ကျွန်တော်က ကုန်သွယ်ရေးမှာ အနှစ်(၃၀)လောက် ဝန်ထမ်း ဘဝနဲ့နေခဲ့ပြီး အခုတော့ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခု ထူထောင်လို့ ကိုယ့်နိုင်ငံက လယ်ယာထုတ်ကုန်တွေကို အရင်တုန်းကသိခဲ့တဲ့ ပြည်ပ က မိတ်ဆွေကုမ္ပဏီတွေနဲ့ ချိတ်ဆက်တင်ပို့ရင်း ရလာတဲ့ပို့ကုန်ဝင် ငွေကိုလည်း လူသုံးကုန်တွေ တင်သွင်းတဲ့ လုပ်ငန်းလုပ်နေပါတယ်။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်း လေးပါ။ခုတလော ပို့ကုန်၊ သွင်းကုန်လောကမှာ ကြားနေရတဲ့ သတင်း တချို့ကြောင့် ကျွန်တော်လည်း နားမလည်လောက်အောင် ဖြစ်နေ တာရှိပါတယ်။ ပို့ကုန်၊ သွင်းကုန်လိုင်စင်ရဲ့ Port of Loding နဲ့ Port of discharge ကို အဲနီးကန်းထရီး အဲနီးပို့ (Any Country နဲ့ Any Port)လုပ်ပေးမှ အဆင်ပြေမယ်ဆိုတဲ့ သတင်းတချို့ပါ။ကျွန်တော်သိတာတော့ ပြည်ပကို တင်ပို့တာပဲဖြစ်ဖြစ်၊ ပြည်ပ က တင်သွင်းတာပဲဖြစ်ဖြစ်၊ ရောင်းသူဝယ်သူ ချိတ်ဆက်ကြ၊ အရည် အသွေး ဈေးစကားတွေ ပြောကြ၊ သတောတူရင် စာချုပ်ချုပ်ကြ၊ စာချုပ်နဲ့အတူ ကုန်ရောင်းအကြိုပို့လွှာ Proforma Invoice ကိုပါ ထည့်ကြပါတယ်။ ဒီ Profoma Invoice မှာ ဘယ်နိုင်ငံက ထုတ် လုပ်တဲ့ပစ္စည်းကို ဘယ်လိုငွေကြေး အမျိုးအစား၊ ဘယ်လိုဈေးနှုန်းနဲ့ ဘယ်လို ငွေပေးချေတဲ့စနစ်နဲ့ ရောင်းဝယ်မယ်ဆိုတာပါသလို၊ ဘယ် နိုင်ငံ ဘယ်ဆိပ်ကမ်းက တင်ပို့ပေးမယ်ဆိုတာလည်း ပါပြီးသားပါ။ဒီစာချုပ်တွေ Proforma Invoice တွေနဲ့ လိုင်စင်လျှောက်လာ လို့လည်း ဌာနဆိုင်ရာအဆင့်တာဝန်ရှိသူတွေက ဒီအထောက်အထား တွေပေါ်မှာစိစစ်ပြီးတော့ လိုင်စင်ခွင့်ပြုပေးခဲ့တာပါ။ ဒီလိုမဟုတ်ပဲ လိုင်စင်လျှောက်တုန်းက ဖော်ပြခဲ့တဲ့ Port of Loading နဲ့ Port of Discharge နဲ့ ကျွန်တော်တကယ်ပို့တာ သွင်းတာ မတူတော့ ပါဘူး။ တင်ချင်တဲ့နေရာ၊ ချချင်တဲ့နေရာကို အဆင်ပြေသလို လုပ်ချင် ပါတယ်ဆိုရင်တော့ လိုင်စင်လျှောက်တုန်းက တင်ပြခဲ့တဲ့ ရောင်းသူ ဝယ်သူစာချုပ်တွေ Proforma Invoice တွေကို ဘယ်လို သဘော ထားရမလဲ၊ ဒါတွေကို အချိန်ယူပြီး စိစစ်ဆောင်ရွက်နေတဲ့ ဌာန ဆိုင်ရာရဲ့ အချိန်အင်အား၊ လူအင်အားတွေကို ဘယ်လိုသဘော ထားသလဲ၊ စဉ်းစားစရာပါပဲ။နောက်တစ်ခုက နိုင်ငံတကာကုန်သွယ်မှုမှာ နိုင်ငံတစ်ခုအနေနဲ့ ကိုယ့်နိုင်ငံက ပစ္စည်းကို ပို့ဆောင်ပြီး ပြည်ပမှာချမယ့် နိုင်ငံနဲ့ ဆိပ်ကမ်း Port of discharge ကိုယ့်နိုင်ငံက တင်သွင်းတဲ့ပစ္စည်းကို တင်ပို့မယ့် နိုင်ငံနဲ့ ဆိပ်ကမ်း Port of Loading ကို တိတိကျကျသိဖို့ အရေးကြီး ပါတယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရ တချို့နိုင်ငံနဲ့ တချို့ဆိပ်ကမ်း တွေကို အချို့ကုန်ပစ္စည်းများအတွက် ပို့တာသွင်းတာ ပိတ်ပင်ထား တာရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ ဒီဆုံးဖြတ်ချက် တွေကို လိုက်နာရပါတယ်။ အာရှမှာ ကွန်တိန်နာသင်္ဘောတွေ အများဆုံး အဝင်အထွက်ရှိပြီး ရေကြောင်းကုန်စည်ပို့ဆောင်ရေးမှာ ဗဟိုအချက်အချာဖြစ်နေတဲ့ စင်ကာပူတို့၊ ဟောင်ကောင်တို့မှာတောင် သူ့ဆိပ်ကမ်းကိုဝင်လာတဲ့ ပစ္စည်းရဲ့ မူလကလာတဲ့ ဆိပ်ကမ်း၊ ထပ်ပြီး တစ်ဆင့်ပို့မယ့်ဆိပ်ကမ်းကို စိစစ်ပြီးမှ လက်ခံခွင့်ပြုတာပါ။ စင်ကာပူ အကောက်ခွန်က ခွင့်မပြုလို့ ကုန်ချမယ့်နိုင်ငံကို ဆက်သွားခွင့်မရဘဲ မူလတင်ပို့တဲ့နိုင်ငံကို ပြန်သွားရတဲ့ သင်္ဘောတွေ၊ ကွန်တိန်နာတွေ စာရင်းကို စင်ကာပူအကောက်ခွန်ဌာနကို စုံစမ်းကြည့်ရင်သိနိုင်ပါ တယ်။ ဒီတော့ ကျွန်တော်တို့လုပ်ငန်းရှင်တွေက လိုင်စင်မှာ အဲနီး ကန်းထရီး၊ အဲနီးပို့ (Any Country, Any Port) လို့ ဖော်ပြချင်တယ် ဆိုတော့ နိုင်ငံတကာကုန်သွယ်မှုစံနှုန်းတွေနဲ့အညီ ဆောင်ရွက်နေရတဲ့ ဌာနတစ်ခုရဲ့ လုပ်ငန်းတွေကို အတော်ပဲ စွက်ဖက်ရာရောက်နေ သလားလို့ စဉ်းစားစရာပါ။ ဒီကိစ္စကို ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သွင်းကုန်လုပ်ငန်းဌာနက မိတ်ဆွေကိုမေးကြည့်တော့ "နိုင်ငံ တကာကုန်သွယ်မှု မူဘောင်တွေအရ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ် နည်း စည်းကမ်းတွေကို ပုဂ္ဂိုလ်တစ်ဦးတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် ပြင်ဆင်ဖြည့်စွက်လို့ မရပါဘူး။ ထူးခြားတဲ့ အခြေအနေအကြောင်း ကြောင်းကြောင့် နစ်နာမှုရှိမယ့် အခြေအနေမျိုးဆိုရင် တာဝန်ရှိသူ တွေက ကိစ္စရပ်တစ်ခုချင်းအပေါ် သီးခြားစဉ်းစားပြီး အဆင်ပြေ အောင်ဆောင်ရွက်ပေးနေပါတယ်" လို့ ပြောပြပါတယ်။ဒီနေ့ မြန်မာ့စီးပွားရေးလောကကို လေ့လာရင် ပုဂ္ဂလိကကဏ္ဍ ကို ဦးစားပေးပြီး နိုင်ငံရဲ့အရေးကြီးတဲ့ စီးပွားရေး အစိတ်အပိုင်းတွေကို တောင် လွှဲပြောင်းပေးဖို့ စီစဉ်နေတာ တွေ့ရပါတယ်။ ဒီအခြေအနေ မှာ ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ တွေးခေါ် မြော်မြင်မှုနဲ့ လုပ်ဆောင်ချက်တွေက နိုင်ငံတကာစံနှုန်းတွေ၊ ဒေသ တွင်း စံနှုန်းတွေအပြင် မိမိနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီအောင် လိုက်နာဆောင်ရွက်ဖို့ ပိုပြီးလိုနေပြီလို့ အကြံပြုပါရစေ ခင်ဗျား။ မောင်စံ
Background