အသုံးအ ဆောင်တွေလည်း ပြောင်းလဲလာပါ တယ်။ အဲဒီအခါမှာ ပွဲလမ်းသဘင် ကျင်းပ ပုံ တွေလည်း ပြောင်းလဲလာတာ ပေ့ါ။ ဟိုးတုန်းက ရေခွက်တွေနဲ့ ရေ လောင်း ပက်ကြရာကနေ ရေ>ပတ်တွေ ရေပိုက် တွေသုံးပြီး ရေကစားလာကြပါ တယ်။ နီးစပ်ရာလူတွေကို ရေပက်ရာ ကနေ ရေကစားမဏ္ဍပ်တွေထိုးပြီး ရေ ပက်လာကြတယ်။ နီးစပ်ရာမိတ်ဆွေ တွေနဲ့စုဖွဲ့ပြီး မြို့အနှံ့ရေပက်ခံထွက်လာ ကြတယ်။ သီချင်းတွေဆိုကြတယ်။ မဏ္ဍပ် တွေမှာ ဂီတတွေ၊ အကတွေနဲ့ ဧည့်ခံဖျော်ဖြေကြတယ်။ နောက်ပိုင်း နာမည်ကျော်အနုပညာရှင်တွေကို သီး သန့်ခေါ်ယူပြီး ဧည့်ခံဖျော်ဖြေကြတယ်။ ရေကစားမဏ္ဍပ်တွေမှာ ရေပက်သူတွေ ကလည်း ဆိုကြကကြဧည့်ခံဖျော်ဖြေ တဲ့အပြင် ရေပက်ခံသူတွေကလည်း ပျော်ရွှင်မြူးတူးကခုန်ကြတာ သြင်္ကန်ပွဲ တော်ကြီးဟာ ပိုပြီးမြိုင်ဆိုင်ကာ ပိုပြီး ထယ်ဝါလာ၊ ပိုပြီးပျော်စရာကောင်းလာ ပါတယ်။ သြင်္ကန်ကို အထူးရည်ရွယ်ပြီး သီချင်းတွေဆိုကြစပ်ကြပြီး သီချင်းခွေ တွေထုတ်လာကြပါတယ်။ သြင်္ကန်သီ ချင်းတွေဟာလည်း ပုံစံအမျိုးမျိုးပြောင်း လာကြပြီး ရော့(ခ်) သီချင်းအလိုက်တွေ မှာ သြင်္ကန်စာသားတွေသွင်းပြီး ဆိုလာ ကြပါတယ်။ နားထောင်ရတာ ခပ် သွက်သွက်နဲ့ လှုပ်လှုပ်ရွရွ မြူးကြရတဲ့သြင်္ကန် သီချင်း တွေ ပေ့ါ။ ဒါပေမယ့်လည်း မြန်မာ့ တူရိယာကို အ ခြေခံ တီးခတ်ထားတဲ့ သြင်္ကန် သင်္ကေတ သီချင်းသံတွေကသာ ကြားလိုက်ရတာနဲ့ တင် ညိမ့်ညိမ့်လေးနဲ့ အလိုလိုပျော်မြူးစေ တဲ့ သီချင်းတွေဖြစ်နေလျက်ရှိနေဆဲပါပဲ။ ရေပက်ခံထွက်တဲ့ သူတွေရဲ့ ပုံစံကလည်း ပြောင်းလဲလာ ကြပါတယ်။ ဟိုးတုန်းက ဒေါ့ဂျစ်ကားကြီးတွေ အမိုးဖြုတ်ပြီး ကားရဲ့ဘေးမှာ ပန်းချီတွေဆွဲရေပက်ခံ အဖွဲ့ရဲ့ နာမည်တွေရေးထားတဲ့ ဘောင်တွေ ကို ဝိုင်းပတ် ခွေထားပြီး ရေပက်ခံကား လုပ်ကြရာကနေ နောက်တော့ ဂျစ်ကား တွေ အမိုးပြုတ်ပြီး ရေပက်ခံကြတာတွေ ခေတ်စားလာကြတယ်။ အဲဒီနောက်မှာ တော့ဂျပန်ပစ်ကပ်ကားလေးကို အမိုးဖြုတ် ပြီး ရေပက်ခံကားလုပ်လာကြတဲ့အပြင် အခု အခါမှာ ဆလွန်းကားတွေကို နောက် ဖုံးဖြုတ်ပြီး ရေပက်ခံထွက်တာတွေ့လာ ရပါတယ်။ ပုံစံအမျိုးမျိုးပြောင်းလဲပြီး ရေပက်ခံထွက် ရိုးရာသဘင်ပွဲဆင်နွှဲ ပျော်မြူးကြတာပါ။ ဘယ်လိုပဲပြောင်းလဲ ပါစေ နိုင်ငံတကာက အားကျရတဲ့ မြန်မာတွေ အားလုံးက ဂုဏ်ယူရတဲ့ သြင်္ကန် အနှစ်သာရ အမျိုးသားယဉ် ကျေးမှု ကိုတော့ မထိခိုက်စေသင့်ဘူးပေါ့။သြင်္ကန်ယဉ်ကျေးမှုကို အကျည်းတန် စေတဲ့အရာများ သြင်္ကန်နှစ်သစ်ကူးဟာ မြန်မာ့ ယဉ်ကျေးမှုရဲ့ လှပတဲ့ပြယုဂ်တစ်ခုဖြစ် လို့ သြင်္ကန်ကို တန်ဖိုးလျော့စေမယ့် အကျဉ်း တန် စေမယ့် အမူအကျင့်တွေကို ရှောင်ရှား ကြသင့်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး အေးမြရွှင်လန်းစေလိုတဲ စေတနာ အရင်း ခံ ထားတဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်မှာ ရေပက်ရေကစားကြပြီး တစ်ဖက်သားကို အိန္ဒြေပျက်စေတဲ့ အရှက်တကွဲအကျိုးနဲ ဖြစ်စေတဲ့၊ ဒဏ်ရာအနာတရဖြစ်စေတဲ့ အမူအကျင့်တွေပြုလုပ်လာကြတဲ့ လူတချို့ ရှိလာပါတယ်။ တချို့သော သြင်္ကန် ရေကစား မဏ္ဍပ်မှာ ရေပက်နေကြသူတွေ ဟာ မိန်းခလးရော၊ ယောကျာ်း လေးပါ လူမှန်းမသိပဲ မူးယစ်နေကြပြီး စင်ပေါ် မှာ အမြင်မတော်တာတွေ လုပ်နေကြ တာကို မြင်လာကြားလာရတာ စိတ် မချမ်းမြေ့စရာပါပဲ။ တချို့လည်းမူးပြီး အုပ်စုလိုက်ရန်ဖြစ်ကြတာတွေ တွေ့ရ ပါတယ်။ ဘယ်လိုနေရာကျင်းပတဲ့ ဘယ်လိုပွဲလမ်းသဘင်မျိုးမှာပဲဖြစ်ပါစေ မိမိရဲ့ ကိုယ်နှုတ် အပြုအမူကြောင့် တစ် ဖက်သားနဲ့ ပတ်ဝန်းကျင်ကို မထိခိုက် စေရဘူးဆိုတာ အားလုံးလိုက်နာရမယ့် အခြေခံလူကျင့်ဝတ်တစ်ခုပါပဲ။ ခုလို တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ရိုးရာပျော်ပွဲ ရွှင်ပွဲမှာဆိုရင် ပိုလို့တောင်ထိန်းသိမ်း သင့်ကြတာပေ့ါ။ ဟိုးတုန်းကရေပက်ခံ ထွက်သူတွေကို ရေဗူပေါင်းတွေနဲ့ ပေါက်တာမျိုးရှိခဲ့ပါတယ်။ ရေဗူပေါင်း ကြောင့် မျက်လုံးတွေ၊ နားတွေထိခိုက်ခံ ရတဲ့သူတွေရှိခဲ့ပါတယ်။ ရေပက်ခံထွက် သူတွေဟာ ဘယ်လိုနေရာကများ ရေဗူ ပေါင်းနဲ့လှမ်းပစ်လိုက်မလဲဆိုတဲ့ စိုးရိမ် စိတ်ကြောင့် လွတ်လွတ်လပ်လပ်မပျော် ခဲ့ရပါဘူး။ အခုတော့ ရေဗူပေါင်းနဲ့ ပေါက်တာကိုတားမြစ်လိုက်လို့ ရေပက် ခံထွက်သူတွေ ရေဗူပေါင်းစိုးရိမ်ကြောင့် ကြမှုက ကင်းခဲ့ရပါပြီ။ သြင်္ကန်ရဲ့အလှ အပကို အကျဉ်းတန်စေမယ့် အစွန်း အထင်းတွေကိုအခုလိုပဲ ဖယ်ရှားပစ်ရ မှာ ဖြစ်ပါတယ်။ အားလုံးရဲ့ အသိစိတ် နဲ့ပေါ့။ မကြာခင် သြင်္ကန်ကျတော့မယ်။ သြင်္ကန်အပျော်ဆိုတာ ငြီးငွေ့သွားရ တယ်လို့မရှိပါဘူး။ ရေကစားရင်းလည်း ပျော်ရတယ်။ ကုသိုလ်ယူရင်းလည်း ကြည်နူးပီတိဖြစ်ရတယ်။ ဒီနှစ်သြင်္ကန် မှာလည်း တစ်ဦးနဲ့တစ်ဦးနှစ်သစ်ကူးမှာ အေးမြပါစေပျော်ရွှင်ပါစေဆိုတဲ့ ယဉ် ကျေးလှပတဲ့ စိတ်ရင်းအခံနဲ့ ဘယ်သူ့ကို မှ မထိခိုက်မနစ်နာစေတဲ့ အပျော်တွေ စီးဆင်းနိုင်ကြပါစေလို့.......။အောင်မျိုးလွင်ကိုးကား- မြန်မာ့စွယ်စုံကျမ်းများ
Background