Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 04/09/2012 - 10:09 -- Anonymous (not verified)

    အမေရိကန်ပြည်ထောင်စု ဗဟို ဘဏ်မှ ငွေကြေးတွန်းအားပေးအစီအ စဉ်အတွက် အလားအလာနည်းပါး သွား ခြင်းနဲ့အတူ ဒေသတွင်းသို့ငွေကြေးစီး ဝင်ဖို့ အခက်အခဲများတွေ့ရတဲ့အတွက် ထွန်းသစ်စအာရှနိုင်ငံတွေ ရဲ့ ငွေကြေးတွေ က ဧပြီ ၄ ရက်နေ့ကကျဆင်းခဲ့ တာတွေ့ရပါသည်။ အမေရိကန်စီးပွား ရေးဖြည်းဖြည်းချင်းတိုးတက်ကောင်းမွန် လာတဲ့အတွက် အမေရိကန်ဗဟိုဘဏ် ကငွေကြေးတွန်းအားပေး အစီအစဉ်ကို နောက်ထပ်ဆောင်ရွက်မည့်လက္ခဏာ မတွေ့ရကြောင်း ဧပြီ ၆ ရက်က ပြုလုပ် တဲ့ အစည်းအဝေးမှတ်တမ်းအရသိရ ပါတယ်။    စပိန်နိုင်ငံရဲ့ ဘွန်းစာချုပ်တွေရဲ့ လေလံပွဲမှာ ဝယ်လိုအားနည်းတဲ့ အ တွက်ကြောင့် ဥရောပကြွေးမြီအကျပ် အတည်းပိုမိုဆိုး လာလေမလားဟူသော စိုးရိမ်မှုဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် အာရှဒေသတွင်းရှိစတော့ဈေးများက ဒီဇင်ဘာနောက်ပိုင်းအနိမ့်ဆုံး ကိုရောက် ရှိခဲ့ပါတယ်။ ဒါကြောင့် အင်ဒိုနီးရှား ရူပြားကဦးဆောင်ပြီး အာရှငွေကြေး တွေဈေးကျခဲ့ပါတယ်။ တရုတ်ယွမ်    တရုတ်နိုင်ငံရဲ့  ဘဏ္ဍာရေးဈေး ကွက်တွေ  ယခုသီတင်းပတ်ပထမသုံး ရက်မှာပိတ်ပါတယ်။ ယွမ်ငွေရဲ့တန်ဖိုး က မတ်လ ၃၀ ရက်နောက်ပိုင်း သုည ဒသမ ၁၆ ရာခိုင်နှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၆ ဒသမ ၃၀၇၈ ယွမ်နှုန်း ရှိခဲ့ပါတယ်။ ပို့ကုန်ကျဆင်းတာကိုတိုက် ဖျက်ဖို့အတွက် ယွမ်ငွေကြေးတန်ဖိုးမြင့် တက်တာကို တရုတ်နိုင်ငံကတန်ပြန် အရေးယူမှာဖြစ်လို့  ယွမ်တန်ဖိုးက သီတင်းသုံးပတ်အတွင် အနိမ့်ဆုံးဖြစ်ခဲ့ ပါတယ်။ တရုတ်ဗဟိုဘဏ် ရည်ညွှန်း အတိုးနှုန်းကို  တရုတ်ဗဟိုဘဏ်က သုည ဒသမ ၁၅ ရာခိုင်နှုန်းလျှော့ချပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၀၃၅ ယွမ် နှုန်း သတ်မှတ်ခဲ့ပါတယ်။    ပို့ုကုန်မြှင့်တင်နိုင်ဖို့အတွက် ယခု လအတွင်းမှာ ယွမ်ကိုရနိုင်သမျှတန်ဖိုး ချထားရမှာ ဖြစ်ပါတယ်။ အိန္ဒိယရူပီး    အမေရိကန်မူဝါဒရေးဆွဲသူတွေ က ထွန်းသစ်စဈေးကွက်တွေထဲကို ငွေ ကြေးစီးဝင်မှုတွေ  တိုးပွားလာစေနိုင် တဲ့ ငွေကြေးတွန်းအားပေး အစီအစဉ် တွေကို ထပ်မံမလုပ်တောမဲ့ သဘော မျိုးကိုပြသလာတဲ့နောက်ပိုင်း  ရူပီးငွေ တန်ဖိုးက တစ်ပတ်အတွင်း အနိမ့်ဆုံး ကို ကျဆင်းခဲ့ပါတယ်။  ဧပြီ ၄ ရက် နေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ဗဟို ဘဏ်ရဲ့ မူဝါဒဆိုင်ရာ အစည်းအဝေး မှတ်တမ်းမှာ အမေရိကန်ရဲ့ နာလန်ထူ မှုနှေးကွေးမနေဘူးဆိုရင် အက်ဆက် တွေအများအပြား ဝယ်ယူတာမျိုးရှောင် ကျဉ်မယ်လို့တင်ပြထားပါတယ်။    ရူပီးငွေကြေးတန်ဖိုးက မွန်ဘိုင်းမှာ သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၅၁ ဒသမ ၁ ရူပီးနှုန်း ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးကျဆင်းမှု ဖြစ်ပါတယ်။ဂျပန်ယန်း    ဂျပန်ယန်းငွေရဲ့တန်ဖိုးက တိုကျို မှာ ဧပြီ ၅ ရက်နေ့က တစ်ဒေါ်လာကို ၈၂ ယန်း ဝန်းကျင်ရှိနေပါတယ်။ စပိန် နိုင်ငံရဲ့ ဘွန်းလေလံပွဲမှာစိတ်ပျက်စရာ ကောင်းလောက်အောင်ဝယ်လိုအား ကျဆင်းခဲ့တဲ့အတွက် ဒေသတွင်းေ<ကး မြီအကျပ် အတည်းမှာ စပိန်နိုင်ငံက နောက်ထပ်ကျရှုံးမဲ့နိုင်ငံဖြစ်လာမှာကို စိုးရိမ်မှုကြောင့် ဧပြီ ၄ ရက်က  ယူရို တန်ဖိုးကျ ဆင်းပြီး ဒေါ်လာတန်ဖိုးမြင့် တက်ခဲ့ပါတယ်။ ဒေါ်လာယန်းဖလှယ် နှုန်းက ဧပြီ ၄ ရက်နေ့က နယူးယောက် မှာတစ်ဒေါ်လာ ၈၂ ဒသမ ၄၁ ယန်းနဲ့ တိုကျိုမှာ ၈၂ ဒသမ ၇၀ ယန်းရှိခဲ့ရာမှ ဧပြီ ၅ ရက်မနက် ၉ နာရီမှာ တစ် ဒေါ်လာကို ၈၂ ဒသမ ၄၂ ယန်းနှုန်း ဖြစ်ခဲ့ပါတယ်။ မလေးရှားရင်းဂစ်    ရင်းဂစ်ငွေကြေးအပေါ်ယုံကြည် မှုပြန်လည်ရရှိလာတဲ့အတွက် ဧပြီ ၅ ရက်မနက်ကဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးအနည်းငယ်မြင့်တက်လာ ပါကြောင်း ဝယ်ရောင်းသမားတစ်ဦးက ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်က တ ရုတ်နိုင်ငံကထုတ်ပြန်လိုက်တဲ့ ကုန် ထုတ်လုပ်မှုဆိုင်ရာကိန်းဂဏန်းတွေခိုင် မာလာတာကလည်း ငွေကြေးကို အ ထောက်အ ကူဖြစ်စေခဲ့ပါတယ်။    ရင်းဂစ်ငွေကြေးတန်ဖိုးက ဧပြီ ၄ ရက်နေ့ ညနေ ၅ နာရီက တစ်ဒေါ်လာ ကို ၃ ဒသမ ၀၆၄၀ ရင်းဂစ်ရှိရာမှ ဧပြီ ၅ ရက်မနက် ၉ နာရီ ၉ မိနစ်တွင် တစ်ဒေါ်လာကို  ၃ ဒသမ ၀၆၃၅ ရင်း ဂစ်နှုန်းရှိခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်    ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ သက် တမ်းပြည့်မဲ့စာချုပ်တွေရဲ့တန်ဖိုးကဆိုးလ် မြို့မှာ ဧပြီ ၅ ရက်မနက် ၉ နာရီ ၃၄ မိနစ်က သုည ဒသမ ၀၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ပင်လယ်ရပ်ခြားမှ ရင်းနှီးမြှုပ်နှံသူတို့က အီစတာပွဲတော် အတွက် အားလပ်ရက်ယူ ထားခြင်းနှင့် ပို့ကုန်လုပ်ငန်းရှင်တို့က  ဒေါ်လာကို ထုတ်ရောင်းခြင်းတို့ကြောင့် ဝမ်တန်ဖိုး ကျဆင်းမှုကို ထိန်းထိန်းသိမ်း သိမ်းဖြစ် စေခဲ့ပါတယ်။    ဝမ်ငွေကြေးတန်ဖိုးသည်  ဧပြီ ၄ ရက်နေ့က သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၁၁၂၉ ဒသမ ၄၂ ဝမ်နှုန်းမှ တစ်ဒေါ်လာကို ၁၁၃၀ ဒသမ ၂၀ ရာခိုင်နှုန်းသို့ ရောက် ရှိကာ ယွမ်တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ထိုင်းဘတ်    အမေရိကန်ပြည်ထောင်စု ဗဟို ဘဏ်က လှည့်လည်ငွေကြေး တိုးမြှင့် ပေးမဲ့အစီအစဉ်ကို  ဆောင်ရွက်တော့ မှာ  မဟုတ်ကြောင်း  ပြသလာတဲ့အ တွက်ဒေါ်လာငွေကြေးအပေါ်ယုံကြည် မှုတိုးပွားလာစေခဲ့ပါတယ်။ ဒါကြောင့် ဧပြီ ၄ ရက်နေ့က  ဒေါ်လာနဲ့ဖလှယ်ရာ မှာ  ဘတ်တန်ဖိုး  ကျဆင်းခဲ့ပါတယ်။ ဘတ်ငွေတန်ဖိုးက  ဘန်ကောက်မြို့၌ ဧပြီ ၄ ရက် ညနေ ၃ နာရီ ၂၇မိနစ်က သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းရာ မတ် ၁ ရက်နောက်ပိုင်း အကျဆုံးဖြစ် ပြီး တစ်ဒေါ်လာကို ၃၁ ဘတ်နှုန်းရှိခဲ့ပါ တယ်။Sources:bloomberg.com,brecorder,AFP,bernama