Main menu

Background

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုက‌နေ ဘယ်သူတွေ အကျိုးကျေးဇူးရနိုင်မလဲ

Wed, 02/10/2010 - 05:15 -- Anonymous (not verified)

အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area - ACFTA) မှာ ၂၀၁၀ ပြည့်နှစ် ဇန်န ဝါရီလစာရင်းအရ လူဦးရေ ၁ဒသမ ၉ဘီလီယံရှိပြီး စုစုပေါင်း ဂျီဒီပီ အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ထရီလီယံနဲ့ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ထရီလီယံ ရှိပါတယ်။ ACFTA  အကောင်အထည်ဖော်ရတဲ့  အဓိကအကြောင်းရင်း ကတော့ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်လုပ်မှု ကဏ္ဍတွေမှာပါဝင်နိုင်ဖို့နဲ့ ကမ္ဘာ့အကြီး ဆုံးသော ကုန်သွယ်မှုဒေသ တစ်ခု ဖန်တီးဖို့အတွက် ဖြစ်ပါတယ်။ အာဆီယံနိုင်ငံများအတွက် တရုတ် ဈေးကွက်ဟာ ကြီးမားပြီး အလားအလာရှိတဲ့ ပို့ကုန်ဈေးကွက် တစ်ခုဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်စာရင်းအရ အာဆီယံစုစုပေါင်းပို့ကုန် ရဲ့ ၁၂ ရာခိုင်နှုန်း၊ စုစုပေါင်းသွင်းကုန်ရဲ့ ၁၀ ရာခိုင်နှုန်း နဲ့ စုစုပေါင်း ကုန်သွယ်မှုရဲ့ ၁၁ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံနဲ့ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ ဈေးသက်သာတဲ့ သွင်းကုန်ပစ္စည်းများဟာ အာဆီယံအတွင်းရှိ စားသုံးသူများအတွက် ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူစားသုံးလို့ရနိုင်သလို၊ ထုတ်လုပ်သူများ အတွက်လည်း သွင်းအားစုတွေကို ဈေးသက်သာစွာနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒ့ါအပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုနဲ့ အပြန်အလှန်ကုန်သွယ်မှုတို့ဟာ အရေးပါတဲ့ချိတ်ဆက်မှု တွေကို ဖန်တီးနိုင်မှာဖြစ်သလို အာဆီယံအတွင်း ထုတ်လုပ်မှု ကွင်းဆက်တိုးတက်ဖို့အတွက်လည်း မျှော်မှန်းနိုင်ပါတယ်။ ACFTA အရ ကုန်သွယ်မှုဖြေလျော့မှုမှတစ်ဆင့် ဝန်ဆောင်မှု ကဏ္ဍတွင်လည်း အလားအလာ ရှိတဲ့ အကျိုးကျေးဇူးများ ရနိုင် ပါတယ်။ လေကြောင်းဖြတ်သန်းမှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ခရီးသွား လုပ်ငန်းနဲ့ ဘဏ္ဍာရေးကဏ္ဍတု့ိမှာ တရုတ်နိုင်ငံရဲ့ ဝင်ငွေ အလယ် အလတ်ရှိသူတွေ တိုးပွားလာလို့  အာဆီယံအတွက် ခိုင်မာတဲ့ ဝန်ဆောင်မှု ပို့ကုန်ဈေးကွက် တစ်ခုလည်း ဖြစ်စေနိုင်ပါတယ်။ အာဆီယံအတွင်းရှိ အသေးစားနဲ့ အလတ်စားလုပ်ငန်းများ (SMEs) အပေါ် ကာလတို အကျိုး သက်ရောက်မှုက ရှိမှာဖြစ်ပါ တယ်။ စက်နဲ့ စက်ကိရိယာ ထုတ်လုပ်မှုလုပ်ငန်းများမှာ တရုတ်နိုင်ငံရဲ့ ပို့ကုန်ယှဉ်ပြိုင်မှု အကျိုးသက်ရောက်ချက်ကတော့ ပိုပြီးဖွံ့ဖြိုးတိုးတက် တဲ့ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က SMEs များအပေါ် သက်ရောက်နိုင်တယ်လို့ မျှော်မှန်းရပါ တယ်။ CLMV နိုင်ငံများနဲ့ ထွန်းသစ်စနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံ တေက လုပ်သားအင်အားကို အဓိကထားအသုံးပြုဖို့ ပို့ကုန်ဦးတည်လုပ်ငန်း တွေမှာ အရေးပါတဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တဲ့အတွက် ဖြစ်ပါ တယ်။ ACFTA ကြောင့် တရုတ်ဈေးကွက်ရဲ့ လွှမ်းမိုးမှုကြောင့် ဒေသတွင်း ဈေးကွက်ဟာ အာဆီယံဒေသကနေ  သွေဖည်ပြီးသွားနိုင်လို့ အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသနဲ့ အာဆီယံစီးပွား ရေး အသိုက်အဝန်း (AEC) တည်ထောင်မှုရဲ့ အခန်းကဏ္ဍနဲ့ အရေးပါ မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ကာလတိုတွင် ညှိနှိုင်းမှုပြုဖို့  ကုန်ကျစရိတ်များရှိသော်လည်း အာဆီယံနဲ့တရုတ်အတွက် ကာလလတ်နဲ့ ကာလရှည် အလား အလာကောင်းများမှာ ထင်ရှားလျက်ရှိပါတယ်။  ACFTA  မှ အကျိုး ကျေးဇူး အပြည့်အဝရရှိဖို့ အာဆီယံအနေနဲ့ အောက်ဖော်ပြပါ အချက်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် -(က) အာဆီယံအနေဖြင့် အာရှစီးပွားရေး အသိုက်အဝန်း AEC  တည်ထောင်ရာတွင် အရှိန်အဟုန်နဲ့ စည်းလုံးညီညွတ်စွာ ဖြင့် အာဆီယံရဲ့ အရေးပါမှုကို အဓိကထားပြီး  ACFTA ရဲ့  အလားအလာကောင်းသော  အကျိုးကျေးဇူးများကို အပြည့်အ၀ ရယူဖို့ဖြစ်ပါတယ်။ အာဆီယံက စီးပွားရေး အသိုက်အဝန်းတစ်ခုအဖြစ်  ပူးပေါင်းချိတ်ဆက်ရာတွင် တစ်ခုတည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှုအခြေခံပြုလုပ် ဖို့ ရည်ရွယ်ထားပြီး  ACFTAမှသည် ကြီးမားပြီး လွတ်လပ် တဲ့ ကုန်သွယ်မှုဒေသအဖြစ် အရှေ့အာရှလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (ASEAN+3)(သို့မဟုတ်) အရှေ့အာရှ ဘက်စုံစီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု (ASEAN+6) အဖြစ် ထပ်မံပေါ်ပေါက်ဖွယ်ရှိပါတယ်။(ခ) အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုပုံစံမှာ ကွဲပြားမှုရှိနေ တဲ့အတွက် အာဆီယံဒေသ အတွင်း ဝင်ငွေမညီမျှမှုကို လျှော့ချရန် ရည်ရွယ်သင့်ပါတယ်။ ဥပမာ-အာဆီယံ အနေနဲ့ CLMVနိုင်ငံများရဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို့နဲ့ ကုန်သွယ်မှုချောမွေ့ဖို့အတွက် အခြေခံအဆောက်အဦကို အခိုင်အမာတည်ဆောက်ဖို့ လိုအပ်ပါတယ်။(ဂ) ပြိုလဲသွားတဲ့လုပ်ငန်းများမှ လုပ်သားများကို CLMV  ရှိ တိုးတက်တဲ့ လုပ်ငန်းများသို့ ချောမွေ့စွာ  စီးဆင်းမှုကို အထောက်အကူဖြစ်စေဖို့အတွက် အာဆီယံအနေနဲ့ လူ့ စွမ်းအား အရင်းအမြစ် တည်ဆောက်ဖို့ လိုအပ်ပါတယ်။(ဃ) အာဆီယံဒေသတွင်း အသေးစားနဲ့  အလတ်စားလုပ်ငန်း များ (SMEs) ခိုင်မာအောင် ပြုလုပ်ခြင်းနဲ့ ဖွံ့ဖြိုးလာတဲ့ တရုတ်ဈေးကွက်ရဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ အထူးသဖြင့် အာဆီယံ အတွင်းရှိ SMEs များအနေနဲ့ ဒေသတွင်းရှိ တိုးတက်လာတဲ့ ဝယ်လိုအား၊ လုပ်ငန်း များနဲ့ လိုက်လျောညီထွေစွာ  ကိုယ်ပိုင်စွမ်းရည်နဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု (R&D)  စွမ်းရည်တို့ ကိုတိုးမြင့်ဖို့ လိုအပ်ပါတယ်။ အာဆီယံအနေနဲ့  နယ်စပ်ဆိုင်ရာ ပြဿနာများဖြစ်တဲ့ နည်းပညာနဲ့ စံချိန်စံညွှန်းဆိုင်ရာ စည်းမျဉ်းများကို အပြည်ပြည်ဆိုင် ရာ စံသတ်မှတ်ချက်များနဲ့အညီ တစ်ပြေးညီဖြစ်စေဖို့လည်း အထူးလို အပ်ပါတယ်။ အရည်အသွေးမြင့် ကုန်စည်များ ဆက်လက်ထိန်းသိမ်း ဖို့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ အရည်အသွေးညံ့ သွင်းကုန်များကို ပြည်တွင်း ထုတ်ကုန်ပစ္စည်းများနဲ့ သိသာစွာခွဲခြားမှုပြုဖို့ လိုအပ်ပါတယ်။ ကုန် ပစ္စည်းအရည်အသွေး ကွဲပြားခြားနားအောင် ပြုလုပ်ခြင်းနဲ့ ပြည်တွင်းရှိ လုပ်ငန်းများအနေနဲ့ ပြည်တွင်းဈေးကွက်ဝေစုကို ဆက်လက်ထိန်း သိမ်းထားဖို့ အခွင့်အလမ်းကောင်းဖြစ်သလို ကမ္ဘာ့ဈေးကွက်ဝေစု ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ကုန်ပစ္စည်းအရည်အသွေး ဖော်ထုတ်ခြင်းနဲ့ တစ်ပြေးညီဖြစ်ခြင်းဖြင့် အာဆီယံဒေသတွင်း ကမ္ဘာ့ထုတ်လုပ်မှု တန်ဖိုးကွင်းဆက် ဖော်ထုတ်ရန် အဓိကအချက်ဖြစ်သကဲ့သို့ ဒေသတွင်း လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်များရဲ့ အကျိုးကျေးဇူး ကိုလည်း အများဆုံး ရရှိနိုင်မှာဖြစ်ပါတယ်။ ဒေါက်တာ ထိန်လင်း