သဘာဝမှပေးသော အဖိုးတန်သတ္တုများ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် အဖိုးတန်သတ္တုများနှင့် စက်မှုကုန်ကြမ်းသတ္တုများအလွန်ကြွယ်ဝသောဒေသတစ်ခုဖြစ်ပြီး သတ္တုလုပ်ကွက်များမှထွက်ရှိသောခနောက်စိမ်း၊ မဂ္ဂနီဒိုင်အောက်ဆိုဒ်၊LEAD Sulphide၊ Copper Metal စသည့်သတ္တုရိုင်းများကို ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိသည်။ ခနောက်စိမ်း၊ မဂ္ဂနီဒိုင်အောက်ဆိုဒ်၊LEAD Sulphide ၊ Copper Metalတို့သည် စက်မှုလုပ်ငန်းများနှင့် ကမ္ဘာ့နည်းပညာကဏ္ဍတွင် မရှိမဖြစ်အရေးပါသော ကုန်ကြမ်းများဖြစ်သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် မဂ္ဂနီဒိုင်အောက်ဆိုဒ်အဓိကထွက်ရှိပြီး သတ္တုတွင်းနည်းဥပဒေအသစ်ထွက်ရှိလာသည



