Main menu

Background

တတိယ စက်မှုတော်လှန်ရေး

Tue, 05/15/2012 - 07:25 -- Anonymous (not verified)

          ပထမစက်မှုတော်လှန်ရေးသည် ဗြိတိန်နိုင်ငံ တွင် ၁၈ ရာစုနှောင်းပိုင်းက စတင်ပေါ်ပေါက်ခဲ့ သည်။ ရက်ကန်းလုပ်ငန်းတွင် စက်ယန္တရားများ အသုံးပြုခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ပင်ပန်း ကြီးစွာ လက်ဖြင့်လုပ်ကိုင်ခဲ့ရသော အလုပ်များကို ဝါစက်ရုံကြီးတစ်ရုံထဲတွင်  စုစည်းလိုက်ခြင်းဖြင့် အထည်ရက်လုပ်သည့်  အလုပ်ရုံကြီးများ ပေါ် ထွက်လာခဲ့သည်။ ဒုတိယစက်မှုတော်လှန်ရေးသည် ၂၀ ရာစု အစောပိုင်းကာလတွင် ရွေ့လျားတပ်ဆင်ရေးလိုင်း ကို ဟင်နရီဖို့ဒ်က အသုံးပြုခြင်းဖြင့် အရေ တွက် များများ ထုတ်လုပ်နိုင်သည့်ခေတ်ကို  ဦးဆောင် ခဲ့သည်။ ပထမနှင့် ဒုတိယစက်မှုတော်လှန်ရေးကြီး နှစ်ခုက လူအများကို ပိုမိုချမ်းသာ<ကယ်ဝလာစေ ပြီး မြို့ပြဆန်လာစေခဲ့သည်။ ယခုတော့ တတိယ စက်မှုတော်လှန်ရေးကြီး  စတင်နေပြီဖြစ်သည်။ ကုန်ပစ္စည်း  ထုတ်လုပ်မှုလုပ်ငန်းများကို ဒစ်ဂျစ် တယ်နည်းဖြင့် ဆောင်ရွက်လာခြင်းဖြစ်သည်။  ထို အပြောင်းအလဲသည်  စီးပွားရေးလုပ်ငန်းများကို သာမက အနီးပတ်ဝန်းကျင်ရှိ အခြားအရာများ ကိုပါ ပြောင်းလဲသွားစေမည်ဖြစ်သည်။ထူးခြားဆန်းသစ်သော   နည်းပညာများ ပေါင်းဆုံမိလာခြင်း  ဖြစ်သည်။   အတိတ်ခေတ် အလုပ်ရုံများက အမျိုးအစားတူ ထုတ်ကုန်ပစ္စည်း အမြောက်အမြားကို ထုတ်လုပ်ပေးခြင်းဖြစ်သည်။  နောင်အနာဂတ်ကာလအလုပ်ရုံများသည်  ဝယ်သူ တစ်ဦးချင်းနှင့်ကိုက်ညီမည့် ထုတ်ကုန်ပစ္စည်းအများ အပြားထုတ်လုပ်ပေးရေးကို ဦးတည်ဆောင်ရွက် ကြပါလိမ့်မည်။ ဟင်နရီဖို့ဒ်၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးလိုင်းနှင့်မတူဘဲ  ကိုယ့်တဲ အိမ်ကလေးထဲမှာ နည်းနည်းချင်းစီထုတ်လုပ်ပေး သည့် ရက်ကန်းခတ်သမားတို့နှင့် ပိုပြီးတူနေပါလိမ့် မည်။ပစ္စည်းတစ်ခုခုလုပ်တော့မည်ဆိုလျှင် ယခင် က အစိတ်အပိုင်းအများအပြားကို မူလီများနှင့် ဆက်စပ်သို့မဟုတ် ဂဟေဆက်ပြီးတွဲရသည်။ ယခု တော့ ကွန်ပျူတာပေါ်မှာ ဒီဇိုင်းဆွဲပြီး၊  သုံးဘက် မြင်ပုံထုတ်စက် (3D printer) ဖြင့် ပုံထုတ်ယူ သည်။ ယင်းပုံဖြင့်ပင် ပစ္စည်းဝတ္ထု အစိုင်အခဲ (Solid object)  တစ်ခုကို ဖန်တီးသည်။ ထိုနည်း ဖြင့် ယခင်ကအလုပ်ရုံများတွင် ကိုင်တွယ်ဆောင် ရွက်လို့မဖြစ်နိုင်အောင် ရှုပ်ထွေးခက်ခဲသော ပစ္စည်း များစွာကို ပြုလုပ်နိုင်သည်။ သုံးဘက်မြင်ပုံထုတ် စက် အသုံးပြုခြင်းမှာ နက်နဲဆန်းကြယ်သည်။ နား ကြားအထောက်အကူပြုကိရိယာ၊ စစ်သုံးဂျက်လေ ယာဉ်မှ အဆင့်မြင့်နည်းပညာ ပစ္စည်းအစိတ်အပိုင်း တို့ကို အသုံးပြုသူနှင့်ကိုက်ညီအောင် သုံးဘက်မြင် ပုံထုတ်စက်ဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။နည်းပညာသစ်များဖြင့် အလွန်သေးငယ် သည့်ပစ္စည်းများကို အင်ဂျင်နီယာများက ထုတ် လုပ်လာနိုင်ကြသည်။ နာနိုနည်းပညာဖြင့် ကုန် ပစ္စည်းများတွင် စွမ်းဆောင်ရည်သစ်များ ဖြည့်စွက် ပေးနိုင်သည်။ ဒဏ်ရာ ပျောက်ကင်းစေသည့် ပတ်တီး၊ စွမ်းရည်ပိုကောင်းသော အင်ဂျင်စက်နှင့် သန့်စင်လွယ်သော အိုးခွက်ပန်းကန် စသည်တို့ကို နာနိုနည်းပညာဖြင့်ထုတ်လုပ်သည်။ မျိုးဗီဇပြုပြင် ထားသော ဗိုင်းရပ်စ်ပိုးများဖြင့် ဘက်ထရီအိုးကဲ့သို့ ပစ္စည်းများကို တီထွင်ထုတ်လုပ်သည်။ မော်တော် ကားစက်ရုံကြီးတည်ထောင်ရန် ဟင်နရီဖို့ဒ်အတွက် အရင်းအနှီး အမြောက်အမြား လိုအပ်ခဲ့သည်။ ယနေ့ခေတ်မှာတော့ လက်ပ်တော့ ကွန်ပျူတာ တစ်လုံးအပြင်  တီထွင်ထုတ်လုပ်ရန် အလုပ်ရုံ ကလေးတစ်ရုံဖြင့် လုပ်ငန်းစတင်နိုင်ပြီဖြစ်သည်။ဒစ်ဂျစ်တယ်နည်းပညာသည် မီဒီယာလုပ် ငန်းနှင့် လက်လီစိတ်စက်မှုလုပ်ငန်းများကို လှုပ်ခါ သွားစေခဲ့သည်။ ရက်ကန်းစက်များက လက်ရက် ကန်းများကို နင်းချေပစ်သလို၊ ဖို့ဒ်မော်တော်ကား များက ပန်းပဲအလုပ်သမားများကို အလုပ်လက်မဲ့ ဖြစ်သွားစေခဲ့သလို ဒစ်ဂျစ်တယ် နည်းပညာက နင်းချေဖျက်ဆီးလျက်ရှိသည်။ အနာဂတ်အလုပ်ရုံ များတွင် ဆီချေးစွန်းပေနေသော အလုပ်သမား များက ညစ်ပေနေသော  စက်ယန္တရားများကို ကိုင်တွယ်ထုတ်လုပ်နေကြတော့မှာ  မဟုတ်ပေ။ အလုပ်များစွာကို စက်ရုံအနီးက ရုံးခန်းထဲမှာ လုပ် ကြပါလိမ့်မည်။ ရုံးခန်းထဲတွင် ဒီဇိုင်း ပညာရှင်များ၊     အင်ဂျင်နီယာများ၊ သတင်းနည်းပညာ ကျွမ်းကျင်သူများ၊ ပို့ဆောင် ဖြန့်ဖြူးရေး ကျွမ်းကျင်သူများ၊ဈေးကွက်ဖွင့်ဝန်ထမ်း များနှင့် အခြားကျွမ်းကျင်ပညာရှင်များ အစုံအလင် ရှိနေကြမည်ဖြစ်သည်။ ကုန်ပစ္စည်းထုတ်လုပ်ရေး အလုပ်တွင် ကျွမ်းကျင်မှုများ ပိုမိုလိုအပ်လာမည် ဖြစ်သည်။ စက်မှုတော်လှန်ရေးသည် ကုန်ထုတ်လုပ် နည်းကိုသာမကထုတ်လုပ်သည့်နေရာကိုပါ အကျိုး သက်ရောက်စေမှာဖြစ်သည်။ လုပ်ခသက်သာ သည့်နိုင်ငံများသို့ အလုပ်ရုံများကို ပြောင်းရွှေ့ခဲ့ ကြသည်။ ယခုတော့ လုပ်ခသည် သိပ်အရေးမပါ တော့ပေ။ ၄၉၉ ဒေါ်လာတန် iPad  တွင် ထုတ် လုပ်မှုလုပ်ခ ၃၃ ဒေါ်လာသာပါဝင်သည်။ ယင်း အနက် နောက်ဆုံးအဆင့်တွင် တရုတ်နိုင်ငံ၌ တပ် ဆင်ထုတ်လုပ်သည့် လုပ်ခမှာ ၈ ဒေါ်လာသာရှိ သည်။ ယခုတော့ နိုင်ငံရပ်ခြားထုတ်လုပ်ရေးလုပ် ငန်းများကို မူရင်းနိုင်ငံများဆီသို့ ပြန်လည်ပြောင်း ရွှေ့နေကြပြီဖြစ်သည်။ တရုတ်နိုင်ငံတွင် လုပ်ခ ဈေးနှုန်း မြင့်တက်လာခြင်းကြောင့်  မဟုတ်ဘဲ ဝယ်သူဖောက်သည်များနှင့် အနီးကပ်တည်ရှိစေ ရန်ဖြစ်သည်။ ဝယ်သူဖောက်သည်တို့၏ တောင်း ဆိုမှုကို  ချက်ချင်းဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရန်ဖြစ်သည်။ သို့ဖြစ်ရာ ယနေ့ တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းနေရသော ကုန်ပစ္စည်း ၃၀ ရာ ခိုင်နှုန်းခန့်အထိကို ၂၀၂၀ ပြည့်နှစ်တွင် အမေရိ ကန်နိုင်ငံမှာပင် ထုတ်လုပ်တော့မည်ဖြစ်သည်။ ထို သို့ဆိုလျှင် အမေရိကန်နိုင်ငံ၏ ထုတ်လုပ်မှုတန်ဖိုး တွင် နှစ်စဉ်ဒေါ်လာဘီလျံ ၂၀ မှ ၅၀ အထိ တိုး လာနိုင်သည်ဟု ဆိုပါသည်။Ref; The Economist