Main menu

Background

အားကစားသတင်း

ကမ္ဘောဒီးယားကလပ်အသင်းကို အရေးနိမ့်ခဲ့သည့် မကွေးအက်ဖ်စီအသင်း အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်မည့် အခွင့်အရေးနည်း

Wed, 03/22/2017 - 15:17 -- journal_editor

     ၂၀၁၇ အေအက်ဖ်စီဖလား အုပ်စု (စ)တွင် ပါဝင်နေသည့်  မြန်မာနေရှင် နယ်လိဂ်ကလပ် မကွေးအက်ဖ်စီအသင်း အနေဖြင့် မတ် ၁၄ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့်   ဘွန်ခတ်အန်ကော် အက်ဖ်စီအသင်းနှင့် အဝေးကွင်းပွဲစဉ် တွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေး အတွက် မျှော်လင့်ချက်နည်းသွားခဲ့ပြီ ဖြစ်သည်။

Wildcards စည်းမျဉ်းဖြင့် မာရီယာရှာရာပိုဗာကိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် WTA ဆောင်ရွက်မည်

Wed, 03/22/2017 - 15:15 -- journal_editor

တားမြစ်ဆေးဝါးများ သုံးစွဲမှုဖြင့် တင်းနစ်ပြိုင်ပွဲများမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ရုရှားတင်းနစ်မယ် မာရီယာရှာရာ ပိုဗာကို လာမည့်တင်းနစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန်အတွက်  Wildcards စည်းမျဉ်းကို အသုံးပြု ၍ဆောင် ရွက်သွားမည်ဖြစ်ကြောင်း   အမျိုးသမီး  တင်းနစ်အသင်း(WTA)  ၏ အကြီးအကဲစတိဗ်ဆိုင်မွန်က ပြောကြားခဲ့သည်။WTAမေလ အတွင်း မက်ဒရစ်နှင့်ရောမတွင်ကျင်းပမည့် တင်းနစ်ပြိုင်ပွဲတို့တွင် မာရီယာရှာရာပိုဗာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိရန် ဆောင်ရွက်မည်ဖြစ်သည်။အဆိုပါWildcards စည်းမျဉ်းနှင့်ပတ်သက်၍ အန်ဒီ မိုရေးအပါအဝင် လက်ရှိပြိုင်ပွဲဝင် တင်းနစ်ကစားသမားများ က ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ဂရင်းဆလင်း ဆုဖလားက

ယခုရာသီ ၄ ခုမြောက် ချန်ပီယံဆုနှင့်အတူ အသင်းဖော်ရော့စ်ဘတ်ကို ဟာမီလ်တန် ၁၇မှတ်ဖြတ်

Thu, 06/18/2015 - 17:54 -- journal_editor

   မာစီဒီးစ်အသင်းမှ ဗြိတိန် ကားမောင်းသမား လူးဝစ္စဟာမီလ်တန်သည် ကနေဒါဂရင်းပရီ ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပြီး နောက် အသင်းဖော် နီကိုရော့စ် ဘတ်ကို ၁၇ မှတ်ဖြတ်လိုက်နိုင် ပြီဖြစ်သည်။၂၀၁၅  ဖော်မြူလာ ဝမ်း ရာသီ၏  ခုနစ်ခုမြောက် ပွဲစဉ် ဖြစ်သော ကနေဒါ ဂရင်းပရီတွင် ဟာမီလ်တန်သည် ထိပ်ဆုံးမှ တာထွက်ခွင့်ရခဲ့ပြီးနောက် ပြိုင်ပွဲအစမှအဆုံး ထိပ်ဆုံးမှ တောက်လျှောက် ဦးဆောင်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ရော့စ်ဘတ် က ဒုတိယ၊ ဝီလျံ အသင်းမှ ဖင်လန်ကားမောင်းသမား ဘော့တက်စ်က  တတိယရခဲ့ပြီး  ကမ္ဘာ့ချန်ပီယံဟောင်း ဗက်တဲလ်မှာ အဆင့်-၁၆ မှသာ တာထွက်ခဲ့ရသော်လည်း အဆင့်-၅ ရရှိအောင်စွမ်းဆောင် နိုင်ခဲ့သည်။ မက္ကလာရင်အသင်းနှင့်အတူ ကနေဒါ ဂရင

ပရိသတ် ၇၄ ဦး သေဆုံးခဲ့ရသည့် အီဂျစ်ပြည်တွင်းဘောလုံးပွဲမှ ဆိုးသွမ်းပရိသတ် ၁၁ ဦးအား အီဂျစ်တရားရုံးက သေဒဏ်ချမှတ်

Thu, 06/18/2015 - 17:52 -- journal_editor

   လွန်ခဲ့သည့် ၂၀၁၂ခုနှစ်က အီဂျစ် နိုင်ငံ ပို့ဆက်အားကစားကွင်း၌ ဖြစ် ပွားခဲ့သည့် အဓိကရုဏ်းတွင် ပရိသတ် ၇၄ ဦး သေဆုံးခဲ့ရသည့်ဖြစ်ရပ်၌   ပါဝင်ပတ်သက်နေသည့် ဆိုးသွမ်းပရိသတ် ၁၁ဦးအား အီဂျစ်တရားရုံး က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်း တွင် ဖော်ပြထားသည်။
   ၂၀၁၂ ခုနှစ်  ဖေဖော်ဝါရီလ အတွင်းက အီဂျစ်ပြည်တွင်းလိဂ်မှ ပွဲ တစ်ပွဲဖြစ်သည့် အိမ်ရှင် အယ်မာဆရီ အသင်းနှင့် အယ်လ်အက်ရှ်လေအသင်း တို့ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် အိမ်ရှင် အသင်းကို အားပေးသည့်ပရိသတ် များ နှင့် ဧည့်သည်အသင်းကို အားပေးသည့် ပရိသတ်များကြား ပဋိပက္ခများဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ-၂၀နည်းပြ ဂတ်ဆီဇီအား လစာ ခြောက်ဆတိုးမြှင့်ကာ ထပ်မံစာချုပ်ချုပ်ဆိုသွားမည်

Thu, 06/18/2015 - 17:45 -- journal_editor

မြန်မာယူ-၂၀ အသင်းအား ကမ္ဘာ့ ဖလားယူ-၂၀ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိစေခဲ့ပြီး မြန်မာကို ကမ္ဘာက တအံ့ တသြဖြင့် သိမြင်ခွင့်ရရှိအောင် အကောင်း ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်း၏ နည်းပြ ဂျာမနီနိုင်ငံသား မစ္စတာဂတ်ဆီဇီကို ယခုရရှိသည့် လစာ ထက် ခြောက်ဆပိုပေး၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း ျသခခနမာပညောမေ တွင် ဖော်ပြထားချက်အရ သိရသည်။
နည်းပြချုပ် မစ္စတာဂတ်၏ လက်ရှိ လစာငွေကို   မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က  တရားဝင်ဖော်ပြထားခြင်းမရှိသော် လည်း နီးစပ်သည့်  အသိုင်းအဝိုင်းကမူ အမေရိကန်ဒေါ်လာတစ်သောင်းရရှိသည် ဟု ဆိုသည်။

ဒူးအရွတ်ဒဏ်ရာကြောင့် ငြိမ်းချမ်းအောင် နှစ်လခန့်ထပ်မံအနားယူရဦးမည်

Thu, 06/18/2015 - 17:43 -- journal_editor

   မြန်မာယူ-၂၀အသင်း၏  အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ငြိမ်းချမ်းအောင်သည် နယူးဇီလန်နိုင်ငံတွင် ကျင်းပ သည့်ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ခန်းပြုလုပ်စဉ် ရရှိခဲ့သည့်ဒူးအရွတ် ဒဏ်ရာ မှာ ပြန် လည် ကောင်းမွန်လာခြင်း မရှိသည့်အတွက် နှစ်လခန့် ထပ်မံအနားယူရဦးမည်ဖြစ် ကြောင်းသိရသည်။ ငြိမ်းချမ်းအောင်သည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏အဓိကပွဲထွက်စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဒူးအရွတ်ဒဏ်ရာကြောင့် အုပ်စုပွဲစဉ်သုံးပွဲစလုံးတွင် ပါဝင်ခွင့်မရရှိခဲ့ပေ။

(၂၈)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဇွန် ၁၂ ရက်အထိ မြန်မာအသင်း ရွှေ ၁၁ ခုရရှိထားပြီး အဆင့်ခုနစ်တွင် ရပ်တည်နေ

Thu, 06/18/2015 - 17:41 -- journal_editor

 (၂၈)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲကို စင်ကာပူ နိုင်ငံတွင် ဆက်လက်ကျင်းပလျက် ရှိရာမြန်မာအသင်းသည် ရွှေ ၁၁ ခု၊ ငွေ ၂၂ ခု၊ ကြေး ၂၅ ခုဖြင့် အဆင့် ခုနစ်နေရာတွင်သာ   ရပ်တည်နေ ကြောင်း သိရသည်။
အိမ်ရှင် စင်ကာပူနိုင်ငံက ရွှေ တံဆိပ် ၆၆ခု၊ငွေတံဆိပ် ၅၈ခု၊ ကြေး တံဆိပ် ၆၉ခုဖြင့် ပထမနေရာတွင်ရပ် တည်နေပြီး ဗီယက်နမ်နိုင်ငံက ရွှေ တံဆိပ် ၅၇ခု၊ ငွေတံဆိပ်၃၁ခု၊ ကြေး တံဆိပ် ၅၀ဖြင့်ဒုတိယနေရာတွင် ရပ် တည်နေကာ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၅၅ခု၊ ငွေတံဆိပ်  ၆၂ခု၊ ကြေးတံဆိပ်  ၄၉ခုတို့ဖြင့် တတိယနေရာတွင် ရပ် တည်နေကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ လေးကြိမ်မြောက် ဘောလုံးသင်တန်းကျောင်းကို ဧပြီ ၆ရက်တွင် ဖွင့်လှစ်မည်

Tue, 04/07/2015 - 20:57 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

သရုပ်ပြပွဲတွင်တင်နိုင်ခဲ့သော မိုက်ကယ်ဖဲလ်၏ စံချိန်အသိအမှတ်ပြုခြင်းခံရမည်မဟုတ်

Thu, 03/19/2015 - 16:18 -- journal_editor

အတွဲ(၁၅)အမှတ်(၁၁)

Pages

Subscribe to RSS - အားကစားသတင်း