Main menu

Background

ဂျပန် ညာမောင်းကား အများစုသာ ဝယ်လက်စိတ်ဝင်စားမှုရှိသလို အဝယ်အမြဲရှိနေ

Fri, 08/16/2019 - 10:57 -- journal_editor

      ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ဩဂုတ်လဆန်းပိုင်း မှစ၍ ပထမရက်သတ္တပတ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အောက်ပိုင်းဒေသများ ရေကြီးရေလျှံမှုဖြစ်စဉ် များကြောင့် ကားအရောင်းအဝယ် အနည်း ငယ်အေးစက်နေပြီး နယ်ဝယ်လက်အဆင်းပြန်နည်းသွားကြောင်း သိရသည်။ ယခုလဒုတိယပတ်ကာလများတွင် မိုးရွာသွန်းမှုမှာ ရန်ကုန်နှင့် အောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု များ သဖြင့် အထူးသဖြင့် ယင်းဒေသ များမှ ဝယ်လက်များ မလာ ရောက်သလို ဧရာဝတီ၊ မော်လမြိုင် စသည့်ဒေသများသို့ ရန်ကုန် လိုင်စင်ဆင်းယူသည့်အဖွဲ့များလည်း မသွားနိုင်ဖြစ်နေ ကြောင်း၊ သို့ရာတွင် အထက်ပိုင်းမန္တလေးဈေးကွက်မှာ ပုံမှန် ဖြစ်နေပြီး ယင်းေ ဒသမှ ဝယ်လက်အနည်းငယ်ရှိကြောင်း၊ နယ် ဈေးကွက် မှ အဝယ်ရှိသည်မှာလည်း ရန်ကုန်လိုင်စင်အဓိက ဝယ်ယူလေ့ ရှိပြီး ကားအချိုးအဆက်နှင့် ရွေးချယ်စရာမရှိမှသာ မန်း၊ ပဲခူး စသည့် နယ်လိုင်စင် ရွေးချယ်တတ်ကြေ ကြာင်း၊ ဂျပန် ညာမောင်းကားလေးများမှာ ဝယ်သူအကြိုက်ဖြစ်နေပြီး အရစ် ကျစနစ်ဖြင့် ငွေချေနိုင်သည့် (အက်(စ်)ကေဒီ) ပြည်တွင်း တပ် ဆင်ကားများမှာ ဒုတိယအဆင့်သာ အဝယ်များကြောင်း လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။

    လက်ရှိကာလတွင် ရန်ကုန် ကားဈေးကွက်အတွင်း အသံအမျိုးမျိုး ထွက်ရှိနေကာ သတင်းအချို့လည်း ကြားသိနေ ရပြီး ရန်ကုန်လိုင်စင်အဖြစ် ကိုတာစနစ်ဖြင့် ချထားပေးမည့် အစီအစဉ်မှာလည်း ယာဉ်တင်သွင်းရေး ကော်မ တီတွင် ဆွေး နွေးပြီး ဆက်လက် တင်ပြထားကြောင်း သိရသဖြင့် ရန်ကုန် လိုင်စင်ပြန်ရလာနိုင်သည့် မျှော်လင့်ချက်ရှိသေးကြောင်း ကားလောကသားများထံမှ သိရသည်။ ယင်းသတင်းများကြားမှပင် ဂျပန် ညာမောင်းကား ဟောင်းလေးများ ဈေးအမာဖြင့် အရောင်းအဝယ်ရှိနေပြီး ဟွန်ဒါဖစ်အုပ်စုမှ ကျပ်သိန်း၂၀ဝ  တန် ဝန်းကျင်နှင့် ဟိုက် ဘရစ်ရှာတဲလ်ဆိုလျှင် ကျပ်သိန်း ၂၅၀ အထက်  သိန်း ၂၆၀/ ၂၇၀ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ အမြင့် ကားများ ထဲတွင် ၂၀ဝ၆-၂၀ဝ၇ကလူဂျာမှာ ကျပ်သိန်း ၅၅၀ နှင့်အထက် ရှိနေပြီး ဗန်းဂတ် ၂၀၁၀/ ၂၀၁၁ ကို ကျပ်သိန်း ၆၃၀ မှ ၆၈၀ ထိရှိကြောင်း၊ ကျပ်သိန်း ၂၀ဝ အောက်ကားများထဲတွင် ကျပ် သိန်း ၁၅၀ ပတ်လည် ဂျပန် ကားလေးများမှာ အက္ခရာနိမ့်ပြီး ကားဟောင်းများနေကြောင်း၊ သို့ဖြစ်ရာ ကျပ်သိန်း ၂၀ဝ ဝန်း ကျင်မှသာ မိုဒယ်နှင့် အက္ခရာအသင့်အတင့်ရကြောင်းလည်း သိရသည်။ တစ်ဖန်အရစ်ကျစနစ် ကားသစ်ဘယ်မောင်းများမှာ အသစ် စီးရသဖြင့် လူကြိုက်များသော်လည်း ဂျပန်ညာမောင်း များနှင့် ယှဉ်လျှင် ဝယ်လက်များမှာ ယုံကြည်မှုလျော့ပါးနေသေး ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများက ပြောသည်။

 

SN