ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာရဲ့ အာဟာရအဖြစ် စားသုံးပြီး အဓိကအားဖြင့် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အမေရိကအလယ်ပိုင်းနဲ့ အိန္ဒိယမျိုးနွယ်ဖွားတွေ နေထိုင်ရာဒေသတွေရဲ့ အဓိက အာဟာရ ဖြည့်တင်းမှုအဖြစ် စားသုံးတဲ့ ပဲဟာ မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေထဲက အဓိကပို့ကုန် တစ်မျိုးဖြစ်ပါတယ်။ ပဲမျိုးစုံကနေ ပြည်ပဝင်ငွေရရှိမှုဟာ နှစ်စဉ်ပျမ်းမျှ ဒေါ်လာသန်းပေါင်း ၉၀၀-၁၀၀၀ ကျော်ရရှိပြီး စုစုပေါင်းလယ်ယာထွက်ပို့ကုန်ဝင်ငွေ ရရှိမှုရဲ့ ၅၀ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။ တင်ပို့နေတဲ့ ပဲမျိုးစုံတွေကတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲဖြူလုံးကြီး၊ ပဲလွန်းဖြူ၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ ပဲပုပ်စေ့တို့ဖြစ်ပြီး အဓိကပမာဏများများတင်ပို့တဲ့ ပဲတွေကတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တို့ဖြစ်ပါတယ်။ အိန္ဒိယပဲထုတ်လုပ်မှုနဲ့ လိုအပ်ချက် အိန္ဒိယနိုင်ငံဟာ ပုံမှန်အားဖြင့် နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၁၇ သန်းဝန်းကျင်ထုတ်လုပ်ပြီး စားသုံးမှု လိုအပ်ချက်ကတန်ချိန်၁၉ သန်းဝန်းကျင် ရှိနေလို့တန်ချိန် ၂ သန်းအထက်လိုအပ်တာကိုပြည်ပက တင်သွင်း နေရပါတယ်။ အဓိကလိုအပ်တဲ့ပဲကို မြန်မာနိုင်ငံက တင်သွင်းနေရ တာ ဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ မှာ တော့ ပဲမျိုးစုံထွက်ရှိမှုက တန်ချိန် ၁၇ ဒသမ ၂၈ သန်းရှိမယ်လို့ ဒုတိယ အကြိမ်ခန့်မှန်းမှု အရသိရပါ တယ်။ ဒီပမာဏဟာ ၂၀၁၀-၁၁ မှာ စံချိန်တင်ထွက်ရှိခဲ့တဲ့ ပမာဏ တန်ချိန် ၁၈ ဒသမ ၀၉ သန်းထက် လျော့ကျ တယ်ဆိုပေမဲ့ ပုံမှန်နှ စ်တွေထက်တော့ ပိုနေပါသေးတယ်။ ဒီနှစ်မိုးနဲ့ ဆောင်းမှာမတ်ပဲနဲ့ ပဲတီစိမ်း က ပုံမှန်ထက် ပိုထွက်တယ်လို့ ခန့်မှန်းကြပြီး ပဲစင်းငုံနဲ့ ကုလားပဲကတော့ ဒီနှစ်မှာ မနှစ်ကထက် လျော့ကျ မယ်လို့ ဆိုပါတယ်။ဒါကြောင့်လည်းလတ်တလောမှာ မတ်ပဲနဲ့ ပဲတီစိမ်းက ဈေးနှုန်း တည်ငြိမ်နေပြီး အထွက်လျော့မယ်ဆို တဲ့ပဲစင်းငုံကလည်းေ ဈးသိသိသာသာတက်မလာသေးတာတွေ့ရပါတယ်။ ဒါပေမဲ့ ကုလားပဲဖြူ လုံးကြီးကတော့ တက်ဈေးကို သွားနေတာ တွေ့နေရပါတယ်။မြန်မာ့ပဲမျိုးစုံထုတ်လုပ်မှု မြန်မာနိုင်ငံမှာ ပဲမျိုးစုံစိုက်ဧက ၁၀ သန်းကျော် စိုက်ပျိုးလျက်ရှိပြီး မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းဌာနရဲ့ ခန့်မှန်းစာရင်းတွေအရပဲမျိုးစုံ တန်ချိန် ၄ သန်းကျော်-၅ သန်းကျော်ထွက်ရှိတယ်လို့ သိရပါတယ်။ အဲဒီ စာရင်းတွေအရ နှစ်စဉ်ဆိုသလို စိုက်ဧကလည်းပိုမို သလိုထွက်ရှိမှု လည်းတိုးတက်လာတာ တွေ့ရပါတယ်။ ပဲတစ်မျိုးချင်း ထုတ်လုပ်မှုအနေနဲ့လည်း သက်ဆိုင်ရာ ဌာနစာရင်းအရဆိုရင် နှစ်စဉ်တိုးတက်နေ တာ တွေ့ရပါတယ်။မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထွက်ရှိမှုပမာဏ (၂၀၀၆-၀၇ မှ ၂၀၁၁-၁၂ ထိ) ပဲမျိုးစုံပြည်ပတင်ပို့မှု ပြည်ပကိုပဲတင်ပို့မှုကို လေ့လာကြည့်ရင် နှစ်အလိုက် ပဲမျိုးစုံတင်ပို့မှု ပမာဏအတက်အကျ အပြောင်း အလဲတို့ ရှိပေမဲ့ ယေဘုယျ အနေနဲ့တော့ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ အများဆုံးတင်ပို့မှုအနေနဲ့ ၂၀၀၈-၀၉ မှာ တန်ချိန် ၁၅ သိန်းကျော်ခဲ့ပြီး ပုံမှန် အားဖြင့် ပျမ်းမျှ တစ်နှစ်ကို တန်ချိန် ၁၂ သိန်းကျော် တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ၂၀၁၁-၂၀၁၂ မှာလည်း လက်ရှိအချိန်ထိ ၁၃ သိန်းကျော် တင်ပို့ပြီးဖြစ်လို့ ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ၁၄ သိန်းနီးပါး တင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ (တန်ချိန်- ထောင်ပေါင်း)ပဲအမျိုး ၂၀၀၄- ၂၀၀၅- ၂၀၀၆- ၂၀၀၇- ၂၀၀၈- ၂၀၀၉- ၂၀၁၀- ၂၀၁၁-အစား ၂၀၀၅ ၂၀၀၆ ၂၀၀၇ ၂၀၀၈ ၂၀၀၉ ၂၀၁၀ ၂၀၁၁ ၂၀၁၂မတ်ပဲ ၄၄၂ ၃၉၂ ၄၈၇ ၅၀၉ ၅၃၅ ၆၁၉ ၄၆၄ ၅၆၂ပဲတီစိမ်း ၃၀၄ ၂၃၈ ၃၃၉ ၃၂၈ ၃၂၀ ၃၂၆ ၂၆၈ ၃၁၅ပဲစင်းငုံ ၁၉၄ ၂၀၃ ၂၆၇ ၂၇၀ ၄၇၅ ၁၉၄ ၁၄၆ ၂၉၇ကုလားပဲ ၅၄ ၃၁ ၅၉ ၁၁၅ ၈၈ ၄၆ ၈ ၇၀အခြားပဲ ၁၂၂ ၉၅ ၁၂၅ ၁၂၆ ၁၄၀ ၁၀၃ ၇၁ ၈၅စုစုပေါင်း ၁၁၁၆ ၉၅၉ ၁၂၇၇ ၁၃၄၈ ၁၅၅၈ ၁၂၈၈ ၉၅၇ ၁၃၂၉ တင်ပို့တဲ့ဈေးကွက်တွေကတော့ မတ်ပဲဆိုရင် အိန္ဒိယကို ၇၅ ရာခိုင်နှုန်း၊ စင်ကာပူကို ၁၅-၁၆ ရာခိုင်နှုန်း၊ မလေးရှားကို ၂ ရာခိုင်နှုန်းေ ကျာ်၊ ထိုင်းကို ၂ ရာခိုင်နှုန်းခန့်နဲ့ ယူအေအီး၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဗီယက်နမ် စတဲ့နိုင်ငံပေါင်း ၂၀ ကျော်ကို တင်ပို့ပြီး ပဲစင်းငုံကတော့ အိန္ဒိယကို ၈၆ ရာခိုင်နှုန်း၊ စင်ကာပူကို ၁၂ ရာခိုင်နှုန်း၊ မလေးရှားကို ၁ ဒသမ ၄ ရာခိုင်နှုန်း၊ အင်ဒိုကို ဒသမ ၆ ရာခိုင်နှုန်းအပြင် အခြားနိုင်ငံများနဲ့ စုစုပေါင်း ၁၃ နိုင်ငံကို တင်ပို့မှု ရှိပါတယ်။ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးကွက်အနေနဲ့ တရုတ်ကို ၄၄ ရာခိုင်နှုန်းကျော်၊ အိန္ဒိယကို ၁၉ ရာခိုင်နှုန်း၊ စင်ကာပူကို ၁၄ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်ကို ၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားကို ၄ ရာခိုင် နှုန်း၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံတွေကို ၂ ရာခိုင်နှုန်းဝန်းကျင်နဲ့ စုစုပေါင်း နိုင်ငံပေါင်း ၂၅ နိုင်ငံကို တင်ပို့မှု ရှိကြောင်းတွေ့ရ ပါတယ်။ပဲမျိုးစုံဈေးနှုန်းအပြောင်းအလဲ ပဲမျိုးစုံဈေးနှုန်းကို ကြည့်မယ်ဆိုရင် ၂၀၀၉ ခုနှစ်လယ်ကစပြီး ၂၀၁၀ ခုနှစ်တစ်နှစ်လုံးမှာ စံချိန် တင်တဲ့ဈေး အမြင့်ဘက်မှာ ရောက် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကပဲ ဖြစ်တဲ့ မတ်ပဲရဲ့ လအလိုက် ပျမ်းမျှ ဈေး အနေနဲ့ ၂၀၀၉ ခုနှစ်အတွင်း နိုဝင်ဘာလ မှာ FOB ဈေး ကန်ဒေါ် လာ ၁၁၂၅ ထိ အမြင့်ဆုံးဈေးဖြစ်ခဲ့ပြီး၂၀၁၀ခုနှစ်ဒုတိယ ၃ လ အတွင်း မှာအမြင့်ဆုံးဈေးတစ်တန် ကန်ဒေါ်လာ ၁၁၀၀ ဝန်းကျင်ရောက်ရှိ ခဲ့ပါတယ်။ ၂၀၁၁ နှစ် လယ်လောက် က နေ အေးလာတဲ့ မတ်ပဲဈေးဟာ ၂၀၁၂ နှစ်ဆန်း ပထမ ၃ လအတွင်းမှာတော့ အမြင့်ဆုံး ရောက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ရဲ့ ထက်ဝက်ကို ကန်ဒေါ်လာ ၅၈၅ ခန့်ကို ကျဆင်းလာတာတွေ့ရပါတယ်။ ဒုတိယအများဆုံး တင်ပို့ တဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါ ဈေးနှုန်းမှာလည်း အလားတူပဲ ၂၀၀၉ ခုနှစ် နှောင်းပိုင်း ကနေ အတက်ဘက်ကို ရောက်ရှိလာခဲ့ရာ မှ ၂၀၁၀ တစ်နှစ်လုံး FOB ဈေးက ကန် ဒေါ်လာ တစ်ထောင်အထက်ကနေ မဆင်းလာခဲ့ပါဘူး။ အမြင့်ဆုံးကာလက တော့ ဧပြီ၊ မေလတွေမှာ ပဲတီရွှေဝါ ဈေး တစ်တန် ကန်ဒေါ်လာ ၁၆၀၀ ကျော်တဲ့ အထိ ရှိနေခဲ့ပါတယ်။ ပဲတီရွှေ ဝါဈေးက အခြား ပဲ ဈေးတွေလို ၂၀၁၁ အစပိုင်းမှာ ဆင်းမသွားသေးဘဲ တင်းခံနေခဲ့လို့ ၂၀၁၁ ပထမ ၅ လအတွင်းမှာ တစ်တန် ကန်ဒေါ်လာ ၁၀၀၀ အထက်မှာ တန့်နေခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်းလ တွေမှာ တအိအိဆင်းလာခဲ့ရာ ၂၀၁၂ လက်ရှိကာလတွေ မှာတော့ တစ်တန် ကန်ဒေါ်လာ ၆၅၀ ကျော်နဲ့ အမြင့်ဆုံးကာလ ၂၀၁၀ မေလထက် ၂ ဆခွဲခန့် ထိုးဆင်းလာခဲ့ တာတွေ့ရပါတယ်။ တတိယ အများဆုံးတင်ပို့တဲ့ ပဲစင်းငုံအနေနဲ့ ၂၀၀၉ နှစ်အစမှာ တစ် တန် ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်ကနေ မြင့်တက်လာခဲ့ကာ ဇူလိုင်လမှစပြီး ကန်ဒေါ်လာ ၁၀၀၀ ဝန်းကျင်ကိုရောက် ခဲ့ပြီး၊ သြဂုတ်လမှာ ကန်ဒေါ်လာ ၁၁၅၀ ဝန်းကျင်ထိ အမြင့်ဆုံးဖြစ်ခဲ့တာ တွေ့ရ ပါတယ်။ ၂၀၁၀ နှစ်စပိုင်းမှာ ကန်ဒေါ် လာ ၈၆၀ ကျော် ဝန်းကျင်မှာရှိရာမှ ဧပြီ၊ မေလတွေမှာ ကန်ဒေါ်လာ ၁၁၀၀ ဝန်းကျင်ရှိ ခဲ့ပြီး၊ အောက်တိုဘာလနောက်ပိုင်း ပြန်ဆင်းလာခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် အစပိုင်းမှာ ကန်ဒေါ်လာ ၉၀၀ ဝန်းကျင်ရှိ ခဲ့ပြီး၊ နောက်ပိုင်းကာလတွေကနေ လက်ရှိ ၂၀၁၂ အစောပိုင်းလတွေထိ အကျ ဘက်ဆင်းလာခဲ့ကာ အခုဆိုရင် ကန်ဒေါ်လာ ၅၈၀ ဝန်းကျင်ကို ကျဆင်းခဲ့တာ တွေ့ရပါတယ်။ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ တောင်သူအကျိုးအမြတ်ကို မတ်လ ၁၉ ရက်နေ့ ဈေးနှုန်းအရ သက်ဆိုင်ရာဌာနမှ တွက်ချက်ခန့်မှန်းချက်ကို ဖော်ပြချင်ပါတယ်။ မတ်ပဲ ဧရာ မန္တလေး စစ်ကိုင်းတစ်ဧကကုန်ကျစရိတ် ၉၇၂၅၀ ၁၁၆၄၀၀ ၁၂၀၅၀၀တစ်ဧကအထွက်နှုန်း(တင်း) ၁၂ ၁၅ ၁၁တစ်တင်းကုန်ကျစရိတ် ၈၁၀၄ ၇၇၆၀ ၁၀၉၅၅တစ်တင်းရောင်းဈေး ၁၂၅၀၀ ၁၀၃၀၀ ၉၀၀၀အမြတ် (ကျပ်/ဧက) ၅၂၇၅၀ ၃၈၁၀၀ - ၂၁၅၀၀ပဲတီစိမ်း စစ်ကိုင်း မကွေး မန္တလေး ရန်ကုန်(ပဲတီရွှေဝါ) တစ်ဧကကုန်ကျစရိတ် ၁၃၉၅၀၀ ၁၃၃၀၀၀ ၁၁၂၁၀၀ ၁၄၀၀၀၀တစ်ဧကအထွက်(တင်း) ၁၀ ၁၀ ၉ ၁၀တစ်တင်းကုန်ကျစရိတ် ၁၃၉၅၀ ၁၃၃၀၀ ၁၂၄၅၆၀ ၁၄၀၀၀တစ်တင်းရောင်းဈေး ၁၁၅၀၀ ၁၂၁၀၀ ၁၀၄၀၀ ၁၉၅၀၀အမြတ်(ကျပ်/ဧက) -၂၄၅၀၀ - ၁၂၀၀၀ -၁၈၅၀၀ +၅၅၀၀၀ပဲစင်းငုံ စစ်ကိုင်း မကွေး မန္တလေး တစ်ဧကကုန်ကျစရိတ် ၁၁၆၀၀၀ ၉၅၈၅၀ ၁၀၈၀၀၀တစ်ဧကအထွက်နှုန်း(တင်း) ၁၀ ၉ ၉တစ်တင်းကုန်ကျစရိတ် ၁၁၆၀၀ ၁၀၆၅၀ ၁၂၀၀၀တစ်တင်းရောင်းဈေး ၁၂၈၀၀ ၁၂၄၀၀ ၁၁၈၀၀အမြတ်(ကျပ်/ဧက) ၁၂၀၀၀ ၁၅၇၅၀ - ၁၈၀၀ မတ်ပဲစိုက်ပျိုးအတွက် ရင်းနှီးစိုက်ထုတ်ထားရတဲ့ ကာလက ၃ လ၊ ပဲတီစိမ်းက ၂ လခန့်၊ ပဲစင်းငုံက ၆-၇ လ ခန့် ဖြစ်လို့ ရင်းနှီးရတဲ့ေ ငွကြေးနဲ့ စိုက်ထုတ်ထားရတဲ့ လူအင်အား၊ အချိန်နဲ့ တွက်မယ်ဆိုရင် လက်ရှိပေါက်ဈေး အကျိုးအမြတ် မရတဲ့အပြင် တောင်သူတွေ အရှုံးပေါ်နေတာတွေ့ရပါတယ်။ လက်ရှိ ကာလဟာ ပဲမျိုးစုံရိတ်သိမ်းမှုက အချို့ဒေသတွေမှာ ပြီးစီးပေမဲ့ အချို့ဒေသတွေမှာ ရိတ်သိမ်းဆဲဖြစ်လို့ အချို့ပဲများ ကုန်သည်လက်ထဲရောက်ရှိပြီ ဖြစ်ပေမဲ့ အချို့ဒေသကြီးတွေမှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ များ တောင်သူလက်ထဲမှာ တော်တော်များများ ကျန်နေသေးတာ သိရပါတယ်။ ပဲထွက်ရှိမှုအနေနဲ့ ယခင်နှစ် မတ်ပဲ ရိတ်သိမ်းချိန် မိုးများခဲ့လို့ အထွက်လျော့ပြီး ရေနာပဲတွေရှိခဲ့ပါ တယ်။ ယခုနှစ်မှာတော့ အစို ဓာတ်ကောင်းကောင်းမရခြင်းနဲ့ အချို့ဒေသတွေမှာ ပိုးကျရောက်မှုတွေ ရှိတာကြောင့် အထွက်နှုန်းအနေနဲ့ မနှစ်ကနဲ့ ဒီနှစ်အနေအထား ပျမ်းမျှထွက်ရှိမှု မကွာနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ပဲစင်းငုံကတော့ မကွေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အထွက်လျှော့ကာ စစ်ကိုင်း၊ မန္တလေးမှာတော့ပုံမှန်ထွက်ရှိပြီး ပဲတီစိမ်း၊ ပဲတီရွှေဝါကတော့ ယခင်နှစ်လိုထွက်ရှိတယ်လို့ ခန့်မှန်းကြပါ တယ်။ ဒီနှစ်အနေအထားအရ အထက်မှာဖော်ပြခဲ့သလို ပဲမျိုးစုံတင်ပို့မှုက ပုံမှန်ထက် ပိုမိုတင်ပို့နေပေမဲ့ ဈေးနှုန်းက အကျဘက်ကို သွားနေ တာမို့ အဓိကတောင်သူတွေ တွက်ခြေမကိုက်ဖြစ်ရသလို ရောင်းဝယ်တဲ့ ကုန်သည်တွေ အနေနဲ့လည်း အကျိုးအမြတ် ရရှိမှုန ည်းပြီး ဈေးကွက်အပေါ်မယုံမရဲဖြစ်နေရတယ်လို့ သိရပါတယ်။ ဒီလို အနေအထားမျိုးရောက်ရှိနေတဲ့ ပဲဈေးကွက်အပေါ် ဘယ်လိုပြင်ဆင် သင့်သလဲဆိုတာ အကြံပြုသုံးသပ်နိုင်ဖို့ ကောမတ်စ်အဖွဲ့က စီးပွားရေးပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ ပဲတင်ပို့သူများ၊ နယ်ကုန်သည်များနဲ့စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို တွေ့ဆုံမေးမြန်းခဲ့တာကို မျှဝေလိုက်ပါတယ်။ဦးကျော်မြင့်၊ လယ်ယာထွက်ကုန်ဈေးကွက်သုတေသနပညာရှင်ဈေးကွက် Market ဟုပြောဆိုပါက ဝယ်လိုအား(Demand) ရောင်းလိုအား (Supply) တို့ပါဝင် လာပြီး ရောင်းသူများ ယှဉ်ပြိုင်မှု (Competitive) များလည်း ပါဝင်လာပါသည်။ ယှဉ်ပြိုင်မှုအနေဖြင့် အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံတင်ပို့မှုတွင် မြန်မာသာမက အာဖရိကနိုင်ငံ များမှလည်း တိုးမြှင့်တင်ပို့လာသည့် အခြေအနေတွင် ရှိပါသည်။ - www.af.reuters.com အရ ယခု ၂၀၁၂ ခုနှစ် အိန္ဒိယသို့ အာဖရိက ပဲမျိုးစုံ တင်ပို့မှု ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်။ ယခု ၂၀၁၂ ခုနှစ်အတွင်း၌ အိန္ဒိယသို့ အာဖရိက၏ ပဲတင်ပို့မှုများမှာ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက် လာသည်ကို မြင်တွေ့လာရကြောင်း၊ အာဖရိကသည်လာမည့် လအနည်းငယ်အတွင်း၌ အိန္ဒိယသို့ ပဲစင်းငုံ အဓိက ထောက်ပံ့ပေးရနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ကြာသ ပတေးနေ့တွင် ထုတ်ဖော်ပြောကြား သွားခဲ့သည်။ ကမ္ဘာပေါ်၌ ပဲအများဆုံး ထုတ်လုပ်၊ စားသုံး၊ တင်သွင်းသည့် အိန္ဒိယနိုင်ငံသည် အာဖရိက အရှေ့ပိုင်းနိုင်ငံများဖြစ်သည့်တန်ဇန်နီးယား၊ မာလဝီနှင့် ကင်ညာကဲ့သို့ နိုင်ငံများမှ ထွက်ရှိသော ကုလားပဲ နှင့် ပဲစင်းငုံတို့ကို အားထား တင်သွင်းလေ့ရှိသည်။ "အာဖရိကရဲ့ပဲထုတ်လုပ်အားက တောက်လျှောက်တိုးတက်လာနေပါတယ်။လာမယ့်နှစ်အနည်းငယ် အတွင်းမှာ အိန္ဒိယကို ပဲစင်းငုံအဓိက ထောက်ပံ့ပေးတဲ့သူ ဖြစ်လာနိုင်ပါတယ်"ဟု မွန်ဘိုင်းမြို့တွင် ကျင်းပ နေသည့် ကမ္ဘာလုံးဆိုင်ရာ ပဲလုပ်ငန်း အစည်း အဝေးသို့ တက်ရောက်လာသော အိန္ဒိယသို့ ပဲတင်ပို့ပေးနေ သည့် ကုမ္ပဏီတစ်ခုမှ မန်နေဂျင်းဒါရိုက်တာ Ketan V.Patel က ပြောကြားသွားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက အိန္ဒိယသို့ အာဖရိကတင်ပို့ခဲ့သည့် ပဲတန်ချိန် စုစုပေါင်းမှာ ၃၅၀၀၀၀ ခန့်ရှိခဲ့ ပြီး ပဲစင်းငုံ တစ်မျိုးတည်းပင် ၁၉၀၀၀၀ တန် နီးပါး ရှိခဲ့သည်။ ပဲမျိုးစုံတင်သွင်းသည့် အိန္ဒိယနိုင်ငံအနေဖြင့်လည်း ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရန် ဆောင်ရွက် လာခြင်း ၊ ပြည်တွင်းဈေးကွက် ပဲမျုးိစုံဈေးနှုန်း မြင့်မားလာမှုမရှိရန် စီမံဆောင်ရွက်ခြင်း၊ ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်းချသည့် နိုင်ငံကို ဦးစားပေး ဝယ်ယူ လာခြင်း၊ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယသို့ အဓိကအများ အပြားတင်ပို့ရောင်းချ ရခြင်းများကြောင့် အိန္ဒိယတွင်မြန်မာ့ မတ်ပဲ၊ မြန်မာ့ပဲစင်းငုံနှင့် မြန်မာ့ပဲတီစိမ်း ဈေး အတက်အကျ သည် မြန်မာပြည်တွင်း ဈေးကွက် အတက်အကျကို ဖြစ်ပေါ်စေပါသည်။ (၁)စိုက်ပျိုးထုတ်လုပ်သူတောင်သူလယ်သမားများ။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် (Production cost)တောင်သူအကျိုးအမြတ်ကို ၂၀၁၂ ခုနှစ်မတ်လ ၁၉ ရက်ဈေးနှုန်းအရ သက်ဆိုင်ရာဌာနမှ ၁ဧက အထွက်နှုန်း ၁၂ တင်းဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွက် တွက်ချက်ခန့်မှန်းထားပါသည်-- ဈေးနှုန်းကျဆင်းသည့်တိုင် ကုန်ကျစရိတ် အပြောင်းအလဲမရှိဘဲ ၁ ဧကအထွက်နှုန်း တိုးတက်ခြင်း ဖြင့်လည်း စိုက်ပျိုးသူအတွက် စီးပွားရေးတွက်ခြေကိုက်မှု ဖြစ်ပေါ်စေပါသည်။- မူလရရှိသည့် ၁ ဧကအထွက်နှုန်း ၁၂ တင်းထက် ပိုမိုရရှိလေလေ စီးပွားရေးတွက်ချေကိုက်မှု ပိုမို များပြားလေ ဖြစ်ပါသည်။ အထွက်နူန်းတိုးတက်ရေးကို အလေးပေးဆောင်ရွက်ရပါမည်။ ကုန်ကျ စရိတ်နှင့် ရငွေအချိုုးတိုးလာမည်ဖြစ်ပါသည်။ - ဈေးနှုန်းယှဉ်ပြိုင်ရောင်းချမှု ပြုလုပ်နိုင်ရန် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းသွားရန် ၁ ဧက အထွက်နှုန်းမြင့်မားြ ခင်းဖြင့် ဈေးနှုန်းယှဉ်ပြိုင်မှု ပြုလုပ်နိုင်ပါသည်။ ရောင်းဈေးနှုန်း အထိုက် အလျှောက် ကျလာသော်လည်း စီးပွားရေး တွက်ခြေကိုက်မှုရှိနိုင်ပါသည်။ - ဒုတိယနည်းလမ်းမှာ စိုက်ပျိုးသူတောင်သူသည် ရောင်းချမည့်အချိန်ကို ဈေးနှုန်းပြောင်းလဲမှုပေါ် အခြေခံ ၍ ရောင်းချခြင်းြ ဖင့် ဈေးကောင်းရရှိနိုင်ပါသည်။ ယင်းအတွက် နေ့စဉ်ဈေးကွက် သတင်း အချက်အလက် (Market information) ကို နေ့စဉ်သိရှိရန် လိုအပ်ပါသည်။ - ပဲမျိုးစုံကို ဈေးကွက်မှ ဝယ်လိုအား Market Demand ထက် ပိုမို၍ စိုက်ပျိုးထုတ်လုပ်ခြင်းသည် ရောင်းလိုအား Supply များပြားစေ သည်။ ဈေးကျဆင်းမှု ဖြစ်ပေါ်စေပါသည်။ - အောက်မြန်မာပြည်ဒေသတွင် စိုက်ပျိုးထုတ်လုပ်သူအနေဖြင့် မိုးစပါးရိတ်သိမ်းပြီး ဒုတိယသီးနှံအဖြစ် စိုက်ပျိုးရာ တွင် ဈေးကွက် ဝယ်လိုအားပေါ် အခြေခံ၍ နွေစပါး၊ ဆီထွက်သီးနှံ ၊ ပဲမျိုးစုံကို သွင်းရေ ရရှိမှုပေါ် အခြေခံ၍ယင်းသီးနှံများကို တွဲဖက်စိုက်ပျိုးရန် လိုအပ်ပါသည်။ - မိမိ ပိုင်ဆိုင်သည့် စိုက်ကွက်ဧရိယာတွင် သီးနှံတစ်မျိုးတည်းကိုသာ အလေးပေး၍အများအပြား (Specialization) စိုက်ပျိုးသည့် အစား ဈေးကွက်လိုအပ်ချက် ရှိသောသီးနှံများကို တွဲဖက် စိုက်ပျိုး ခြင်း (Diversification) ဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ပါ သည်။ ပဲတစ်မျိုးတည်းအစား နွေစပါး၊ ဆီထွက်သီးနှံ ၊ ပဲမျိုးစုံကိုတွဲဖက်စိုက်ပျိုးသင့်ပါသည်။ (၂) ပဲမျိုးစုံရောင်းဝယ်တင်ပို့သူများ။ တဆက်တည်းမှာပင် စိုက်ပျိုးသူများသာမက၊ ပဲမျိုးစုံရောင်းဝယ် တင်ပို့သူများအနေဖြင့် စီးပွားရေးတွက်ခြေကိုက်မှု ဖြစ်ပေါ်စေရန် အဓိကကျသော အချက်များကို အောက်တွင် ဖော်ပြထားသည်။- စိုက်ပျိုးထွက်ရှိရာဒေသမှ ရန်ကုန်သို့သယ်ယူပို့ဆောင်ရမည့်စရိတ် တင်ခ၊ ချခ၊ ထုပ်ပိုးခ စသည့် ရောင်းဝယ်မှုစရိတ် (Marketing Cost) လျော့နည်းရန် လိုအပ်ပါသည်။- စိုက်ပျိုးထွက်ရှိရာ ဒေသရှိ ရောင်းဝယ်သူတစ်ဦးထံမှ ပြည်ပတင်ပို့သည်အထိ လွှဲပြောင်းကုန်ကျစရိတ် (transaction costs) များလျော့နည်းရန် လိုအပ်ပါသည်။- (transaction costs) များလေလေ ဈေးနှုန်းယှဉ်ပြိုင် ရောင်းချရန်ခက်ခဲပါသည်။ ဈေးမြင့်မှသာ ရောင်းချနိုင်သဖြင့် (transaction costs) လျော့နည်းရန် အထူးလိုအပ်ပါသည်။- စိုက်ပျိုးထွက်ရှိရာ ဒေသမှ မတ်ပဲထွက်ကုန်ကို ပြည်ပသို့လျင်လျင်မြန်မြန် တင်ပို့ခြင်းအစား ပြည်တွင်းတွင် ရောင်းဝယ်သူကုန်သည်အချင်းချင်းဈေးတင်၍ ရောင်းဝယ်ခြင်း လက်ပြောင်းလက်လွှဲ လုပ်ဆောင်မှု များပြားလာပါက ရောင်းဈေးမှာ မြင့်လာပြီး၊ ပြည်ပဈေးကွက်တွင် ဈေးနှုန်းယှဉ်ပြိုင် ရောင်းချနိုင်မှု လျှော့နည်းစေပါသည်။ - လက်ရှိအခြေအနေတွင် ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်သော Export earning ရောင်းဈေးမှာ ဇန်နဝါရီလ ပျမ်းမျှ ၈၅၂ ၊ ဖေဖော် ဝါရီလ ပျမ်းမျှ ၈၄၇ မတ်လ ယနေ့ထိ ပျမ်းမျှ ၈၄၀ ဝန်းကျင်တွင် ရှိနေသည်။ လုပ်နိုင်ကိုင်နိုင်သော ငွေကြေးလဲလှယ်မှု အခြေအနေတွင် ရှိပါသည်။ ငွေးကြေးလဲလှယ်သူများ၏ USD, FEC နှင့် Export earning ရောင်းဈေး (ရန်ကုန်) - နိုင်ငံတော်နေဖြင့် အခွန် ၁၀ ရာခိုင်နှုန်းအစား ၂ ရာခိုင်နှုန်းသတ်မှတ် သဖြင့် လုပ်သာကိုင်သာသော အခြေ အနေကို ဖန်တီးထားပါသည်။- အိန္ဒိယဈေးကွက်အပြင် အရည် အသွေးကိုဦးစားပေးသော ဈေးကွက် များကိုပါရှာဖွေ၍ တန်ဖိုးမြင့်ထွက်ကုန် များ ပိုမိုတိုးမြှင့် တင်ပို့ခြင်းဖြင့် ဈေး ကောင်း ရရှိနိုင်ပါသည်။ - အရည်အသွေး ကောင်းသော ပဲများရရှိအောင်စီမံ၍ဈေးနှုန်းများများရ အောင် ရောင်းချရေး၊၊ ဈေးနှုန်းယှဉ်ပြိုင် ရောင်းချနိုင်ရေး၊ ထုတ်လုပ်မှု ရောင်း ဝယ်မှု ကွင်းဆက် (Production and marketing chain) တွင်ပါဝင်သူများစီးပွားရေး တွက်ခြေကိုက် မှု ဖြစ်ပေါ်နိုင်ပါသည်ဟု အကြံပြု ဖော်ပြအပ်ပါသည်။ ဦးမင်းကိုဦး၊ အထွေထွေအုပ်ချုပ်ရေးမှုး၊ မြန်မာနိုင်ငံ ပဲနှမ်းအသင်း ဒီနှစ်ပဲဈေးတွေ ကျဆင်းရခြင်းအကြောင်းတွေကတော့ ပဲအားလုံး ရဲ့ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယမှာ မနှစ်က စီးပွားရေးကျဆင်းပြီး ရူပီးတန်ဖိုးတွေ ကျဆင်းတာတွေကြောင့် ဝယ်လိုအားအကန့်အသတ် သာရှိလို့ ၂၀၁၁ နှစ်လယ်ပိုင်းမှာ ဈေးကျခဲ့ရာက ပဲပေါ်ချိန်နဲ့ဆက် သွားလို့ ခုလိုမျိုးကျလာတာလို့ သုံးသပ်ရပါတယ်။ ဒီနှစ်အနေအထား က ၂၀၀၈ ခုနှစ်မှာ ဈေးတွေ ပြုတ်ကျခဲ့သလိုဖြစ်ပြီး တောင်သူတွေ စိုက်ပျိုးစရိတ်မကာအောင် ဖြစ်ရတာပါ။ ၂၀၀၈ ခုနှစ်က အတွေ့ အကြုံအရပြောရင် ဈေးတွေပြုတ်ကျပြီး ၂၀၀၉ မှာပြန်တက်လာ သလို မျိုး သြင်္ကန်အပြီး နောက်ပိုင်းမှာ ဈေးကောင်းလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီနှစ်ကျွန်တော်တို့နိုင်ငံမှာလည်း မတ်ပဲအထွက်က ၃၅ ရာခိုင်နှုန်းလောက်လျော့ပြီး တန်ချိန် ၄ သိန်းလောက်ပဲ ထွက် မယ်လို့ ခန့်မှန်းထားကြပါတယ်။ တောင်သူတွေအနေနဲ့ ဒီနှစ်က ရာသီဥတု အရ အထွက်လည်းလျော့တဲ့အပြင် ဈေးကလည်းကျတော့ ပိုဆိုးတာပေါ့။ ကျွန်တော့်အနေနဲ့ ပြောချင်တာတော့ ထားနိုင် တဲ့ တောင်သူေ တွအနေနဲ့ လက်ရှိဈေးနဲ့မရောင်းဘဲ မေ၊ ဇွန်လောက် အထိစောင့်ပြီးထားရင် အကျိုးရှိနိုင်မယ်လို့ထင်ပါတယ်။ အိန္ဒိယရဲ့ အဓိက သီးနှံဖြစ်တဲ့ မိုးပဲက မေ၊ ဇွန်မှာစိုက်မှာဖြစ်ပြီး ဒီကာလတွေမှာ ရာသီဥတု အခြေအနေအရဝယ်လိုအားတက်လာနိုင်ပါ တယ်။ နောက်ပြီး အိန္ဒိယဝယ်လက်တွေက ပုံမှန်ဝယ်ထားကြပါတယ်။ ဆိုလို ချင်တာက အောက်ဈေးတွေနဲ့ သူတို့ဆီမှာ ရောက်ရှိနေပြီဖြစ်လို့ ကုန်သည် ရဲ့သဘောအရ မေ၊ ဇွန် ရာသီဥတု အခြေအနေပေါ် ကြည့်ပြီး သူတို့ပိုက်ထားတဲ့ ပဲဈေးကို ဈေးတင်ရောင်းချဖို့ စီစဉ်ကြ မှာဖြစ်လို့ အိန္ဒိယဘက်ကဈေးတက်ရင် ဒီဘက်မှာလဲ တက်လာမှာပဲ၊ ဒါကြောင့်လဲ ဒီနှစ်နောင်းပိုင်းမှာ ဈေးပြန်ကောင်းလာမယ်လို့ ကုန် သည်အများစုက ယုံကြည်ကြတာပါ။ အိန္ဒိယက ပုံမှန်အားဖြင့်လည်း နှစ်စဉ်မတ်ပဲ ၄-၅ သိန်း လောက် ဝယ်ယူနေတာဖြစ်ပြီး နောက် ၂ နှစ် ၃ နှစ်အတွင်းမှာ လည်း သူတို့ရဲ့ ဝယ်လိုအားကလည်း ဒီထက် ကျဆင်းနိုင်ဖို့မရှိတာမို့ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ရှိထုတ်လုပ်မှု ၅ သိန်းပတ်လည် ကတော့ ဝယ်လိုအားရှိနေမှာပါ။ ဒီ့ထက်ပိုထုတ်ရင်တော့ ဈေးကွက် အသင့်ရှာရမယ့် သဘောရှိတယ်။ ဒီနှစ်အိန္ဒိယကို တင်ပို့မှုပမာဏ ပိုမိုရတာ ရယ်၊ ဈေးကျဆင်းရတဲ့ အကြောင်းရင်းအထဲမှာ မြန်မာပဲ ကုန်သည်တွေ ငွေမလည်နိုင်တာလဲ ပါပါတယ်။ ၂၀၁၁ ခုနှစ် လယ်လောက် မှာ ပဲအရောင်းအဝယ်ဘက်ကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာမယ့် အရိပ်အယောင်တွေရှိတော့ စက်မှုဇုန်လို၊ မြို့ထဲနေရာ ကောင်းေ တွ၊ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးကြတယ်။ နောက်ပြီး ကားသွင်းခွင့်တွေရလာတော့လဲ ကားဈေးကွက်မှာမြှုပ်နှံလာကြတော့ ပဲေ ဈးကွက်မှာလည်ပတ်ရမယ့် ငွေအင်အားနည်းတာကြောင့်လဲ ဈေးနှုန်းကို တောင့်မခံထားနိုင်ကြတာကြောင့်ပါ။ နိုင်ငံတော်အနေနဲ့ တောင်သူတွေ ထုတ်လုပ်မှုစရိတ် အောက်ရောက်ရင် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း (MSP) လို ဈေးနှုန်းတစ်ခုနဲ့ ထိန်းထားပေးမယ် ဆိုရင် အဆင်ပြေနိုင်ပါတယ်။ အဓိကတော့ ငွေကြေးအင်အား လို အပ်တာပါပဲ။ နောက်ပြီး ကြားခံတာဝန်ယူနိုင်တဲ့ နိုင်ငံတကာဘဏ် စနစ်လည်း လိုအပ်ပါတယ်။ ဦးစောနိုင်၊ စီးပွားရေးသုတေသီ(အသုံးချဘောဂဗေဒ) အခုပဲမျိုးစုံပြည်ပကို တင်ပို့တဲ့ ဈေးကွက်ပေါက်ဈေးကြား မကောင်းလောက်အောင် အလွန်အမင်းကျဆင်းနေတာနဲ့ ပတ်သက် လို့ အကြောင်းအရင်းရှာမယ်ဆိုရင် ဦးဆုံးဈေးကွက်သဘာဝအရ သိ ဖို့လိုပါတယ်။ ဝယ်လိုအားနည်းသွားလို့ များလား။ ရောင်းလိုအား များ နေလို့လားဘယ်အချက်လဲဆိုတာ ရှာကြည့်ရပါလိမ့်မယ်။ ဒါက ပုံမှန် အခြေအနေမှာ သဘာဝကျကျစဉ်းစားတာ၊ ဝယ်နေတဲ့ နိုင်ငံတွေ ဘက်က ဘာတွေကြောင့် ထူးထူးခြားခြားဝယ်လိုအားကျသွားတာ လဲ ကြည့်ရင် ပဲမျိုးစုံဟာ သူတို့ရဲ့ အဓိက ရိက္ခာအဖြစ်သုံးနေလို့ ဝယ်လို အားကျ တာတောင် အလွန်အကျွံတော့ ကျမှာ မဟုတ်ဘူး။ ဒါဆို ရောင်းလိုအားဘက် ကြည့်မယ်။ တင်ပို့ရောင်းချတဲ့ ကိုယ့် နိုင်ငံဘက်က ဒီနှစ်မှာ ပိုလို့တောင် တင်ပို့နေတာကို တွေ့ရတယ်။ ဝယ်ယူတဲ့ နိုင်ငံဘက်ကလဲ အဓိကအားဖြင့် အိန္ဒိယနိုင်ငံဆို ကိုယ် တိုင်လဲ စိုက်တယ်၊ ဒါကြောင့် ဒီနှစ်အချိန်ကာလမှာ သူတို့ဆီမှာ လက်ကျန်အနည်းအများရှိနေ တယ်လို့ စဉ်းစားရလိမ့်မယ် ထင်ပါ တယ်။ ကိုယ့်ဘက်က ရောင်းလိုအားကလဲများ၊ သူတို့ဆီမှာလဲ လက်ကျန်ရှိ တော့ ဝယ်လိုအားရောင်းလိုအား အခြေအနေနှစ်ရပ်မှာ ရောင်းလိုအားများနေတဲ့သဘောဖြစ်သွားပါတယ်။ ဒါပေမယ့် ဈေးကျ တာက ပြီးခဲ့တဲ့နှစ်ဈေးနှုန်းအောက် ထက်ဝက်လောက်နီးပါး ကျနေ တော့ ဈေးကွက်အထိတ်တလန့်ဖြစ်နေတဲ့ အခြေအနေမျိုးဖြစ် နေ တယ်။ ရောင်းလိုအားပိုလျှံ လို့ ဈေးတွေကျတယ်လို့ ပြောလို့မရ တော့ဘူး။ ဈေးကိုလှုပ်ပြီးဆွဲချနေတဲ့ ပယောဂတွေ ပါနေပြီ ထင်ပါ တယ်။ နောက်တစ်ချက်က ဒေါ်လာဈေးကျတာကိုလည်း ပြောနိုင်ပါ တယ်။ ဒါပေမယ့် ပဲဈေးအနေတဲ့ ကာလတစ်လျှောက် ဒေါ်လာဈေး အလွန်အမင်းထိုးကျနေသလားကြည့်တော့မဟုတ်ပြန်ဘူး။ တစ်ဒေါ် လာ ကျပ် ၈၀၀ ဝန်းကျင်မှာပဲပါးပါးလေးအတက်အကျဖြစ်နေတာ။ နောက်တစ်ခုက တင်ပို့တဲ့နိုင်ငံဘက် (ကျွန်တော်တို့နိုင်ငံ) နဲ့ တင်သွင်းနေတဲ့နိုင်ငံ (ဥပမာ-အိန္ဒိယ) တို့မှာ ပေါ်လစီမူဝါဒရုတ်ချည်း အကြီးအကျယ် ပြောင်းသွားတာကို ရုတ်တရက်ပြိုင် ဘက်တွေပေါ် လာတာတို့လဲ မတွေ့ရဘူး။ ဒီတော့ ဈေးကွက်သဘာဝမကျ တကျနဲ့ ပဲ စဉ်းစားဖို့လိုလာပါတယ်။ဈေးကွက်ယန္တရားပီပြင်အောင် အားထုတ် နေဆဲ ကာလ ယခုလိုအချိန်မှာ ဟာကွက်၊ ပျော့ကွက် အားနည်းချက် တွေ အများကြီးရှိနေပါတယ်။ ဒါတွေကို အခွင့်ကောင်းယူပြီး အခြေ အနေကြည့် လှုပ်ရှားနေတဲ့ လူတချို့ရဲ့ အပြုအမူကြောင့်လဲ ပါမယ် လို့လဲ ဆိုရပါလိမ့်မယ်။ ဈေးကွက်ယန္တရားကောင်း ကောင်းမွန်မွန် လည်ပတ်ဖို့ Institution တွေ မပြည့်စုံသေးတာလဲ ဒီလိုဖြစ်စေတဲ့ အကြောင်းတရားထဲမှာ ပါပါတယ်။ ကျွန်တော်သိသလောက် ဝယ်လက် နိုင်ငံဘက်က ကိုယ့်ပြည်တွင်းမှာ ဝင်ပြီး လှုပ်ရှားနေတာ ကလဲ အလေးထား စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ပြည်တွင်းမှာအရည်အသွေး၊ ဈေးနှုန်း စဉ်ဆက်မပြတ် မထိန်းနိုင် တာရယ်၊ မရိုးသားမှုတွေကြောင့် ဝယ်လက် မခိုင်မာတာ၊ ဝယ်လက်ရဲ့ ယုံကြည်မှုကို မရတာဖြစ်တော့ မကြာခဏပြောင်း နေတဲ့ ဝယ်လက် ကြောင့်လဲ ဈေးနှုန်း အတက်အကျများလွန်းတဲ့ အခြေအနေ ကို ဦးတည်လာသလိုဖြစ်နေတယ် ဆိုတာလဲ သတိပြုမိနိုင်ပါတယ်။ ယခုအခြေအနေမျိုးက မကြာခဏ ဖြစ်နေမှာပါပဲ။ ရှေ့ပိုင်း ကာလကိုလဲ ပြန်လေ့လာကြည့်ပါ။ ဆေးမြီးတိုနဲ့ ကုလို့မရဘူး။ စနစ်တကျ ပုံမှန်ထိန်း ကျောင်းမှ ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ ဈေးကွက်စနစ်မှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်တဲ့အခါ ဈေးတက် တာ၊ ကျတာ ပြဿနာတစ်ရပ်မဟုတ်ပါဘူး။ ဈေးကွက်ပျက်လောက် အောင် ဈေးနှုန်းတက်လွန်းတာ၊ ကျလွန်းတာ တို့ ဖြစ်ရင် သာ ပြဿနာ ဖြစ်ပါတယ်။ လောလောလတ်လတ်စဉ်းစားမိတာကတော့ ပဲမျိုးစုံ အတွက် ဆန်စပါးလိုပဲ ကြားခံ ဝယ်မဲ့အစီအစဉ်လိုပါပဲ။ ပဲကုန်ကြမ်း အခြေခံတဲ့ စားသောက်ကုန်လုပ်ငန်းတွေ ပိုမိုဖြစ်ထွန်းဖို့ လိုပါတယ်။ ဈေးနှုန်းအရည်အသွေးနဲ့ ဝယ်လက် အကြိုက်တွေကို စဉ်ဆက်မပြတ် ချိန် ထိုးဆောင်ရွက်ဖို့ လိုပါတယ်။ ပဲတင်ပို့ရေးကို ထိန်းကျောင်း ပေးနိုင်မဲ့ Institution တွေ ထပ်အားဖြည့်ဖို့ လိုပါလိမ့်မယ်။ အပြိုင်အဆိုင်ရောင်းဝယ်နေတဲ့ ခေတ်ကြီးထဲမှာ ကိုယ်တင်ပို့ ရောင်းချနေတဲ့ ပစ္စည်းရဲ့ ဈေးကွက်ဝေစု မကျဖို့နဲ့ ဈေးနှုန်း မရမ်းခါ စေဖို့သုတေသနလုပ်ငန်းကို လေးလေးနက်နက်ထား လုပ်ကိုင်ဖို့ လိုပါ ပြီ။ ဟိုစာအုပ် ဒီစာအုပ်က ကူးယူပြီး ဖတ်လို့ကောင်းအောင် လုပ် ထားတဲ့ အစီရင်ခံစာ ပုံစံမျိုးထက် ပကတိအခြေအနေကို ထင်ဟပ်ပြီး အနာဂတ်ဈေးကွက်အခြေအနေကို မှန်းဆနိုင်တဲ့ သုတေသနတွေကို လုပ်ဖို့ လိုပါတယ်။ တာဝန်ရှိသူတွေကလဲ သေသေချာချာဖတ်ပြီး ဆွေးနွေးဖို့ အသုံးချဖို့လိုပါတယ်။ ဒါမျိုးတွေကို အချိန်ယူပြီး ခေါင်းများများနဲ့ မစဉ်းစားရင်တော့ ရှေ့ဆက်ပိုပြီး ဈေးနှုန်းတက် လွန်းကျလွန်းတဲ့ အခြေအနေမျိုးတွေ ကြုံရဦးမှာပါပဲ။ ဦးလှဝင်း၊ ကုန်သည်သဲရိုးကျေးရွာအုပ်စု၊ ဟင်္သာတမြို့ ကျွန်တော်တို့ကျေးရွာမှာမတ်ပဲတစ်တင်း ၁၂၄၀၀ ကျပ်နဲ့ ကုန်စည်ဒိုင်ဈေးသိမ်းပါတယ်။ ကားခအတွက်ကို တောင်သူက ကျခံ ရပါတယ်။ မဖြစ်မနေရောင်းကြရတော့ သူ့ဈေးနဲ့သူ ပုံမှန်ရောင်းဝယ် ဖြစ်နေတာပဲပေါ့။ နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်မှု အားနည်း တယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ဈေးကွက်အားလုံးနဲ့ ချိတ်ဆက် တင်ပို့နိုင်ရင် ဒီထက်တော့ ဈေးပိုမယ် ထင်ပါတယ်။ မတ်ပဲစိုက်တဲ့ မြေမှာမတ်ပဲကိုပဲ စိုက်သင့်ပါတယ်။ တခြားလွှဲပြောင်းစိုက်လို့ မသင့် တော်ပါဘူး။ မတ်ပဲစိုက်မြေမှာထွန်ရေး ညက်ဖို့လိုပါတယ်။ သွင်း အားစု များဖြစ်တဲ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊အားဆေးတို့ကို အချိုးကျသုံး စွဲ သင့်ပါတယ်။ ဒီဒေသမှာ ပဲမျိုးစုံဖြစ်တဲ့ ပဲလွန်းဖြူ၊ ပဲလွန်းနီ၊ ပဲပုပ်နဲ့ ငရုတ်တို့စိုက်ပျိုးကြပြီး ဒီနှစ်မှာ ပဲလွန်းဖြူ တစ်တင်း ၁၂၀၀၀ ကျပ်၊ ပဲလွန်းနီ ၁၁၅၀၀ ကျပ်၊ ပဲပုပ်မှာ တစ်ဧက ၁၈ တင်းနှုန်းခန့်ထွက်ပြီး၊ ဈေး နှုန်း ၁၄၄၀၀ ကျပ်ခန့်ရှိပါတယ်။ ပြောင်း ပိဿာ ၂၀ တစ်တင်းကို ၅၀၀၀ကျပ်ဖြစ်ပြီး၊ ငရုတ်မှာထိပ်စ ၁၈၀၀ ကျပ်ခန့် ယနေ့ဈေးပေါက် ပါတယ်။ဦးအောင်စိန်၊ တောင်သူလယ်တီကွင်းကျေးရွာ၊ ဟင်္သာတမြို့နယ် မတ်ပဲ ၆ ဧကစိုက်ပျိုးပါတယ်။ ယခင်နှစ်က တင်း ၉၀ ထွက်ပြီး၊ ယခုနှစ်တော့ တင်း ၇၀ ခန့်သာ ထွက်ပါတယ်။ ဒီနှစ်အထွက်နည်း ရတာကတော့ စပါးဈေး၊ ပဲဈေးတွေကျတော့ သွင်းအားစုတွေ သိပ်မသုံးနိုင်တာရယ်၊ လယ်မြေတွေ ရေဓါတ်ဆုတ် တာ စောတာရယ်၊ နှင်းကလည်း မလိုအပ်တော့မှ ကျတာတွေရယ်ကြောင့် အထွက်နည်း တာ ဖြစ်ပါတယ်။ မျိုးကောင်းမျုးိသန့်တွေ ဘဲ ရွေးချယ်စိုက်ဖို့လိုမယ် ထင်တယ်။ ဒေသမျိုးဖြစ်တဲ့ မြွေဟောက်မျိုးနဲ့ ပဒေသာပင်ထောင်မျိုး များ စိုက်ပါတယ်။ လယ်မြေအနေအထားအရ ပဲပုပ်စိုက်လို့မရဘူး၊ ပဲပုပ်ကကိုင်းမြေ (မြေနုကျွန်း)မှာ ပဲစိုက်လို့ကောင်းတာ၊ ပဲတီစိမ်းစိုက် ရင်တော့ ဖြစ်နိုင်ပါတယ်။ အထွက်နှုန်းရော၊ ဈေးနှုန်းရော သိပ်ကွာ တာ မဟုတ်ဘူးလေ၊ လယ်မြေမှာပဲ တစ်မျိုးအောင်မြင်ဖို့က စွန့်စား ရတာ၊ တောင်သူက တစ်ရာသီမအောင်မြင်ရင် တစ်ရာသီစာ ဆုံးရှုံး ရတာတို့တော့ မစွန့်စားရဲဘူးး၊ မတ်ပဲတောင် ၃ နှစ် -၄ နှစ်လောက် စိုက်ပြီးမှ အောင်မြင်မှုရတာ၊ ဒါကြောင့် နောက်တစ်မျိုးထပ် စမ်းသပ် စိုက်ဖို့ အတော်လေးစဉ်းစားရမယ်။ လက်ရှိအောင်မြင်ဖြစ်ထွန်းနေတဲ့ မတ်ပဲကို ပဲလုံးကြီးမျိုးတွေ၊ အထွက်ကောင်းမျိုးတွေ ပြောင်းစိုက်ဖို့နဲ့ သွင်းအားစုဈေးနှုန်းတွေကို သက်သာတဲ့နှုန်းထားတွေနဲ့ ဖြန့်ဖြူးပေး ရင် ထုတ်လုပ်မှုစရိတ်ဈေးကျပြီး ဈေးနှုန်းကျဆင်းတဲ့ဒဏ် ကို ခံနိုင် ကာ အကျိုးအမြတ်ရနိုင်တယ်ထင်ပါတယ်။လယ်မှာသီးထပ်အတွက် ကတော့ မတ်ပဲဘဲ သင့်တော်ပါတယ်။ မျိုးကောင်းတွေတော့ ရှာရ မှာပေါ့။ဦးအေးသောင်၊ ပဲစိုက်တောင်သူ ပုဂံတောင်ကျေးရွာ ခရမ်းမြို့နယ် ကျွန်တော်ကတော့ ပဲတီရွှေဝါစိုက်ပျိုးဧက ၁၅ ဒသမ ၅၂ ဧက စိုက်ပျိုးခဲ့ပြီး၊ ဒီနှစ်မှာ တစ်ဧကကုန်ကျစရိတ် ၁၇၀၀၀၀ ကျပ်နဲ့ ယခင်နှစ်မှာ ၁၈၀၀၀၀ ကျပ်ခန့်ကုန်ကျခဲ့ပါတယ်။ ကျွန်တော့်လယ်မှာ ပဲတီရွှေဝါ တစ်ဧကကို ၈ တင်းခွဲလောက် ဒီနှစ်ထွက်ရှိပြီး မနှစ်က ၁၀ တင်းခွဲဝန်းကျင်တိုးထွက်လို့ ဒီနှစ် ပဲထွက်နှုန်း လျှော့ကျခဲ့ပါတယ်။ ပဲရောင်းဈေးကလည်း ဒီနှစ် တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ရောင်းချခဲ့ပြီး မနှစ်က ပဲတစ်တင်း ၃၂၀၀၀ ကျပ်ဈေးနှုန်းနဲ့ ရောင်းချခဲ့ရလို့ မနှစ် က ဒီနှစ်ထက် အကျိုးအမြတ်များ ပိုပါတယ်။ ကျွန်တော်ကတော့ ယခင်နှစ်ကထက် ပဲဈေးကမကောင်း၊ အထွက်တင်း ကလည်း ကျ တော့ ပဲဈေးတက်လာရင် အရင်းကြေပြီး ချေးငွေကြေအောင်ပေးဆပ် နိုင်မယ်လို့ မျှော်မှန်းပါတယ်။ မနှစ်ကဆိုရင် အဖွင့်ဈေးမှာ ၃၀၀၀၀ ကျော်ရရှိခဲ့တာကြောင့် ပဲပေါ်ဦးဈေးနဲ့ ရောင်းခဲ့လို့ အမြတ်ကျန်ပြီး ဒီနှစ် ပဲဈေးမှာ လက်ရှိဈေး ၁၉၅၀၀ ကျပ်နဲ့ ပဲအရည်အသွေးပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ် ဝယ်ယူကြပါတယ်။ ဒီနှစ် စိုက်ဘဏ်က ပဲတစ်ဧက ၁၀၀၀၀ ကျပ်နှုန်း ထုတ်ချေးခဲ့ပြီး ပဲအထူးပြုကုမ္ပဏီမှ ယခင်နှစ်က တစ်ဧကကို ၂၀၀၀၀ ကျပ်နှုန်း ထုတ်ချေးခဲ့ပေမဲ့ ဒီနှစ် ထုတ်ချေးတာ မရှိခဲ့ပါဘူး။ ပဲမျိုးပြောင်းစိုက်ဖို့ကတော့ ဈေးကွက် အခြေအနေပေါ်မူတည်ပြီး ပဲအမျုးိအစားပြောင်းလဲစိုက်ပျိုးရမလား စဉ်းစားရမှာပါ၊ ပဲတီစိမ်းဈေးကောင်းမယ်ဆိုရင် အထွက်ကောင်းပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ ပဲမျိုးကိုသာ စိုက်ဖို့ရှိပါတယ်။ ဒီနှစ်မှာ မနှစ် ကထက် ရာသီဥတုမကောင်းခဲ့လို့ ပဲတွေ ပိုး ကျရောက်ခဲ့ပါတယ်။ ပဲပိုးကျလို့ ပိုးသတ်ဆေး ပက်ဖြန်းရတဲ့အတွက်လည်း ပိုးသတ်ဆေး ဖိုး ကုန်ကျစရိတ်ကယခင်နှစ်ကထက်ပိုကုန်ကျခဲ့ပြီး ပဲပင်ကလဲပိုးဒဏ်၊ ပိုးသတ်ဆေးဒဏ်တို့ကြောင့် အသီးနှုန်းနည်းပါတယ်။ ဈေးကွက် အခြေအနေကြောင့် သွင်းအားစုများ ထည့်သွင်းမှုနည်းတာကြောင့် လည်း သီးနှံထွက်ရှိမှု ဆုတ်ခဲ့ပြီး အကျိုးအမြတ်မရရှိဘဲ အရင်းသာ ရတဲ့ နှစ်လို့ ပြောချင်ပါတယ်။ဦးစိန်လှိုင်၊ ပဲစိုက်တောင်သူ ညောင်ပင်ကျေးရွာ၊ ခရမ်းမြို့နယ် ကျွန်တော်အနေနဲ့ ယခုနှစ် ပဲတီရွှေဝါ ၁၂ ဒသမ ၅၅ ဧက စိုက်ပျိုးခဲ့ပါတယ်။ဒီနှစ်တစ်ဧကကို၁၈၅၀၀၀ ကျပ်လောက်ကုန်ကျပြီး၊ အရင်နှစ်က တစ်ဧက ၁၉၅၀၀၀ ကျပ်လောက်ကုန်ကျခဲ့ပါတယ်။ ဒီနှစ် တစ်ဧကကို ၉ တင်းထွက်ပြီး၊ မနှစ်က တစ်ဧကကို ပဲ ၁၂ တင်းထွက်ပါတယ်။ ဒီနှစ် တစ်တင်းကို ၂၀၅၀၀ ကျပ်ဈေးနှုန်းနဲ့ ရောင်းချခဲ့ပြီး တွက်ခြေကိုက်မှု သိပ်မရှိခဲ့ဘဲ လုပ်အားခလောက်သာ ရရှိ ခဲ့ပါတယ်။ မနှစ်ကဆိုရင် ဒီနှစ်ထက် ပဲအနည်းငယ်ပိုထွက်ခဲ့ပြီး ဈေးနှုန်းလဲ ပိုရရှိခဲ့လို့ အကျိုးအမြတ် တစ်ဧကကို ၉၀၀၀၀ လောက် ရခဲ့ပါတယ်။ အရင်နှစ်ပေါက်ဈေးက ပဲရောင်းဝယ်မှုမှာ ပဲအဖွင့်ဈေး ကျပ် ၃၀၀၀၀ ကျော်ရှိခဲ့ပြီး နောက်ပိုင်းမှသာ ဈေးတဖြည်းဖြည်းကျ ခဲ့တဲ့အတွက် ပေါ်ဦးဈေးနဲ့ ရောင်းလိုက်လို့ အမြတ်ကျန်ရှိခဲ့ပေမဲ့ ဒီနှစ်တော့ ပဲအဖွင့်ဈေးမှာ ၂၀၀၀၀ ကျော်သာ ရရှိခဲ့ပါတယ်။ မနှစ်က စိုက်ဘဏ်မှ ပဲတစ်ဧကကို ကျပ် ၁၀၀၀၀ နှုန်း ငွေထုတ်ချေးခဲ့ပြီး ပဲ အထူးပြုကုမ္ပဏီမှ ငွေထုတ်ချေးခဲ့တာ မရှိခဲ့ပါဘူး။ ပဲမျိုးကတော့ လက်ရှိကျွန်တော်တို့ စိုက်ပျိုးခဲ့တဲ့ စိုက်ပျိုးရေး (၁) မျိုးထက် အထွက် တင်းပိုပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ မျိုးရှိမယ်ဆိုရင် မျိုးလုံလုံလောက် လောက်ရရင်စိုက်ပျိုးချင်ပါတယ်။ဒီနှစ်ပဲအထွက်နည်းရခြင်းကတော့ အဓိကအနေနဲ့ ရာသီဥတုနဲ့ ဈေးကွက် အခြေအနေကြောင့် ပဲထွက် နည်းရတယ်လို့ ထင်ပါတယ်။ ရာသီဥတုမကောင်းလို့ ပဲပင်များ ပိုး ကျဆင်းခဲ့ပါတယ်။ ပိုးကျပြီး ပိုးသတ်ဆေးများပက်ဖြန်းရလို့ ပိုးသတ် ဆေးစရိတ်လည်း ကုန်ကျခဲ့ပါတယ်။ ပဲပင်က ပိုးဒဏ်၊ ပိုးသတ်ဆေး ပက်ဖြန်းခြင်းဒဏ်တို့ကြောင့် ပဲအသီးအားနည်းတဲ့အပြင် ဈေးကွက် ပေါ် မှီပြီး သွင်းအားစုအဖြစ် အပင်အားဆေးတွေကို လျှော့သုံးခဲ့ တာ ကြောင့် ပဲအထွက်နည်းတာလည်း ဒီနှစ် တွက်ခြေကိုက်မှုမရှိတာလို့ပဲ ပြောချင်ပါတယ်။ဦးသန်းဦး ခရိုင်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ မိုးစပါးစိုက်ဧက ၁၇ ဒသမ ၅ သိန်းခန့်စိုက်ပြီး လက်ရှိသီးနှံပုံစံအရ ဒုတိယသီးနှံအဖြစ် နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံတွေ ပြန်စိုက်ကြတဲ့အခါ ပဲတီရွှေဝါက စိုက်ဧက ၃ ဒသမ ၈ သိန်းနဲ့ ဒုတိယ အများဆုံးစိုက်ပါတယ်။ ဈေးကောင်းရတဲ့ ပဲမျိုးဖြစ်လို့ စီးပွားရေးတွက်ခြေကိုက်ပြီး တောင်သူကြိုက်တဲ့ ပဲမျိုး လည်း ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၁-၂၀၀၂ က စိုက်ဧက ၂ ဒသမ ၃ သိန်းရှိခဲ့ရာမှ တဖြည်းဖြည်းတိုးစိုက်လာခဲ့ရာ၊ ၁၀ နှစ် အတွင်း စိုက်ဧက ၁ ဒသမ ၅ သိန်းတိုးတက်လာပါတယ်။ ၂၀၁၁-၂၀၁၂ မှာ စိုက်ဧက ၃ ဒသမ ၈ သိန်းစိုက်နိုင်ခဲ့ပါတယ်။ ပဲတီရွှေဝါ ဟာ အအေးဓာတ်ကြောက်ပြီး နေ့နဲ့ညအပူချိန်ခြားနားမှု နည်းတဲ့ ပင်လယ်နဲ့နီးတဲ့ ရာသီဥတုမျိုးကို နှစ်သက်လို့ အောက်ပိုင်းဒေသပဲခူး၊ ကဝ၊ သနပ်ပင်၊ ဝေါ၊ ဒိုက်ဦး မြို့နယ်များမှာ ပိုမိုဖြစ်ထွန်းအောင်မြင် ပါတယ်။ လက်ရှိစိုက်ဧကနဲ့တော့ နောက်ထပ်များများ တိုးမစိုက် လောက် တော့ဘူးလို့ ထင်ပါတယ်။ ပဲတီရွှေဝါစိုက်တဲ့ ဧရိယာတွေမှာ သီးနှံပြောင်းလဲ စိုက်ပျိုးဖို့ သူ့ထက်ပိုကောင်းတဲ့ သီးနှံ လောလော ဆယ်တော့ မတွေ့သေးပါဘူး။ ဒီနှစ်မိုးစပါးပေါ်ချိန် စပါးဈေးကျ၊ ပဲပေါ်ချိန်ပဲဈေးက နိမ့်နေတဲ့အတွက် တောင်သူအားလျော့ကျတာ ဖြစ်ပါတယ်။ သီးနှံဈေးနှုန်းဆိုတာဈေးကွက်ကသာ ပါဝင်ပြဌာန်း တာဖြစ်လို့ တောင်သူတွေဘက်က မိမိတို့စိုက်တဲ့သီးနှံပန်းတိုင်အတွက် ရရှိရေးကို ဦးတည်တောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဓိကမျိုး၊ စိုက်နည်း စနစ်၊ သွင်းအားစု၊ ပိုးမွှားကာကွယ်နှိမ်နှင်းရေးတို့ပါပဲ။ လက်ရှိစိုက်ပျိုး နေတဲ့ ခရမ်းပဲတီရွှေဝါ၊ ရေဆင်း(၁)၊ရေဆင်း (၉)၊ စိုက်ပျိုးရေး (၁) မျိုးတွေဟာ ပန်းတိုင် အထွက်နှုန်းရရှိနိုင်တဲ့ အထွက်ကောင်းမျိုးတွေ ပါ၊ ဒါပေမဲ့ ကိုယ်စိုက်တဲ့ ပဲခင်းကနေ မျုးိချန်တဲ့ နေရာမှာ နည်းစနစ် အားနည်းနေတာတွေ့ရှိပါတယ်။ မျုးိချန်တဲ့နေရာ တကယ်ဖြစ်ထွန်း တဲ့ စိုက်ခင်းနဲ့ သန်စွမ်းအောင်မြင်တဲ့ အပင်များက မျုးိစေ့ကို ရွေး ချယ်ပြီး အပင်ပေါက်နှုန်းကောင်းတဲ့ အရွယ်အစားညီညာကောင်းမွန် တဲ့ မျိုးစေ့များကို ဇကာချ ရွေးချယ်သိုလှောင်သိမ်းဆည်းထားဖို့ လိုပါ တယ်။ အပြင်ပွဲရုံများကလည်းဝယ်မယ်ဆိုရင်လည်း စိုက်ပျိုးရေးဌာန နဲ့ အထူးပြု ကုမ္ပဏီတွေကထုတ်လုပ်ထားပြီး အာမခံချက်ရှိတဲ့ ပဲမျုးိရအောင်ရွေးချယ်ဝယ်ယူစိုက်ပျိုးသင့်ပါတယ်။ စိုက်ပျိုးနည်း စနစ် မှန်ဖို့ လိုသလို သဘာဝမြေသြဇာနဲ့ ဓာတ်မြေသြဇာကိုလည်း သူ့အချိန် နဲ့သူချိန်ကိုက်သုံးရမှာဖြစ်ပါတယ်။ ပိုးမွှားကာကွယ်ရေးနဲ့ ပတ်သက်ပြီး တော့ပိုးသတ်ဆေး၊ရောဂါကာကွယ်ဆေး၊အပင်အားဆေးစတဲ့ စိုက်ပျိုးရေးသုံးဓာတုဆေးဝါးများကိုသုံးစွဲတဲ့နေရာ မှာတော်တော်အားနည်း တာတွေတွေ့ရပါတယ်။ အခြားနိုင်ငံတွေမှာ တားမြစ်ထားတဲ့ တရား ဝင် မှတ်ပုံတင်အာမခံချက်မရှိ တဲ့ ဆေးတွေကို စိုက်ပျိုးရေးဈေးကွက် ကနေပြီး တောင်သူများက ဝယ်ယူပြီး ရမ်းသုံးနေကြတာ တွေ့ရပါ တယ်။ နားလည်တတ်ကျွမ်း တဲ့ သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး သုံးစွဲ သင့်ပါတယ်။ အာနိသင်နဲ့ အညွှန်းမသိဘဲ သုံးစွဲတဲ့အခါ ဖျက်ပိုးတွေ နှိမ်နှင်းရင်း အကျိုးပြုပိုးေ တွပါ ပျက်စီးကုန်တဲ့အတွက် ဂေဟစနစ် တွေ ပျက်စီးကုန်ပါတယ်။ ပိုးသတ်ဆေး ဒါဏ်ခံနိုင်တဲ့ မျိုးစိတ်တွေ ပေါ်ပေါက်လာသလို အကြိမ်ကြိမ်ဆေးဖြန်းတဲ့အတွက် လူနဲ့ ပတ်ဝန်း ကျင် အန္တရာယ်ဆိုးတွေ ပေးစေနိုင်ပါတယ်။ တောင်သူအများစုက အလွယ်ကြိုက်ပြီး ဓာတုဆေးဝါးကို အားကိုးသုံးစွဲနေတာကို ဘက်စုံ ပိုးမွှားကာကွယ်ရေးစနစ်နဲ့ ပြောင်းလဲဆောင်ရွက်ဖို့ လိုပါတယ်။ အထွက်နှုန်း တက်လာရင် ပဲဈေးနိမ့်တာ မြင့်တာပဲ ဖြစ်ဖြစ် ခံနိုင် ရည်ရှိလာပြီး တောင်သူအကျိုးရှိမှာ မလွှဲဧကန်ပါဘဲဗျာ။ကိုမျိုးမြင့် ပဲတီရွှေဝါစိုက်တောင်သူ၊ ကမာနတ်ကျေးရွာ၊ ပဲခူးမြို့နယ် မိုးစပါး ၈ ဧကစိုက်ခဲ့တာ ဒီနှစ်မှာ မိုးများလို့ အနိမ့်လယ် ၂ ဧက ကို ချန်ပြီး ပဲတီရွေဝါ ၆ ဧက ပြန်စိုက်ပါတယ်။ ခရမ်းရွှေဝါမျိုးပါ ၁၀ တင်းခန့်ထွက်တဲ့အနက် မျိုး ၄ တင်းချန်ပြီး ကျန်တာအကုန် ရောင်းပါတယ်။ ၁၈၀၀၀ ကျပ်ဈေးနဲ့ပါ။ မနှစ်ကလည်း ဒီနှုန်း လောက်ပဲ ထွက်ပြီး ၃၈၀၀၀ ကျပ်ဈေးနဲ့ ထွက်တဲ့ပဲတစ်ဝက် ရောင်းပါ တယ်။ ကျန်တဲ့ပဲကို သားသမီးကျောင်းတက်ချိန် မိုစပါးစိုက်စရိတ် လိုချိန်ဖြစ်တဲ့ ဇွန်လမှ ရောင်းမယ်ဆိုပြီး ချန်ထားခဲ့တာ ၊ ဇွန်လမှာ ၂၅၀၀၀ ကျပ်ဈေးပဲရတော့ တော်တော်နစ်နာသွားတယ်။ ဒါကြောင့် ဒီနှစ်ထွက်သမျှ ပဲကို ရတဲ့ဈေးနဲ့ ချက်ချင်းရောင်းရတာပေါ့ ။ လယ်က ၈ ဧကပဲရှိတော့ ထွက်တဲ့စပါးက မိသာစု စားဖို့လောက်ပဲ ဖူလုံ တယ်။ ဒါကြောင့် ကျွန်တော်အပါအဝင် လယ်သမားတော်တော် များများက သီးထပ်စိုက်တဲ့ ပဲတီရွှေဝါကိုပဲ အားထားစိုက်ကြတာပါ။ တစ်တင်း ၅၀၀၀၀ ကျပ်လောက်ရတဲ့ ၂၀၁၀ ခုနှစ်က ကျွန်တော် တို့အတွက် ရွှေနှစ်ပေါ့ဗျာ၊မနှစ်က ပဲတစ်တင်း ၃၈၀၀၀ ကျပ်လောက် ရခဲ့တော့ 'ငွေ'နှစ်လို့ ပြောလို့ရပါတယ်။ ဒီနှစ်ဈေးကတော့ 'ကြေး'နှစ် လို့ ပြောရတော့မှာပါ။ ပဲဈေးကောင်းရင် လက်တွန်းထွန်စက်လေး တစ်ခု အရစ်ကျဝယ်မယ်လို့ မှန်းထားတာ အိမ်မက်ကတော့ နောင်နှစ်ဆက်ရန်ပေါ့ဗျာ။ ဘာပဲပြောေြ ပာ ဈေးမကောင်း ရင် နောင်နှစ်ကို မျှော်မယ်။ ပဲတီရွှေဝါစိုက်တာ အသားကျနေပြီ၊ သနပ်ပင် ဘက်မှာ စိုက်တဲ့ စိုက်ပျိုးရေး(၁) ဆိုတဲ့ မျိုးကအထွက် ၃-၄ တင်းပိုတယ်ပြောလို့ မှာထားပြီးပါပြီ။ လာမယ့်နှစ်လဲ ပဲတီရွှေဝါ ပဲ ဆက်စိုက်ဦးမှာပါ။ဦးအောင်နိုင်ဦး မတ်ပဲတောင်သူ၊ အုတ်တွင်းကုန်းကျေးရွာ၊ လက်ပံတန်းမြို့နယ် ကျွန်တော် ပဲစိုက်ဧက ၁၂ ဧကမှာ မနှစ်က ရေဆင်း ၂ မျိုး စိုက်ပျိုးခဲ့ရာ တစ်ဧကကို ၁၂ တင်းနှုန်း ထွက်ရှိခဲ့ပြီး၊ ဒီနှစ်မှာလည်း ရေဆင်း ၂ မျိုးကိုပဲ ပြန်လည်စိုက်ပျိုးခဲ့ပါတယ်။ ဒီနှစ် ပဲစတင်စိုက်ပျိုး စဉ်ကထဲက ပဲပင် အသေအပျောက်ရှိခဲ့ပြီး၊ ထိုက်သင့်တဲ့ အားဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုခဲ့ပေမဲ့ ယခင်နှစ်က လောက် ဖြစ်ထွန်းမှုမရှိခဲ့ ပါဘူး၊ မြေအောက်အစို ဓာတ်ဆုတ်သွားတဲ့အတွက် ပဲသီးများအားလုံး မရင့်မှည့်မီ အပင်တွေ ဝါပြီးကျတာကြောင့် နှုတ် သိမ်း ရခဲ့ရတဲ့အတွက် တစ်ဧက ပဲအထွက်နှုန်းမှာ ၈ တင်းခန့်သာ ရရှိခဲ့ပါတယ်။ ယခုကာလပေါက်ဈေးမှာ ပဲတစ်တင်း ၁၂၅၀၀ ကျပ် သာရှိလို့ တွက်ခြေမကိုက်ဖြစ်ေ နပါတယ်။ ဒါကြောင့် ဒီနှစ်အနေ အထားမှာ ပဲတစ်တင်း ၂၂၀၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်ဈေးလောက်နဲ့ ရောင်းချရမှ တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။
Background