Main menu

Background

အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်

"တန်ဆောင်တိုင်အပြီးနဲ့ New Year မှာတော့ အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်ပြီးသွက်လာဖို့ မျှော်လင့်ပါတယ်"

Wed, 11/02/2022 - 15:45 -- journal_editor

မန္တလေးမြို့ ဖိုးလမင်း အိမ်ခြံမြေ ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏစိုးနှင့် မေးမြန်းခြင်း

ကားသစ်များ ရောက်ရှိလာသော်လည်း ယခင်အသုံးပြုကားများ ဈေးကွက်တစ်ခုရှိနေ

Tue, 02/02/2021 - 14:56 -- journal_editor

ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားသစ်၊ ကားဟောင်း အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကုန်နောက်ဆုံးလ  အစောပိုင်းကာလများအတွင်း ဈေးတန်းချ ရောင်းချပေးခဲ့သော ယခင်ဈေးကျပ်သိန်း ၅၀ဝ ကျော်သည့် အင်ဂျင်ပါဝါ ၂၄၀ဝ စီစီ၊ဝက်ဂွန်ယာဉ်များမှာ ယခုအချိန်တွင် ပြည်ပမှကားသစ်များ ထပ်မံ ဝင်ရောက်လာ ခြင်းနှင့်အတူ လူအများလက်ခံကြိုက်နှစ်သက်ကြသည့် အသုံး ပြုပြီး မိုဒယ်လ် (၂၀ဝ၇၊၂၀ဝ၈၊၂၀ဝ၉၊ ၂၀၁၀)ခုနှစ်ထုတ် ကား များ ဈေးကွက်တစ်ခုရရှိနေပြီး    မိုဒယ်လ်(ယခုနှစ်အတွက်) နိမ့်သော်လည်း  လက်တွေ့အသုံးပြုကောင်းမွန်သဖြင့် ဝယ်လို အားရှိနေကြောင်း ယာဉ်အရောင်းအဝယ်အကျိုးဆောင် ကိုမြင့်ကျော်က ပြောသည်။

အရောင်းအဝယ်အေးပြီး ဈေးတန်းလျှော့ချရောင်းဝယ်လာသော ကားဈေးကွက်

Fri, 06/19/2020 - 12:28 -- journal_editor

       ရန်ကုန်မြို့ကားဈေးကွက်၏ ဇွန်လဒုတိယပတ်ကာလ အခြေအနေမှာ ယခင်လများနှင့်စာလျှင်ကားပွဲစားတန်းများသို့ လူအဝင်အထွက်အနည်းငယ်ရှိသော်လည်း အရောင်း အဝယ်ကောင်းမလာဘဲ ကြိုက်ရောင်းကြိုက်ဝယ်အဆင့်သာရှိ နေကြောင်း သိရသည်။ ယခုလက်ရှိ ကားဈေးကွက်အခြေအနေအား ဝါရင့် ယာဉ်မောင်းဝယ်ရောင်းအကျိုးဆောင်  ကိုမြင့်ကျော်အား မေးမြန်းရာတွင် ယခုလက်ရှိဈေးကွက် အခြေအနေမှာ မတ်လ လယ်ခန့်မှ စ၍ ကိုဗစ် -၁၉ ရောဂါအဖြစ် သက်ဆိုင်ရာက ကြေညာ ချက်ထွက်ပြီး နောက်ပိုင်းမှစ၍ ကားအရောင်းအဝယ် များ တဖြည်းဖြည်းကျဆင်းလာသည်ကို ပြောရမှာဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၊ အခမ်းအနားများမပြုလုပ်ရန် ကန့်သတ် ပြီး နောက်ပိုင်းမှစ၍ တဖြည်းဖြည်းအေးစက်လာရာမှ သင်္ကြန် ကာလ

ရန်ကုန်ကားဈေးကွက် လတ်တလော ဆက်လက်အေးစက်နေ

Wed, 03/04/2020 - 16:10 -- journal_editor

     ရန်ကုန်မြို့ကားဈေးကွက်မှာ ပတ်ဝန်းကျင်သတင်းများ အပေါ် အခြေပြု၍ဈေးကွက်ကောင်းခြင်း၊ ဈေးကွက်အေး ခြင်း ဖြစ်ပေါ်သည့်အလျောက် နှစ်ဆန်းပိုင်း၊ ဇန်နဝါရီလဆန်း ပိုင်းတွင် စတင်ထုတ်ပြန်ခဲ့သည့် ဝန်ထမ်းကားပါမစ်သတင်း များအရ ဈေးကွက်အေးနေပြီး လကုန်ပိုင်းခန့်တွင် ပြန်လည် ဆိုင်းငံ့ကြောင်းသတင်းများအရ ရန်ကုန်ကားဈေးကွက်တွင် သာမက နယ်ဈေးကွက်များအားလုံး အပါအဝင်အနည်းငယ် ပြန်လည်လှုပ်ခတ်လာသော်လည်း ယခုအချိန်တွင်မူ ဈေးကွက် အားလုံး ဆက်လက်အေးစက်နေကြောင်း သိရသည်။

အရောင်းအဝယ်အေးလျက်ရှိသည့် ရန်ကုန်ကားဈေးကွက်

Fri, 02/14/2020 - 11:38 -- journal_editor

     ရန်ကုန်မြို့ကားဈေးကွက်အတွင်း လတ်တလော သတင်း များကြောင့် ကားအရောင်းအဝယ်မရှိသလောက် ပြတ်သွားပြီး အရောင်းအေးအဝယ်အေးနေကြောင်း၊ ပြည်တွင်း တပ်ဆင် ကားများလည်း အရောင်းအဝယ်၊ ယခင်ကလို မသွက်တော့ ဘဲ အေးစက် သွားကြောင်းသိရသည်။ နှစ်ဆန်းပိုင်း၊ ဇန်နဝါရီပထမပတ် အစပိုင်းရက်များ အတွင်း သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ခဲ့သောလုပ်သက် ၂၅ နှစ် ဝန်ထမ်းသတ်မှတ်ခြင်းခံရသူဝန်ထမ်းများနှင့် ရာထူးအဆင့် အလိုက်အရာရှိကြီးများ၊ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ အား မော်တော်ယာဉ်တင်သွင်းခွင့် ချထားပေးမည့် သတင်း ကြားသိရပြီး နောက်ပိုင်းကားလောကအတွင်း များစွာ ဂယက် ရိုက်ခဲ့ရာမှ ကားအသင်းအဖွဲ့များ၊ အဖွဲ့အစည်း အသီးသီးမှ တင်ပြချက်များ၊ ဝေဖန

ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲ ကျင်းပမည်

Thu, 02/06/2020 - 13:08 -- journal_editor

         ဒုတိယအကြိမ်  ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အဆင့် မိုးလုံလေလုံ ကားပြပွဲကြီးကို ဖေဖော်ဝါရီ ၂၁ မှ ၂၃ ရက်အထိ ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ် ဝင်းအတွင်းရှိ Yangon Convention Centre (YCC) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံ မော်တော်ယာဉ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် Future Driving Society ဆောင်ပုဒ်နှင့်အညီ အထူးအာရုံစိုက်ဆောင်ရွက်ရန်၊ မော်တော်ယာဉ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်း သယ် ယူပို့ ဆောင်ရေးစနစ်၊ လမ်းစနစ်နှင့် ကိုက်ညီ ပြီး  လုံခြုံစိတ်ချစေသည့် ဘယ်မောင်း စနစ်ယာဉ်များ စသည်တို့ကို ကောင်းမွန်တိုးတက်စေရန်နှင့်  မြန်မာနိုင်ငံရှိ က

အရောင်းအဝယ်အေးပြီး ဈေးကွက်အခြေအနေ စောင့်ကြည့်နေသည့် ရန်ကုန်ကားဈေးကွက်

Mon, 01/13/2020 - 13:54 -- journal_editor

     နှစ်ဆန်းပိုင်းကာလတွင် ပိတ်ရက်များ ဆက်တိုက်ရရှိခဲ့သဖြင့် ကားအရောင်းစင်တာများနှင့် ကား ပွဲစားတန်းများတွင် ခရီးသွားများသဖြင့် လာရောက်မေးမြန်းသူ၊ ဈေးစုံစမ်းသူများ ကျဲပါးနေပြီး ကား အဝင်အထွက်လည်း မရှိသလောက်ဖြစ် နေကြောင်း၊ အကြမ်းဖျင်းအားဖြင့် ကားဈေးကွက်တစ်ခုလုံး အေးနေကြောင်း သိရသည်။ ရန်ကုန်ကားဈေးကွက်၏ ၂၀၂၀ ယာဉ်တင်သွင်းရေး မူဝါဒများအရ ရောက်ရှိခုနှစ်ထိ လေးနှစ်အကွာ ၂၀၁၇ ခုနှစ် ထုတ်ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုသဖြင့် ယခင် မူဝါဒအတိုင်းသာဖြစ်ပြီး ပြည်တွင်းတပ်ဆင် အက်စ်ကေဒီ ကားများနှင့် မူလလက်ဟောင်း ဂျပန်ညာမောင်းယာဉ်များမှာ ယခင်က ဈေးကွက်ဝေစု ထက်ဝက်စီရှိရာမှ ယခုအခါ အဆိုပါ မူဝါဒများအရ အက်စ်ကေဒီက

ကားဈေးကွက်အတွင်း ပြည်တွင်းဆင်ကားသစ်များ ပိုမိုအဝယ်ရှိနေ

Thu, 12/05/2019 - 15:21 -- journal_editor

     တန်ဆောင်တိုင်ပွဲတော်၏ ကျောင်းပိတ်ရက်ကာလများအပြီး ကားပွဲစားတန်းများတွင် ပြန်လည်လူစည်ကားလာပြီး လက်ရှိသုံးစွဲနေသာ ဂျပန်ကားလေးများသာမက ပြည်တွင်းတပ်ဆင်ထုတ်လုပ်ထားသည့် ကားများပါ အဝယ်ရှိနေပြီး အုပ်စုလိုက် သူ့ဈေးတန်းနှင့်သူ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ လတ်တလော ရန်ကုန်မြို့ကားဈေးကွက်အတွင်းတွင် ဂျပန်ညာမောင်း ကားလေးများမှာ ရန်ကုန်လိုင်စင်သာမက နယ်လိုင်စင်များအဝယ်ပြန်ရှိလာပြီး နယ်ဝယ်လက်များလည်း ပြန်လည် ရောက်ရှိလာကာ ဂျပန်ညာမောင်းကားများသာမက ကားရှိုးရွန်းမှ ကွန်ဆိုင်းမန့် လက်ကျန်ကားများပါ အမေးများလာ သလို လာရောက် စုံစမ်းကြည့်ရှုသူများလာကြောင်း သိရသည်။ ပြီးခဲ့သည့်လ ကညနမှ တရားဝင်ကြေညာ ချက် ထုတ်ပြန်ပ

၂၀၂၀ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ချက်အား ထုတ်ပြန်ကြေညာ

Thu, 11/07/2019 - 16:01 -- journal_editor

      ၂၀၂၀ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင်  ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂၀၂၀ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်သည့် အမိန့် ကြော်ငြာစာ

၁။ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီမှ  ၂၀၂၀ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်အား အောက်ဖော်ပြပါအတိုင်း သတ်မှတ် လိုက်သည်-

Pages

Subscribe to RSS - အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်