Main menu

Background

ရော်ဘာလုပ်ငန်းများမှ တန်ပြန်စုပုံခွန် လျှော့ချစေလို

Sun, 03/25/2012 - 06:44 -- Anonymous (not verified)

    အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းများအသင်း (AIRIA)  က စက်မှုလုပ်ငန်းတွေအတွက် ယှဉ်ပြိုင်မှုမရှိအောင်ပြုလုပ်ထားတဲ့ ရော်ဘာကုန်ကြမ်းတင်သွင်းမှုအပေါ်ကောက်ခံတဲ့ တန်ပြန်စုပုံခွန်ကို ဖယ်ရှားနိုင် ရေး ကြိုးစားနေတယ်လို့ သိရပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား ကွာဟချက်ကို ထိန်းညှိပေးမယ့် ရော်ဘာတန် ၁သိန်းအဆောတလျင်တင်သွင်းဖို့အတွက် ရှိနေ တယ်လို့လည်းသိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်အကြိုအဆိုတင်သွင်းမှုမှာ ကာဗွန်နဲ့ ရော်ဘာဓာတုပစ္စည်းတွေရဲ့ အခွန်ကောက်ခံမှုကအသင့်သုံးပစ္စည်းတွေအပေါ်မှာအခွန်ကောက်ခံမှုထက် ဈေးပိုကြီးကြောင်း စက်မှုလုပ်ငန်းရှင်များက ပြော ကြားပါတယ်။ အတိုးနှုန်းနဲ့ စွမ်းအင်စရိတ်တွေမြင့်မားခြင်းက အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းပစ်ဖို့ အကြောင်းဖန်လာကြောင်း သိရပါတယ်။ ရော်ဘာတု ထုတ်လုပ်တဲ့ ဓာတုပစ္စည်းရဲ့ တန်ပြန်စုပုံခွန်နှုန်း  မြင့်တဲ့အတွက် အိန္ဒိယဖိနပ်ထုတ်ကုန်တွေကိုဈေးကြီးစေပြီး နီပေါ၊ သီရိလင်္ကာနဲ့တရုတ်ကနေ တင်သွင်းဖို့ဖြစ်လာတယ်လို့ သိရပါတယ်။ ရော်ဘာ ထုတ်ကုန်အတော်များများကတော့ တန်ပြန်စုပုံအခွန်ကို ရင်ဆိုင်ရခြင်းမရှိဘဲ သာမန်အခွန်နှုန်းနဲ့ တင်သွင်းဆဲဖြစ်ကြောင်း သိရပါတယ်။ ရော်ဘာထုတ်ကုန် ၁၅၀၀၀ ကျော်က တန်ပြန်စုပုံခွန်ကောက်ခံဖို့ခက်ခဲပြီး ထုတ်လုပ်သူအများစုက အသေးစား ထုတ်လုပ်သူများဖြစ်ကာ အိန္ဒိယမှာ ရော်ဘာအခြေခံတဲ့ လုပ်ငန်းအသေးစား ၅၀၀၀ ခန့် ရှိကြောင်း သိရပါတယ်။ ရော်ဘာသုံးစွဲမှု မှာလည်း တာယာကဏ္ဍနဲ့တာယာမဟုတ်တဲ့ကဏ္ဍဆိုပြီးအပိုင်း ၂ ပိုင်းရှိကာတာယာကဏ္ဍကရော်ဘာအသုံးများကြောင်း သိရ ပါတယ်။ပြည်တွင်းမှာသေချာမထုတ်လုပ်နိုင်တဲ့  ရော်ဘာနဲ့ဆက်စပ်တဲ့ ကုန်ကြမ်းတွေကို အကောက်ခွန်နှုန်း အမြင့်နဲ့ ကောက်ခံ နေရကြောင်း သိရပါတယ်။ ပြည်တွင်းမှာမထုတ်လုပ်နိုင်တဲ့ butyl  ရော်ဘာ၊ SBR    ရော်ဘာနဲ့ အခြားအဆင့်မြင့်ရော်ဘာတုများနဲ့ ပိုလီယက်စတာ တာယာကြိုးထုံးကဲ့သို့သောပစ္စည်းများကို အကောက်ခွန် သက်သာခွင့်ပေးဖို့ AIRIA က ကြိုးစားနေတယ်လို့ သိရပါတယ်။ သဘာဝရော်ဘာနဲ့ ရော်ဘာတုသုံးစွဲမှုက ထုတ်လုပ်မှုကို ကျော်လွန်ပြီး တိုးပွားနေပါတယ်။ ဒါပေမယ့် ဈေးမြင့်တာ က ပြဿနာတစ်ခုဖြစ်နေပြီး လောလော ဆယ်မှာ ရောင်းလိုအားဝယ်လိုအား ကွာဟချက်ပြည့်မီဖို့ တန် ၁ သိန်းတင်သွင်းဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ရော်ဘာအစေးရဲ့ အကောက်ခွန်နှုန်းက ၇၀ ရာခိုင်နှုန်းရှိပြီး တစ်ကီလိုကို ၄၉ ရူပီးခန့် ကုန် ကျပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သဘာဝရော်ဘာနဲ့ ရော်ဘာတုဈေးနှုန်းက တစ်ကီလိုကို ဒေါ်လာ ၁ ဒသမ ၅ ကနေ ဒေါ်လာ ၄ ဒသမ ၂ အထိ မြင့်တက်ခဲ့တယ်လို့ AIRIA   က ပြောကြားပါတယ်။       Source: Business line,K.Z.W