Main menu

Background

အာဖတာ ၂၀၁၅ မှာ မြန်မာ့အဓိက ပို့ကုန်နဲ့ ထိုင်းအကောက်ခွန်

Sun, 04/29/2012 - 02:08 -- Anonymous (not verified)

စာရေးသူတို့ မြန်မာနိုင်ငံ ပါဝင်လျက်ရှိတဲ့ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (  ASEAN  ) ဟာ ဒေသတွင်းမှာ သာမကဒေသပြင်ပမှာရှိတဲ့ ဆွေးနွေးဖက်နိုင်ငံများနဲ့ပါ လွတ်လပ်သော ကုန် သွယ်မှုဒေသများ ထူထောင်ပြီး ကုန်သွယ်မှုမှာ လျင်မြန်ချောမွေ့စေ ဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကုန်သွယ်မှုပြုရာမှာ  ကုန်သွယ်ဖက်နိုင်ငံအများစုဟာ အာဆီယံဒေသတွင်း နိုင်ငံအများစုဖြစ်ပါတယ်။ အာဆီယံဒေသတွင်းက နိုင်ငံ တွေဖြစ်တဲ့အတွက် အာဆီယံလွတ်လပ် သော ကုန်သွယ်မှုဒေသ (ASEAN Free Trade  Area -  AFTA)  က ရရှိ ခံစားနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို လေ့လာတွေ့ရှိ ရပါတယ်။ AFTA မှ ရရှိနိုင်မယ့် အခွင့်အလမ်းတွေကတော့ အာဆီယံဒေသ တွင်းမှာရှိတဲ့ နိုင်ငံများအချင်းချင်း ကုန်သွယ်မှုပြုရာမှာ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ်မှာ ဆောင်ရွက်လျက်ရှိတဲ့ အကောက်ခွန်နှင့် အကောက်ခွန် မဟုတ်တဲ့ အတားအဆီးများဖယ်ရှားပြီး ဒေသတွင်းမှာ အတား အဆီးမရှိ ကုန်သွယ်မှု ပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။  AFTA  ကို ၂၀၁၀ ပြည့်နှစ်မှာ အာဆီယံ မူလ ၆ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတို့က ၎င်းတို့နိုင်ငံများဆီ ကို တင်သွင်းတဲ့ ကုန်ပစ္စည်းများကို အကောက်ခွန် သုည ရာခိုင်နှုန်းသို့ လျှော့ချပေးခြင်းအားဖြင့် အပြည့် အဝအကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။  AFTA  ရဲ့ နောက်ထပ် ခြေလှမ်း တစ်ရပ်ကတော့ အာဆီယံ စီးပွားရေးအသိုက်အမြုံ  (ASEAN Economic Community–AEC) ကို ၂၀၁၅ ခုနှစ်မှာ ဖော်ဆောင်ရေး ဖြစ်ပါတယ်။  AEC  အကောင်အထည်ဖော်တဲ့ အခါမှာတော့ အာဆီယံဒေသတွင်းနိုင်ငံအားလုံးအနေနဲ့အကောက်ခွန်ကို အပြန်အလှန်လျှော့ချပေးရတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၅ ခုနှစ်ကိုရောက်တဲ့ အခါ အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးဟာ အပြန်အလှန် အကောက်ခွန် လျှော့ချပေးကြရမှာဖြစ်လို့ မိမိတို့ နိုင်ငံအတွင်းသို့ တင်သွင်းလာတဲ့ ကုန်စည်များအပေါ်ကိုလည်း အကောက်ခွန် လျှော့ချ ပေးကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့ရဲ့ ကုန်သွယ်ဖက်နိုင်ငံများအနေနဲ့ ၂၀၁၅ ခုနှစ်မှာ ကောက်ခံမယ့် အကောက်ခွန်နှုန်းများကို လုပ်ငန်းရှင်များအနေနဲ့ သိရှိအသုံးချနိုင်စေဖို့အတွက် ကုန်သွယ်ဖက်နိုင်ငံများ အလိုက် ကောက်ခံလျက်ရှိတဲ့ အကောက်ခွန်နှုန်းထားများကို လေ့လာတင်ပြလိုပါတယ်။                    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းမှာ မြန်မာနိုင်ငံမှ ကုန်သွယ်ဖက်နိုင်ငံများသို့ ကုန်သွယ်မှုပြုရာမှာ ပို့ကုန်ကဏ္ဍအနေနဲ့ ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ိနိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ အတွက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ အရ ၂၀၁၀ ပြည့်နှစ် မှာ ကုန်ပစ္စည်း ၁၃ မျိုးမှအပ  ကျန်ကုန်စည်များကို  အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ သုညရာခိုင်နှုန်းသို့ လျှော့ချပေးခြင်း မပြုတဲ့ ကုန်ပစ္စည်း ၁၃ မျိုးကိုလည်း ၂၀၁၂ ခုနှစ်မှာ သုညရာခိုင်နှုန်းသို့ လျှော့ချပေးဖို့ သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်အလိုက် အကောက်ခွန် သက်သာခွင့်ကိုရရှိခံစားနိုင်ဖို့က အလွန်ကိုအရေးကြီးတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့တော့မယ်ဆိုရင် ပုံမှန်နည်းလမ်းနဲ့ တင်ပို့တာထက် အကောက်ခွန်သက်သာခွင့် ရရှိနိုင်မယ့် အခွင့်အလမ်းကို အသုံးချပြီး တင်ပို့ကြဖို့ အထူးလိုအပ်လှပါတယ်။                 ဒါ့ကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ထိုင်းနိုင်ငံကို တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်း တွေအပေါ်မှာ ထိုင်းနိုင်ငံ အနေနဲ့ ပုံမှန် ကောက်ခံလျက်ရှိတဲ့ အကောက်ခွန် နှုန်းနဲ့ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသအရ ၂၀၁၅ ခုနှစ်မှာ ကောက်ခံမယ့် အကောက်ခွန်နှုန်းများကို လုပ်ငန်းရှင်များ လေ့လာနိုင်စေဖို့ တင်ပြ လိုက်ရပါတယ်။                 ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ လေ့ရှိတဲ့ ကုန်ပစ္စည်းတွေကတော့ လယ်ယာထွက်ကုန်ပစ္စည်းများ သစ်တောထွက်ပစ္စည်းများနဲ့ ရေထွက်ပစ္စည်းများပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိတဲ့ ကုန်ပစ္စည်း အများစုဟာလည်း အကောက်ခွန်လျှော့ပေါ့ ပေးခွင့်ကို ခံစားနိုင်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ် တာကို လေ့လာတွေ့ ရှိရပါတယ်။ အကောက်ခွန် သက်သာခွင့်များ ရရှိခံစားနိုင်ဖို့ဆိုရင် ဒါ့ကြောင့် အကောက်ခွန် သက်သာခွင့်များ ခံစား ရရှိစေဖို့အတွက် မြန်မာနိုင်ငံမှာ ထုတ် လုပ်ခဲ့ကြောင်း သက်သေခံ တဲ့ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်   (Certificate of Origin–CO) များကို များများ ယူ၊ များများ သုံးပြီး များများတင်ပို့နိုင် စေဖို့အတွက် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့တဲ့ အများဆုံးပို့ကုန်များထဲမှ ကုန်ပစ္စည်းများရဲ့ ပုံမှန်အကောက်ခွန် နှုန်းတို့ကို ထုတ်နှုတ်တင်ပြလိုက် ရပါတယ်။                 အောက်မှာဖော်ပြထားတဲ့ ဇယားမှာဖော်ပြထားတဲ့ အကောက်ခွန်နှုန်းများကို ရရှိခံစားဖို့ဆိုရင် အာဆီယံ ဒေသတွင်းမှာ ထုတ်လုပ်ခဲ့ကြောင်း သက်သေခံတဲ့ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ် (Form D) များရယူပြီး တင်ပို့နိုင်ဖို့ အထူးလိုအပ်လှတဲ့အတွက် အကောက်ခွန်သက်သာခွင့်ကို ခံစားလို့ ကုန်ပစ္စည်းများ တိုးမြှင့်တင်ပို့ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်စဉ်   ကုန်ပစ္စည်း           ကုန်ပစ္စည်း                       ပုံမှန်                            AFTA အရ        H.S Code           အမျိူးအမည်             အကောက်ခွန်နှုန်း               ၂၀၁၅ ခုနှစ်တွင်                                                                                                    ကောက်ခံမည့်                                                                                                    အခွန်နှုန်း1    4403499921     TEAK LOGS                           1%                           0%2    7403110000     COPPER CATHODES                1%                           0%3    4403999011     HARDWOOD LOGS                  1%                           0%4    4403499921     TEAK LOGS                           1%                           0%5    713319069       BLACK MATPE                       5%                           0%6    713319050       GREEN MUNG BEANS              5%                           0%7    4407296100     TEAK CONVERSIONS               5%                           0%8    4412191000     HARDWOOD PLYWOOD           5%                           0%9    4706930000     BLEACHED BAMBOO PULP       0%                            0%10  4403999012     PYINKADO CONVERSION S4S   1%                            0%11  409000000       HONEY                                 30%                          0%12  306130000       SEA WATER PRAWN               5%                            0%13  713909011       TOOR WHOLE                       30%                          0%14  713209010       GRAM WHOLE(CHICK PEA)      5%                            0%15  1209290000      VEGETABLE SEEDS                1% -1.5%                   0%16  302691000       SEA WATER FISH(FROZEN)      5%                            0%17  9002903000      LENS                                    5%                           0%18  306140000       SEA LIVE CRABS                      5%                           0%19  713319030       PELUN (BLACK EYE BEANS)       5%                           0%20  807190000       MELON                                 40%                          0%