Main menu

Background

အမျိုးသမီးစွမ်းဆောင်ရည်မြှင့် နည်းပညာသစ်

Mon, 03/22/2010 - 05:05 -- Anonymous (not verified)

မျက်မှောက်ခေတ် နည်းပညာ ဆန်းသစ် တီထွင်မှုနှစ်ရပ်ဖြင့် အမျိုးသမီးများ၏စွမ်းရည်ကို တိုးမြှင့်စေနိုင်ကြောင်း တွေ့လာရသည်။ နည်း ပညာသစ် တစ်ရပ်မှာ ဆင်းရဲနွမ်းပါးသူများသို့ အ သေးစားချေးငွေ(Microcredit) ထုတ်ချေးသည့် စနစ်ဖြစ်သည်။ ချေးငွေယူသူ အများစုမှာ ခေါင်း ရွက်ဗျတ်ထိုးနှင့် လက်မှုကုန်ထုတ်လုပ်ငန်း ငယ်များ လုပ်ကိုင်နေကြသည့် အမျိုးသမီးများဖြစ် သည်။ ထိုနည်းဖြင့် ဆင်းရဲတွင်းမှ ရုန်းထွက်လာနိုင် သည်ကို တွေ့ရသည်။ ဒုတိယ နည်းပညာသစ်မှာ ကြိုးမဲ့ဆက်သွယ်နိုင်သော မိုဘိုင်းလ်ဖုန်းတီထွင်မှု ဖြစ်သည်။ မိုဘိုင်းလ်ဖုန်း တီထွင်လိုက်သဖြင့် ဘင်္ဂ လားဒေ့ရှ်နိုင်ငံကဲ့သို့ နိုင်ငံများတွင် တယ်လီဖုန်း လေဒီ အများအပြားပေါ်ထွက်လာသည်။ မိုဘိုင်းလ် ဖုန်း ဝယ်ယူထားပြီး ကျေးလက်တောနယ်တွင် ဖုန်း ပြောလိုသူများအား အခယူငှားရမ်းသည့် အလုပ် ဖြင့် ဝင်ငွေအတော်အသင့်ရအောင် ရှာနိုင်ကြ သည်။သို့သော်လည်း အချို့ဆန်းသစ် တီထွင်မှုများ မှာမူ အမျိုးသမီးတို့အတွက် ဘေးအန္တရာယ်ဖြစ် စေကြောင်း  တွေ့လာရသည်။ အထူးသဖြင့် ဖွံ့ဖြိုး ဆဲ နိုင်ငံများ၌ ကျားမ ခွဲခြားရွေးချယ်မှုကြောင့် လတ်တလော ဆယ်စုနှစ်များအတွင်း အနည်းဆုံး အမျိုးသမီး အရေအတွက် သန်း ၁၀၀ခန့် ဆုံးရှုံးခဲ့ရ သည်ဟု ခန့်မှန်းခဲ့ကြသည်။ ကိုယ်ဝန်ဆောင်စ အစောပိုင်းကာလမှာပင် သန္ဓေသား၏ လိင်အမျိုး အစားကို ခွဲခြားသိရှိစေနိုင်သည့် နည်းပညာသစ် ကြောင့် သားယောကျ်ားလေးကို သမီးမိန်းကလေးထက် ပိုမိုတန်ဖိုးထား ရွေးချယ်ကြသည့် နိုင်ငံများ တွင် မိန်းကလေး သန္ဓေလောင်းကို ဖျက်ချခဲ့ကြ သည်။  အင်တာနက်ကဲ့သို့ နည်းပညာ သစ်အချို့ သည်လည်း အမျိုးသမီး များထက် အမျိုးသားများ တွင် ပိုမိုအကျိုးပြုလျက်ရှိသည်။ ဥပမာ- အမျိုးသမီးများ အင်တာနက်အသုံးပြုသည့် အချိုးအစား တွင် အာဖရိက၌ ၂၅ရာခိုင်နှုန်း၊ အာရှတွင် ၂၂ ရာခိုင်နှုန်း၊  လက်တင်အမေရိကတွင် ၃၈ရာခိုင်နှုန်း နှင့် အရှေ့အလယ်ပိုင်းဒေသမှာဆိုလျှင် ၆ ရာခိုင် နှုန်းသာ ရှိနေသည်။အမျိုးသမီးရေးရာ နိုင်ငံတကာသုတေသန ဌာနက "]အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မား စေရေးနှင့် ပိုမိုတန်းတူညီမျှ ဖြစ်စေရေး တို့အတွက် နည်းပညာဆန်းသစ်တီထွင်မှု စွမ်းအားကို မည်သို့ အသုံးချနိုင်သလဲ"ဟူသော မေးခွန်းဖြင့် လေ့လာ ဆန်းစစ်ခဲ့သည်။ သုတေသီများက  မိုဘိုင်းလ်ဖုန်း နှင့် အသေးစားချေးငွေအစီအစဉ်အပါအဝင် ဆန်း သစ် တီထွင်မှုရှစ်မျိုးကို လေ့လာခဲ့ကြသည်။ သန္ဓေ တားဆေးကတ် တီထွင်ခြင်းသည် ဘာသာရေး၊ ကျန်းမာရေး၊ ကျင့်ဝတ်သိက္ခာ စသည့် အရေးကိစ္စ များအရ ဝိဝါဒ ကွဲပြားငြင်းခုံမှု များရှိခဲ့သော်လည်း အခြား တီထွင်မှုများထက် အမျိုးသမီးများကို အကျိုး ပြုနိုင်သည်ဟုဆိုသည်။ အော်တိုမက်တစ် အဝတ် လျှော်စက်တီထွင်ခြင်းသည်လည်း အမျိုးသမီးများ၏ အလုပ်ချိန် နာရီများစွာကို သက်သာလျော့ပါးစေ သည်။ ထို့ပြင် ပီရူးနိုင်ငံတွင် အမျိုးသမီးများအား ဦးပိုင်အမည်ပေါက် မြေပိုင်ဆိုင်ခွင့်ပြုခြင်းမှ တရုတ် ပြည်တွင်ခြေထောက်ကျပ်စည်းသည့်ဓလေ့ ပပျောက် ရေး လှုပ်ရှားမှုအထိ လူမှုရေးဆိုင်ရာ တီထွင် ဆန်း သစ်မှုများ (Social innovations)သည် အမျိုး သမီးထုအပေါ် ကြီးမားစွာ အကျိုးသက်ရောက်စေ ခဲ့ကြောင်း သုတေသီများ၏အစီရင်ခံစာတွင် ထည့် သွင်းဖော်ပြခဲ့သည်။အမျိုးသမီးများအတွက် အကျိုးရှိစေမည့် တီထွင်ဆန်းသစ်မှုတစ်ရပ်  ထိရောက်အောင်မြင် စေရန်မှာ အခြင်းအရာအမျိုးမျိုး ပေါင်းဆုံ မိရန် လိုအပ်သည်ဟု ဆိုပါသည်။ တီထွင်ဆန်းသစ်မှု သည် စိတ်ကူးအကြံÓဏ်ကောင်းရုံဖြင့် မအောင် မြင်နိုင်ပေ။ ယင်းတီထွင်ဆန်းသစ်မှုကို လက်ခံ ကျင့်သုံးနိုင်စေရန် အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများ လိုက်လျောညီထွေဖြစ် နေရန်လည်း လိုအပ်သည်ဟု သုံးသပ်ထားသည်။ ထို့ပြင် ထိုတီထွင်မှုတွင် အမျိုးသမီးများ လိုလား လက်ခံမည့်  တန်ဖိုးထားမှုလည်း တစ်ပါတည်း ပါဝင်နေစေရမည်ဟု ဆိုသည်။ သန္ဓေတားဆေးလုံး သည် ကိုယ်ဝန်ဆောင်ရန် ကိစ္စတွင် ကာယကံရှင် အမျိုးသမီးများအား ဆုံးဖြတ်ခွင့်ပေးသကဲ့သို့ တန် ဖိုးထားမှုတစ်ရပ် လိုအပ်ခြင်းဖြစ်သည်။စူပါကပ်ဆိုင်ကယ်နှင့်အလားတူ စကူတာ မော်တော်ဆိုင်ကယ်ကလေးများ တီထွင်ခြင်းသည် အသစ်အဆန်းဟု မဆိုနိုင်တော့ သည့်တိုင် အာရှ အမျိုးသမီးများအား ပိုမိုလွတ်လပ်ခွင့် ရရှိစေလျက် ရှိသည်။ သန္ဓေတားဆေးအပါအဝင် တီထွင်ဖန်တီး မှုအချို့သည် အမျိုးသမီးများအတွက် သီးသန့်ရည် ရွယ်သော်လည်း အချို့မှာ အမျိုးသားနှင့် အမျိုး သမီး နှစ်မျိုးစလုံးအတွက် ဒီဇိုင်းထုတ်ဖန်တီးထား ခြင်းဖြစ်သည်။ သို့သော်လည်း အမျိုးသမီးဦးရေ အချိုးအစားအများစုက အကျိုးခံစားခွင့် ပိုမိုရရှိနေ တတ်သည်။ ဥပမာ-အသေးစားချေးငွေစနစ်သည် ဆင်းရဲသားယောကျ်ားများထက် မိန်းမများက ချေးငွေပြန်ဆပ်ရန် ပိုမိုစိတ်ချရသူများဖြစ်၍ ဆင်း ရဲသော အမျိုးသမီးအများစုနှင့်သာ အလုပ်ဖြစ်နေ ပေသည်။ အလားတူပင် စကူတာ ဆိုင်ကယ် ကလေးများသည်လည်း  အမျိုးသမီး အများစု အတွက် အထောက်အကူပြုနေသည်။ ပညာရေး၊ စီးပွားရေးကိစ္စများအတွက် အလှမ်းဝေးသော နေ ရာများသို့ အမျိုးသမီးများ ကိုယ့်ဘာသာသွားလာ ရန် အားကိုးရသောကြောင့်ဖြစ်သည်။သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေနိုင် သော မီးဖို၊ ခြေနင်းရေတင်စက်၊ အသေးစား လုပ်ငန်းခွဲ လုပ်ကိုင်ခွင့်ပေးခြင်း (Microfranchising)  နှင့် လူအများစု လုပ်ကိုင်နိုင်မည့် လုပ်ငန်းအပ်နှံ ဆောင်ရွက်ခြင်း(Crowdsourcsing)စသည့် နည်း ပညာ တီထွင်မှုများဖြင့် အမျိုးသမီးများ၏ဘ၀ မြှင့် တင်နိုင်မည့် အလားအလာကောင်းများ သမိုင်းတွင် မကြုံဖူးအောင် တွေ့နေရသည်ဟု သုတေသနအစီ ရင်ခံစာတွင် ဖော်ပြထားလေသည်။Ref: The Economistဦးဟန်ထွန်း(အခွန်)