Main menu

Background

မော်တော်ယာဉ် တင်သွင်းခွင့်နှင့် ဆိုင်သော အထူးသတင်း

Mon, 05/14/2012 - 03:47 -- Anonymous (not verified)

၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့ ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ရှိ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  အစည်း အဝေးခန်းမ၌  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး  ဦးဝင်းမြင့်၊  ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊  အကောက်ခွန်ဦးစီး ဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်   ကူးသန်း ရောင်းဝယ်ရေးဘဏ်နှင့်  ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု  ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက   Consignment   စနစ်ဖြင့်  ကားများတင်သွင်းရောင်းချ လျက်ရှိသည့်  အရောင်းစင်တာများမှ လုပ်ငန်းရှင် ၇၀ ဦးနှင့် တွေ့ ဆုံဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။     ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ဆွေးနွေးပြောကြားရာ၌  အစိုးရသစ် လက်ထက်တွင်  အနာဂတ် ကာလ၌ ပြည်သူ ပြည်သားများအနေနှင့် မော်တော်ယာဉ်  အရောင်းပြခန်းများမှဖြစ် စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်း ၍ဖြစ်စေ၊  မိမိ တတ်နိုင်သည့်  ငွေကြေးနှင့် လွတ်လပ်စွာဝယ်ယူသုံးစွဲနိုင် သည်အထိ  ဆောင်ရွက်သွား ရန်၊ နိုင်ငံတကာနှင့် ရင် ဘောင်တန်းနိုင်ရေးနှင့် အိမ်နီးချင်းနိုင်ငံ များနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ကား တင်သွင်းမှုများ ခွင့်ပြုခဲ့ကြောင်း၊ ယခင် က  ကားတင်သွင်းမှု လုံးဝပိတ်ပင်ထား ရာမှ ယခုကဲ့သို့ တင်သွင်းခွင့်ကို တစ်ဆင့်ပြီးတစ်ဆင့်   ဆောင်ရွက်ရာမှာ  လုပ်ငန်းရှင်များ ရှင်းလင်းလွယ်ကူစွာ လုပ်ကိုင်နိုင်ရေးဆောင်ရွက်နေကြောင်း၊  ပထမအဆင့်အနေနှင့်၂၀၁၁ ခုနှစ် စက် တင်ဘာ ၁၁ ရက်တွင် ယာဉ်အိုယာဉ် ဟောင်းများ အစားထိုးလဲလှယ်  တင် သွင်းစေခဲ့ကြောင်း၊ အဆိုပါ ကြေညာ ချက်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ရက်စွဲပါ စာအမှတ်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်၌  ကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာန၊  ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူး သန်းရောင်းဝယ်ရေးဘဏ်တို့မှ ကိုယ် စားလှယ်များပါဝင်သော အထူးသွင်း ကုန် ပါမစ်ထုတ်ပေးရေး  ပူးပေါင်းအဖွဲ့ (OSS)  ဖွဲ့စည်းပြီး၊ အစားထိုးယာဉ်တင် သွင်းခွင့်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်နေ့မှစတင်ပြီး  နေ့ချင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊  ယာဉ်အို ယာဉ်ဟောင်းလဲလှယ်မှု အစီအစဉ်အရ အစားထိုး မော်တော်ယာဉ်  ပြည်ပမှ  တင်သွင်းရာမှာ တင်သွင်းသူများအနေ ဖြင့် အခက်အခဲများဖြစ်ပေါ်ခြင်း၊ လုပ် ငန်းမကျွမ်းကျင်မှုကြောင့် ပြည်သူများ လိမ်လည်ခံရခြင်းများ   ဖြစ်ပေါ်လာ သည်ကို သိရသည့်အတွက် ကားတင် သွင်းသူ၊ ကားဟောင်းလဲလှယ်သူများ ပိုမိုအဆင်ပြေစေရေးအတွက်   မော် တော်ယာဉ် အရောင်းစင်တာ  (Used Car Sale Centre)  များဖွင့်လှစ်ခြင်းနှင့် ပြည်ပမှ ကားတင်သွင်းခွင့်ပါမစ် ထုတ် ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ ကြီးကြပ် ဆောင်ရွက်နိုင်စေရန်အတွက် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈  ရက်နေ့စွဲ ပါ အမိန့်ကြော်ငြာစာဖြင့် မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊    ပြည် ထောင်စုဝန်ကြီးမှ  ဥက္ကဋ္ဌ၊  ဝန်ကြီးဌာန ၈ ခုမှ ဒုတိယဝန်ကြီးများမှ အဖွဲ့ဝင်၊ မိမိတို့ဌာန ဒုတိယဝန်ကြီးမှ  အတွင်း ရေးမှူးနှင့်  ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့မှ    တွဲဖက်အတွင်းရေးမှူးအဖြစ်  ပါဝင်  ဖွဲ့စည်းခဲ့ပါကြောင်း၊  ဒုတိယ အဆင့်အနေဖြင့် ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၁ ရက်နေ့တွင်နိုင်ငံခြားသင်္ဘော သားများ၊ ပြည်ပတွင် အလုပ်လုပ်ကိုင် နေသည့်  အလုပ်သမားများ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်  ကုမ္ပဏီများအတွက် လူစီး မော်တော်ယာဉ်၂၂၀၀၀ စီးထိတင်သွင်း ခွင့်ပြုရန် လျာထားခဲ့ပြီး ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ လွန်ခဲ့သော ၅ နှစ်အတွင်းထုတ်လုပ်သည့် ကားများကို အုပ်စုအလိုက်   တင်သွင်းခွင့်   ပြုခဲ့ပါ ကြောင်း ပြောကြားသည်။    ဝန်ကြီးမှ ဆက်လက်၍ လူတော် တော်များများ ကားစီးနိုင်စေရန် ရည် ရွယ်၍ တဖြည်းဖြည်း ဖြေလျှော့မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊   ရထားပို့ ဆောင်ရေးဝန်ကြီးဌာန၊  ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေ နှင့် ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်စွဲပါ အမိန့်အမှတ်ဖြင့် မော်တော်ယာဉ်အမျိုး အစားအလိုက် မူလတန်ဖိုးအပေါ် မှတ် ပုံတင်ခကောက်ခံခြင်းကိုလည်း ပြင် ဆင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ် ပါကြောင်း၊ ထို့အပြင် ဧပြီလ ၂၅ ရက် စွဲပါစာအမှတ်နှင့်လည်း ခရီးသည်တင် ဘတ်စ်ကားများကို ခရီးသည် အဆင်း အတက်  အန္တရာယ်ကင်းရှင်းစေရေး အတွက် ၂၀၀၇ ခုနှစ်နှင့်အထက် ဘယ် မောင်းယာဉ်တွေကိုသာခွင့်ပြုပြီး၊ ကုန် တင်ယာဉ် (Truck)  များအတွက် ဘယ် မောင်း၊ ညာမောင်း ခွဲခြားခြင်းမပြုဘဲ ခွင့်ပြုရန် ခရီးသည်တင် ဘတ်စ်ကား များကို ၂၀ ယောက်စီးနှင့်အထက်ကို လွန်ခဲ့သော ၅ နှစ်အတွင်း ထုတ်လုပ် သည့် ဘယ်မောင်းယာဉ်များ တင်သွင်း ခွင့်ပြုခဲ့ပါကြောင်း  ပြောကြားပါသည်။    ဆက်လက်၍   ယခု  တတိယ အဆင့်အနေဖြင့် မြန်မာ့နိုင်ငံခြားကုန် သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းေ ရာင်းဝယ်ရေးဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသည့် နိုင်ငံသားများကို ၂၀၀၇ ခုနှစ်နှင့် အထက်မော်တော်ယာဉ်များ(ခရီးသည် တင်ဘတ်စ်ကားမှအပ) ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ လွတ်လပ်စွာ တင် သွင်းခွင့်ပြုခဲ့ကြောင်း၊ ထို့အပြင်  ရန်ကုန် မြို့တော်အပါအဝင်   မြို့ကြီးများမှာ မြို့တော်အငှားယာဉ်များ၏  ဝန်ဆောင် မှုပိုမိုကောင်းမွန်စေရေးအတွက် အငှား ယာဉ်များကို အလားတူ ဘယ်မောင်း၊ ညာမောင်း မခွဲဘဲ  ၂၀၀၇ ခုနှစ်နှင့် အထက်ယာဉ်များကို သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စိစစ် ထောက်ခံသော အရေအတွက်အလိုက် ကုမ္ပဏီလုပ်ငန်းရှင်များကို စီစဉ်ဆောင် ရွက်ပေးမှာဖြစ်ကြောင်း၊ ထိုကဲ့သို့   တိုင်းဒေသကြီးများ၏ ထောက်ခံချက်ရယူရခြင်းမှာ သက်ဆိုင် ရာ တိုင်းဒေသကြီး၊ မြို့များ၏ လမ်း အခြေအနေအရ စိစစ်ခွင့်ပြုနိုင်ရန်ဖြစ် ပါကြောင်း၊ မော်တော်ယာဉ်တင်သွင်းမှု နှင့် ပတ်သက်၍ အာဆီယံနိုင်ငံများ၏ လူဦးရေနှင့် မော်တော်ယာဉ်  အချိုး ကိုကြည့်လျင် မြန်မာနိုင်ငံမှာအနည်းဆုံး ဖြစ်နေသေးသည်ကို  တွေ့ရကြောင်း၊ အာဆီယံနိုင်ငံများအတွင်း  တစ်ဦးချင်း မော်တော်ယာဉ်ပိုင်ဆိုင်မှု   ဒုတိယ အနည်းဆုံးဖြစ်သော လူဦးရေ ၁၀၀၀ လျှင် ၁၃ စီးပိုင်ဆိုင်သည့်  ဗီယက်နမ် နိုင်ငံကဲ့သို့ဖြစ်ရန် နှစ်ဆနီးပါး ကား စီးရေ ၃ ဒသမ ၈ သိန်းခန့်  တင်သွင်း ရမှာဖြစ်ကြောင်း၊  ထို့ကြောင့်  နိုင်ငံ သားတိုင်း Showroom များမှ စိတ် ကြိုက်ကားသစ်ကို  ဝယ်ယူနိုင်သည့် အဆင့်အထိရောက်အောင် တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်းပြောကြားပါသည်။    ထို့နောက် ဆက်လက်ပြောကြား ရာတွင် ယခုလို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့မှုများ လုပ်ပေးသည့်အတွက် အချို့သောပုဂ္ဂိုလ်များ မှာ ထိခိုက်နစ် နာမှု အချို့လည်း ရှိလာနိုင်ပါကြောင်း၊ သို့သော်လည်း အများပြည်သူအကျိုး ရှိ အောင်ဆောင်ရွက် သည့်ကိစ္စဖြစ်၍ ရေရှည်တွင် နိုင်ငံတကာနှင့် လိုက်လျော ညီထွေဖြစ်သည့် အခြေအနေ များ ပေါ် ပေါက်လာမှာဖြစ်ပါကြောင်း၊  တင်သွင်း မှုအပိုင်းအပြင် ကျန်သည့် Infrastructure  ၊ စက်သုံးဆီ ကိစ္စများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ အလိုက် ဖြည့်ဆည်းစီမံ ဆောင်ရွက်သွားကြမှာ ဖြစ်ပါကြောင်း၊ဖြစ်ပေါ်လာသည့်အခြေ အနေအလိုက် ပြည်သူလူထုအသံကို နားထောင်ပြီး  စီမံဆောင်ရွက်သွား မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပါ သည်။     ထို့နောက်ဒုတိယဝန်ကြီး ဒေါက် တာပွင့်ဆန်းမှ   ရှင်းလင်းဆွေးနွေး  ရာတွင်   ကားအရောင်းစင်တာများ၏ လက်ရှိအခြေအနေနှင့် စာရင်းဇယား များတင်ပြသွားမှာဖြစ်ပါကြောင်း၊ ကား အရောင်းစင်တာဖွင့်လှစ်ရန် လျှောက် ထားသည့်ကုမ္ပဏီ ၉၄ ခုရှိသည့်အနက် တင်ပြသည့်အထောက်အထား၊ ဆောင်ရွက်မှု အခြေအနေများအရ လက်ရှိ အချိန်အထိ စင်တာ ၆၈ ခုကို ဖွင့်လှစ် ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ယင်းစင်တာ များမှ Consignment  စနစ်နှင့် တင် သွင်းဖို့ခွင့်ပြုထားပြီး ကားအစီးရေပေါင်း ၁၃၇၃၉ စီး ရှိပြီဖြစ် ပါကြောင်း၊ ၎င်း အနက် ကားရောက်ရှိမှုမှာ အစီးပေါင်း ၂၂၇၃ စီးနဲ့ ဝယ်ယူခွင့်လက်မှတ်ထုတ် ပြီးကား ၉၅၂ စီးသာရှိကြောင်း၊ ယာဉ် အိုယာဉ်ဟောင်းအပ်နှံမှုအနေနှင့် ကား အစီးရေ  ၄၈၇၄၀ စီး  အပ်နှံထား သည့်အနက် ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ကားတင်သွင်းရေးပါမစ် ထုတ်ယူမှု ၄၂၇၃၉ စီးရှိသဖြင့် အပ်နှံ မှု၏ ၈၇ ဒသမ ၆၉ ရာခိုင်နှုန်း ပါမစ် ထုတ်ယူပြီး ဖြစ်ပါကြောင်း၊ နိုင်ငံခြား သင်္ဘောသား၊  ပြည်ပရောက် မြန်မာ အလုပ်သမား၊ ပြည်ပ ပညာတော်သင် များ၊ ကုမ္ပဏီကြီးများအတွက်  ကား တင်သွင်းခွင့် အစီးရေ ၂၂၀၀၀ လျာ ထားသည့်အနက်  ကားတင်သွင်းခွင့် ပါမစ်ထုတ်ပြီး  ၄၄၃၆ စီးသာ ရှိပါ ကြောင်း၊  ကားအရောင်းစင်တာများ အနေနှင့် ကားရောက်ရှိမှုနှင့် ကားဝယ် ယူနိုင်မှုတို့ကို စဉ်းစားတွက်ချက်နိုင်ရန် တင်ပြရခြင်းဖြစ်ကြောင်း၊ ကားတင် သွင်း  ရောင်းချရေးနှင့်ပတ်သက်၍ အကောင်း ဆုံးဖြစ်အောင် လုပ်ပေးနေပါကြောင်း၊ သို့သော်လည်း  အရောင်းစင်တာများ အနေဖြင့်  ကားတင်သွင်းမှု  လုပ်ငန်း အဆင့်ဆင့်တွင် အခက်အခဲရှိနေသည် ဟု ကြားသိနေရသည့်အတွက် သက် ဆိုင်ရာဌာန အသီးသီးနှင့် လုပ်ငန်းရှင် များအကြား  ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်းတင်ပြပေး စေလိုပါကြောင်း  ရှင်းလင်းပြောကြား ပါသည်။    ထို့နောက် တက်ရောက်လာသည့် ကားအရောင်းစင်တာများမှ လုပ်ငန်းရှင် များမှ မရှင်းလင်းသည်များနှင့် တွေ့ကြုံ ရသည့်အခက်အခဲများ တင်ပြဆွေးနွေး ခြင်းအပေါ်  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  သက်ဆိုင်ရာ OSS  အဖွဲ့ဝင်များမှ  အသီးသီး ပြန်လည် ဖြေကြားခဲ့ကြသည်။ ယခုဆွေးနွေးပွဲမှ တစ်ထိုင်တည်း  ဆုံးဖြတ်နိုင်ခြင်းမရှိ သည့်ကိစ္စရပ်များအတွက်လည်း ကျယ် ကျယ်ပြန့်ပြန့်   ဆွေးနွေး အဖြေရှာ နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ကားအရောင်းစင်တာများ တွေ့ဆုံ၍ လာမည့် သီတင်းပတ်တွင် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပသွား ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရ သည်။