Main menu

Background

(၂၈)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဇွန် ၁၂ ရက်အထိ မြန်မာအသင်း ရွှေ ၁၁ ခုရရှိထားပြီး အဆင့်ခုနစ်တွင် ရပ်တည်နေ

Thu, 06/18/2015 - 17:41 -- journal_editor

 (၂၈)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို စင်ကာပူ နိုင်ငံတွင် ဆက်လက်ကျင်းပလျက် ရှိရာမြန်မာအသင်းသည် ရွှေ ၁၁ ခု၊ ငွေ ၂၂ ခု၊ ကြေး ၂၅ ခုဖြင့် အဆင့် ခုနစ်နေရာတွင်သာ   ရပ်တည်နေ ကြောင်း သိရသည်။
အိမ်ရှင် စင်ကာပူနိုင်ငံက ရွှေ တံဆိပ် ၆၆ခု၊ငွေတံဆိပ် ၅၈ခု၊ ကြေး တံဆိပ် ၆၉ခုဖြင့် ပထမနေရာတွင်ရပ် တည်နေပြီး ဗီယက်နမ်နိုင်ငံက ရွှေ တံဆိပ် ၅၇ခု၊ ငွေတံဆိပ်၃၁ခု၊ ကြေး တံဆိပ် ၅၀ဖြင့်ဒုတိယနေရာတွင် ရပ် တည်နေကာ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၅၅ခု၊ ငွေတံဆိပ်  ၆၂ခု၊ ကြေးတံဆိပ်  ၄၉ခုတို့ဖြင့် တတိယနေရာတွင် ရပ် တည်နေကြောင်း သိရသည်။
မြန်မာနိုင်ငံ အသင်းသည် အဆိုပါ ဆီးဂိမ်းအကြိုကာလများတွင် ရွှေတံဆိပ် အခု ၅၀ရရှိရေးအတွက် ရည်မှန်းကာ ကြိုးပမ်း၍ လေ့ကျင့် ခဲ့ကြသော်လည်း ပြိုင်ပွဲကျင်းပသည့် နေ့မှ ဇွန် ၁၂ ရက်အထိ ရွှေတံဆိပ် ၁၁ ခုသာ ရယူနိုင်သေးကြောင်း သိရ သည်။
မြန်မာ အားကစားအဖွဲ့သည် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့ခြင်းမရှိဘဲ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် လေးခုနှင့်သာ ကျေနပ် ခဲ့ရသည်။ ထို့ပြင် လှေလှော်ပြိုင်ပွဲ တွင်လည်း ငွေတံဆိပ် နှစ်ခု၊ ကြေး တံဆိပ်သုံးခုသာ ရရှိခဲ့သည်။
ဂျူဒိုပြိုင်ပွဲတွင်မူ မြန်မာအသင်း သည် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ၃ခု၊ ကြေးတံဆိပ် ၂ခု ရရှိခဲ့သည်။
ရိုးရာခြင်းလုံးပြိုင်ပွဲတွင်  ရွှေ တံဆိပ် နှစ်ခုရရှိခဲ့ပြီး  ဝူရှူးပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခုရရှိခဲ့သည်။
ဘိလိယက်နှင့် စနူကာပြိုင်ပွဲ တွင် မြန်မာအသင်းသည် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံ ဆိပ်သုံးခု ရရှိခဲ့သည်။ လက်ဝှေ့ပြိုင် ပွဲတွင် မြန်မာအသင်းသည် ကြေး တံဆိပ်ငါးခုရရှိခဲ့ပြီး ကနူးလှေလှော် ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်နှစ်ခု ရရှိခဲ့သည်။
ရိုးရာလှေပြိုင်ပွဲတွင်  မြန်မာ အသင်းသည် ရွှေတံဆိပ်တစ်ခုသာ ရရှိခဲ့ပြီး ငွေတံဆိပ်ငါးခု၊ ကြေးတံဆိပ် နှစ်ခုရရှိခဲ့သည်။
မြန်မာ အားကစားအဖွဲ့သည် ၁၂ ရက်အထိ ယှဉ်ပြိုင်ကစားလျက် ရှိရာတွင် ၁၀ရက်နေ့အထိသာ ရွှေ တံဆိပ်ရရှိခဲ့ပြီး နှစ်ရက်ကြာ ရွှေ တံဆိပ်နှင့်ဝေးကွာလျက်ရှိသည်။ ရွှေ တံဆိပ်ရရှိမည်ဟု ရည်မှန်းထားသည့် သေနတ်ပစ်၊ ပိုက် ကျော်ခြင်း(ကျား)၊ တိုက်ကွမ်ဒို၊ မြားပစ် စသည်တို့တွင် ငွေတံဆိပ်၊ ကြေးတံဆိပ်တို့နှင့်သာ ကြေနပ်ခဲ့ရသဖြင့် ခန့်မှန်း ထားသည့် ရွှေတံဆိပ်အခု ၅၀ ရရှိရေး မျှော် လင့်ချက်မှာ မှေးမှိန်ခဲ့ပြီဖြစ်သည်။