Main menu

Background

ဘဏ္ဍာရေးဈေးကွက် ဖြေလျှော့ပေးဖို့အတွက် ထိုင်းဘဏ်များက တိုက်တွန်း

Mon, 04/09/2012 - 10:20 -- Anonymous (not verified)

    ထိုင်းကုမ္ပဏီတွေ ပြည်ပမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ အကူ အညီပေးဖို့အတွက် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (ဂျက်ထရို) လိုအဖွဲ့အစည်းမျိုး ထိုင်းနိုင်ငံမှာဖွဲ့စည်းထားခြင်း မရှိပါဘူးလို့ ဘန်ကောက်ဘဏ်ရဲ့ ဒုတိယဥက္ကဌ ကော့ဆက်ပူးထရာကူးက ပြောပါတယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်မဲ့ ဂျပန်ရင်းနှီး မြှုပ်နှံသူတွေကို ဂျက်ထရိုကသတင်းအချက် အလက်တွေပေး ပါတယ်။ တရုတ်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာလည်း ပြည်တွင်းကော်ပိုရေးရှင်းတွေ ပင်လယ်ရပ်ခြားမှာ လုပ်ငန်းချဲ့ ထွင်နိုင်အောင် ထိထိရောက်ရောက် အကူအညီပေးတယ်လို့ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနဲ့  ဘဏ္ဍာရေးအဖွဲ့အစည်းများ အထက်လွှတ်တော်ကော်မတီက ဧပြီ ၃ ရက်မှာ ကျင်းပတဲ့ ကွန်ဖရင့်တစ်ခုမှာ သူက ပြောပါတယ်။    မလေးရှားရဲ့ စီအိုင်အမ်ဘီနဲ့ စင်ကာပူရဲ့ ယူနိုက်တက် အိုဗာဆီးဘဏ်တို့က ထိုင်းနိုင်ငံနဲ့ဒေသအတွင်းရှိ အခြားနိုင်ငံ တွေ အတွင်းကို သူတို့အစိုးရတွေရဲ့ ထောက်ပံ့မှုနဲ့အကြီး အကျယ် ထိုးဖောက်ဝင်ရောက်ပြီး ဒီဘဏ်တွေထဲမှာရှယ်ယာ တွေဝင်ထားကြတယ်လို့သူပြောပါတယ်။ ဒါပေမဲ့ ဘန်ကောက် ဘဏ်ကတစ်မျိုး ဆောင်ရွက်နေတယ်။ ထိုင်းဘဏ်က ပြည်ပ မှာ ဘဏ်ခွဲတွေဖွင့်ပြီး အဲဒီနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ဖောက်သည်တွေနဲ့ ပင်လယ်ရပ်ခြားမှာ အလုပ်လုပ်နေတဲ့ ထိုင်းလူမျိုးတွေအတွက် ဆောင်ရွက်ပေးနေတယ်လို့ သူက ပြောပါ တယ်။ "ဘဏ်ရဲ့အပ်ငွေကနေ သုည ဒသမ ၄၇ ရာခိုင်နှုန်းပေးသွင်းရမယ်ဆိုတဲ့အစိုးရရဲ့မူဝါဒတွေက ဘဏ် တွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အာဆီယံဘဏ် တွေနဲ့ ယှဉ်ပြိုင်တဲ့အခါသူတို့ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် လျှော့ကျစေ တယ်"လို့ ကော့ဆက်က ပြောပါတယ်။    ၂၀၁၅ ခုနှစ်မှာ အာဆီယံက တစ်ခုတည်းသော ဈေး ကွက်စနစ်ကို  ဦးတည်လှုပ်ရှားနေပါတယ်။ ထိုင်းအစိုးရက ဘဏ္ဍာရေးဈေးကွက်ဖြေလျှော့မှုနဲ့ပတ်သက်တဲ့ ရှေ့လုပ်ငန်း စဉ်ကို ချမှတ်ထားတာမရှိပါဘူး။ ဒါကြောင့် နိုင်ငံရဲ့ယှဉ်ပြိုင်နိုင် မှုနဲ့ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားကို ခြိမ်း ခြောက်နေတယ်လို့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေကြေးဈေး ကွက်က ကိုယ်စားလှယ်တွေက ပြောပါတယ်။Source.nationmultimeda.com