Main menu

Background

ပဲလောက ပြန်လည် တိုးတက်ရေးအတွက် ပဲလောကသား တစ်ဦးရဲ့ အကြံပြုချက်

Mon, 05/21/2012 - 04:46 -- Anonymous (not verified)

    ကျွန်တော့်အနေနဲ့ ပဲကုန်သည်လောကမှာ ဝါရင့်ကုန်သည် တစ်ဦး မဟုတ်ပေမဲ့ ဒီလောကထဲမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံ၊ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆက်စပ်ပြီး မြန်မာ့ပဲလောက ပြန်တိုးတက်ဖို့ အကြံပြုလိုတာတွေကို ရေးသား လိုက်ရပါတယ်။ ပဲရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှုနည်းပါး    မြန်မာ့လယ်ယာထွက်ကုန်များအနက် အဓိကပို့ကုန်ဖြစ်တဲ့ ပဲ အမျိုးမျိုးရဲ့ ဈေးများစတင် ကျဆင်းတာဆိုရင် ၂၀၁၀ မှစတင်ပြီး ရေတွက်ရင် သုံးနှစ်နီးပါးကို ချဉ်းနင်းဝင်ရောက်လာပါပြီ။ ၂၀၁၂ ခုနှစ်၊ ဧပြီကုန်အထိ အခြေအနေမှာလည်း ဆက်လက်လျက် ရှိနေ ပါသေးတယ်။ ဒါကြောင့် ပဲ ဈေးကွက်ကြီးအတွင်း ပါဝင်ပတ်သက်သူ တောင်သူလယ်သမားကြီးများ၊ နယ်ပွဲစားကုန်သည်များ၊ ရန်ကုန် လှောင်လက်ဝယ်ရောင်းများ၊ ပို့ကုန်လုပ်ငန်းရှင်ကြီးများ၊ ကြားခံ ဝယ်လက် စင်္ကာပူ ကုမ္ပဏီကြီးများ၊ မွန်ဘိုင်း၊ ဒေလီ၊ ချန်နိုင်းရှိ ပဲကုန် သည်ကြီးများမှာ အထိနာလျက်ရှိပါတယ်။ ဈေးကွက်အတွင်းကို ကြည့်ရင် "၂၀၀၈ ခုနှစ်၊ ပဲကိစ္စအရှုပ်အရှင်းများ" အပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာ၂၄ ရက်မှာအလွဲသုံးစားမှု ထပ်မံဖြစ်ပေါ်ခဲ့ခြင်းကလည်း ဈေးကွက် တစ်ခုလုံးကို ထပ်မံရိုက်ခတ်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံ သူများကို ယုံကြည်မှု နည်းပါးစေခဲ့ပါတယ်။ ပဲကဏ္ဍမှာ ရင်းနှီးမြှုပ်နှံငွေ နည်းပါးလာ     အခြားတစ်ဖက်မှာလည်း လုပ်ငန်းရှင်များအနေနဲ့ " နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနဲ့ ပွင့်လန်းလာတဲ့ အခွင့်အလမ်းသစ်များ"ကို မျှော် ကိုးကာ စက်မှုဇုန်မြေ တိုက်တာအိမ်ယာခြံမြေလုပ်ငန်းများမှာ ကြီးစွာ ရင်းနှီးမြှုပ်နှံထားခြင်းနဲ့ ၂၀၁၁-၂၀၁၂ အတွင်း လောင်စာဆီ၊ စား အုန်းဆီ၊ မော်တော်ယာဉ်တင်သွင်းခွင့်များကို အဆင့်ဆင့် ခွင့်ပြုလာမှု များနဲ့အတူ ယင်းလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံ သူများကြောင့် ပြည် တွင်းပဲဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံငွေများ စံချိန်တင်နည်းပါးလျက် ရှိပါတယ်။ ပြည်ပဈေးကွက်အတွင်းလည်း စီးဝင်ငွေကြေးကျဆင်း    ကြားခံဝယ်လက် စင်ကာပူ ကုမ္ပဏီကြီးများဘက်ကို ကြည့်မယ် ဆိုရင်လဲ အကျဈေးကွက် (Bear  Market  )မှာဈေးမြှင့်ပေးပြီး၊ အဝေး Shipment  ဝယ်ယူတဲ့ ကုမ္ပဏီများအဓိကအထိနာခဲ့ရပါတယ်။ ဒီလို အထိနာနေရာမှ၂၀၁၂ နှစ်ဆန်းမှာအဓိကဦးဆောင်ကုမ္ပဏီ အချို့လုပ် ငန်းများ ရပ်ဆိုင်းခဲ့ရသလို ကျန်ရှိတဲ့ စင်ကာပူကုမ္ပဏီများရဲ့ လုပ်ကိုင် နိုင်စွမ်းမှာလည်း သိသိသာသာ ကျဆင်း လာခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် စင်ကာပူဘက်မှ ဈေးကွက်မှာ စီးဝင်တဲ့ငွေကြေးမှာလည်း ၂၀၁၂ အတွင်း သိသိသာသာ ကျဆင်းသွားပြီး၊ အိန္ဒိယနောက်ဆုံး ဝယ်လက်နဲ့ မြန်မာရောင်းသူကြား၊ ကြားခံဝယ်ယူထားနိုင်စွမ်းကို ကြီးစွာထိခိုက်စေခဲ့ပါတယ်။    အိန္ဒိယ ဝယ်လက်မှာလည်း ၂၀၁၁ နိုဝင်ဘာမှာ အဓိကအားဖြင့် ချန်နိုင်းရှိ မတ်ပဲ ဝယ်လက်ကြီး တစ်ဦး အပါအဝင် ဝယ်လက်အချို့ ဆိပ်ကမ်းရောက် ဝယ်ယူထားတဲ့ ပစ္စည်းများကို မရွေးဘဲ ဒေဝါလီ ခံသွားရာ အိန္ဒိယရှိ အဓိကမတ်ပဲဈေးကွက်ဖြစ်တဲ့ ချန်နိုင်း ဈေးကွက် မှာ ယနေ့ချိန်ထိ များစွာသက်ဝင်ခြင်း မရှိသေးတာတွေ့ရပါတယ်။ အကြောင်းအရင်းမှာ အိန္ဒိယရဲ့ ၂၀၁၁-၁၁၊ ၂၀၁၁-၁၂ သီးနှံ ရာသီ မှာ  ပဲအထွက်က တန်ချိန် ၁၇သိန်းအထက်စံချိန်တင် ထွက်ရှိ ခြင်းနဲ့ ဥရောပကြွေးမြီးပြဿနာများ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးေ ကွး လာမှုများရဲ့ ရိုက်ခတ်မှုများကြောင့် အိန္ဒိယငွေကြေး Rupee တန်ဖိုး၊ တစ်နှစ်အတွင်း ၁၅-၂၀ ရာခိုင်နှုန်းကြား ကျဆင်းသွားသဖြင့် အိန္ဒိယ ပဲတင်သွင်းသူကြီးများအနေနဲ့ ဒေဝါလီခံရတဲ့အထိ ကြီးစွာနစ်နာခဲ့ တာ တွေ့ရပါတယ်။    အဲဒီလို အခြေအနေများကို ခြုံငုံသုံးသပ်ရရင် ပဲဈေးကွက် တစ်ခု လုံးအနေနဲ့ ဆိုးဝါးတဲ့ အခြေအနေများနဲ့ ရင်ဆိုင်နေရတာ ထင်ရှား လှပါတယ်။ အဲဒီအခြေအနေများကို ကျော်လွှားပြီး ဈေးကွက် ပုံမှန် လည်ပတ်နိုင်စေရေးအတွက် ပြည်တွင်းဈေးကွက်အတွင်းရှိ သက် ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုများကို ရဲရဲဝံ့ဝံ့၊ မှန်မှန် ကန်ကန်အမြန်ဆုံးဆောင်ရွက်ရေးမှာမလွဲမသွေရင်ဆိုင်ရမယ့် စိန်ခေါ် မှုကြီးပင်ဖြစ်ပါတယ်။ အဲဒီလို ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် မိမိလက် လှမ်းမီသလောက် အကြံပြု တင်ပြလိုပါတယ်။ သမားရိုးကျစိုက်ပျိုးဝယ်ယူခြင်းမှ စနစ်တကျ ဝယ်ယူသိုလှောင်ရေး    စိုက်ပျိုးထုတ်လုပ်သူတောင်သူကြီးများမှစပြီး၊အဆင့်ဆင့် ရောင်း ဝယ်ဖောက်ကားတဲ့ ကုန်သည်များ၊ ပို့ကုန်လုပ်ငန်းရှင်ကြီးများအထိ သမားရိုးကျအတိုင်း ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လို့ အစဉ်အလာ စိတ်ခံစားမှုအရဝယ်ယူသိုလှောင်ရောင်းချခြင်းအစား စနစ်တကျ လေ့ လာကောက်ခံစုစည်းထားတဲ့ သတင်းအချက်အလက် ကိန်းဂဏန်း များအပေါ်အခြေခံပြီး၊ စိုက်ပျိုးထုတ်လုပ် ဝယ်ယူသိုလှောင် ရောင်းချ ခြင်းကို ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။    အဲဒီလို ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပြီး ထိရောက်မှုရှိတဲ့ ကော်မတီတစ်ခု ဖွဲ့စည်းကာ ၎င်းကော်မတီမှ " ပဲ တစ်မျိုးစီအလိုက် အဟောင်းလက်ကျန် '' " နှစ်သစ်အတွက် စိုက် ဧက '' "အထွက်နှုန်း " များကို အနီးစပ်ဆုံး စနစ်တကျ ကောက်ခံ တွက်ချက်ကာ " Crop  Calendar "တစ်ခု ရေးဆွဲထုတ်ပြန်သွား ရမှာ ဖြစ်ပါတယ်။ ပြည်ပဝယ်လက်၊ ရောင်းလက်နိုင်ငံများရဲ့ သတင်းအချက်အလက်များရရှိရေး    အလားတူ '' ပြည်ပသတင်းစုဆောင်းထုတ်ပြန်ရေးကော်မတီ "တစ်ခုဖွဲ့စည်းပြီး မိမိတို့အဓိက ဝယ်လက်နိုင်ငံများဖြစ်တဲ့  အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်စတဲ့ နိုင်ငံများရဲ့ သီးနှံတစ်မျိုးစီအလိုက် ခန့်မှန်း လိုအပ်ချက်၊ မိမိတို့ရဲ့ ပြိုင်ဘက်တင်ပို့နိုင်ငံများဖြစ်တဲ့ ကနေဒါ၊ သြစ တြေးလျ၊ အာဖရိကစတဲ့ နိုင်ငံများရဲ့ ပဲစိုက်ပျိုးထွက်ရှိမှုနဲ့ တင်ပို့ရောင်း ချနိုင်တဲ့ ပဲလက်ကျန်အခြေအနေများ၊ အဓိကစိုက်ပျိုးနိုင်ငံများရဲ့ မိုး လေဝသအခြေအနေများ၊ အခြားထူးခြားဖြစ်စဉ်များကို လေ့လာစု ဆောင်းပြီး၊ တစ်လချင်းစီ သတင်းထုတ်ပြန်ပေးဖို့ လိုသလို ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး အခြေအနေ၊ အထက်ပါ ဝယ်လက်နိုင်ငံများရှိ စီးပွားရေးအခြေအနေနဲ့ ၎င်းနိုင်ငံ အသီးသီးရှိ ငွေကြေးများရဲ့ လက်ရှိ အခြေအနေနဲ့ ရှေးအလားအလာစတဲ့ အချက်အလက်များကို ခြုံငုံ သုံးသပ်ပြီး ထုတ်ပြန်ကြေညာဖို့ လိုအပ်ပါတယ်။    ထို့အပြင် ဘာသာရပ်မှာ ထင်ရှားတဲ့ ပြည်ပအဖွဲ့အစည်းများ အနက်မှ သင့်တော်တဲ့ အဖွဲ့တစ်ခုကို နှစ်အလိုက် ငှားရမ်းပြီး၊ လိုအပ် တဲ့ သတင်းအချက်အလက်နဲ့ အကြံဉာဏ်များကို ရယူဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဤနေရာမှာ  အိန္ဒိယနိုင်ငံအနေနဲ့ ပဲတင်သွင်းမှု ကဏ္ဍ မှာ ၂၀၀၈ ခုနှစ်မှစပြီး၊ ပြည်ပအဖွဲ့အစည်းတစ်ခုကို ငှားရမ်းပြီး ၎င်းထံ ကိုတင်ပို့ရောင်းချလျက်ရှိတဲ့ နိုင်ငံများရဲ့ အခြေအနေများကို လေ့လာ စုဆောင်းပြီး၊ အကြံဉာဏ်များကို ရယူလျက်ရှိတာ တွေ့ရပါတယ်။ မိမိအနေနဲ့လတ်တလောမှာ ကုန်ကျစရိတ်ကြီးမှာဖြစ်သော်လည်း ရေရှည်မှာ အစိုးရ/ပုဂ္ဂလိက အခန်းကဏ္ဍနှစ်ခုစလုံးမှ ၎င်းသတင်း အချက်အလက်များကို ထိထိမိမိ အသုံးချနိုင်ပါက အကျိုးများဖွယ် ရှိနိုင်ပါတယ်။ သီးနှံရာသီသတ်မှတ်ပြီး၊ စိုက်၊ ထွက်၊ ကျန်ပမာဏများ ခန့်မှန်းတွက်ချက်    သီးနှံရာသီ  Crop  Year  ကို သတ်မှတ်ပြီး ဥပမာ (1st  July - 30 th  June)   သတ်မှတ်ကာ ပဲတစ်မျိုးချင်းစီရဲ့ စိုက်ဧက၊ အထွက်နှုန်း၊ ယခင်နှစ်လက်ကျန်စတာတွေကို "  Estimate   Calendar" တစ်ခု ရေးဆွဲပြီး Calendar  အတိုင်း အိန္ဒိယနိုင်ငံများမှာ လက်ရှိဆောင်ရွက် နေသလို အချိန်တိကျစွာ ထုတ်ပြန်ကြေညာရမှာဖြစ်ပါတယ်။ " Estimate   Calendar" အနေနဲ့ မတ်ပဲ၊ ပဲစင်းငုံတို့အား ဥပမာပြုပြီး အကြမ်းဖျင်း တင်ပြရမယ် ဆိုရင် -သီးနှံရာသီနှစ်                        မတ်ပဲ                        ပဲစင်းငုံ၂၀၁၂-၁၃ အတွက်စိုက်ဧကပထမအကြိမ်ခန့်မှန်း              ၂၀၁၂ ဒီဇင်ဘာ           ၂၀၁၂ ဇူလိုင်ဒုတိယအကြိမ်ခန့်မှန်း            ၂၀၁၃ ဇန်နဝါရီ            ၂၀၁၂ သြဂုတ်နောက်ဆုံးအကြိမ်ခန့်မှန်း       ၂၀၁၃ ဖေဖော်ဝါရီ         ၂၀၁၂ စက်တင်ဘာ၂၀၁၂-၁၃ အတွက် အထွက်နှုန်းပထမအကြိမ်ခန့်မှန်း              ၂၀၁၃ ဖေဖော်ဝါရီ        ၂၀၁၂ ဒီဇင်ဘာဒုတိယအကြိမ်ခန့်မှန်း            ၂၀၁၃ မတ်                 ၂၀၁၃ ဇန်နဝါရီနောက်ဆုံးခန့်မှန်း                 ၂၀၁၃ ဧပြီ                  ၂၀၁၃ မတ်၂၀၁၁-၁၂ မှ ၂၀၁၂-၁၃ သီးနှံရာသီ ပဲလက်ကျန်ပထမအကြိမ် ခန့်မှန်း            ၂၀၁၂ စက်တင်ဘာ       ၂၀၁၂ ဇူလိုင်ဒုတိယအကြိမ် ခန့်မှန်း           ၂၀၁၂ နိုဝင်ဘာ           ၂၀၁၂ စက်တင်ဘာနောက်ဆုံးခန့်မှန်း                ၂၀၁၃ ဇန်နဝါရီ             ၂၀၁၂ နိုဝင်ဘာ    ၂၀၁၃   ခုနှစ်မှာ ယင်းကော်မတီအား စတင်ဖွဲ့စည်းပြီး လက် တွေ့ လုပ်ငန်းများကို ဆောင်ရွက်ကာ လိုတိုး/ပိုလျှော့ ညှိနှိုင်းပြုပြင် သွားရင် 2014-2015  Crop  Year  မှာ ပြီးပြည့်စုံတဲ့ " Estimate  Calendar "တစ်ခု ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဤကဏ္ဍ ကို ဖော်ဆောင်ရာမှာ လက်ရှိ မြေပြင်အနေအထားကို အနီးစပ်ဆုံး ထင်ဟပ် စေရေး အတွက် အစိုးရ / ပုဂ္ဂလိကပိုင်းမှ ကျွမ်းကျင်ပညာရှင်များ၊ ဝါရင့် ကုန်သည်ကြီးများ၊ တောင်သူကြီး များပေါင်းစပ်ပြီး၊ ကော်မတီ တစ်ခုဖွဲ့စည်းဆောင်ရွက်ဖို့လိုသလို အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုများကို မှီငြမ်းပြီးဖြစ်နိုင်ပါက အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီး ဌာနမှ နည်းပညာ၊ အတတ်ပညာ၊ အထောက်အပံ့များကို တောင်းခံ ရယူဖို့လိုသလို စိုက်ပျိုးရေး Estimate နယ်ပယ်မှ ကျွမ်းကျင်တဲ့ပြည်ပ ပညာရှင်များကို ငှားရမ်းသုံးစွဲဖို့လည်း လိုအပ်ပါတယ်။ တစ်ဧက စိုက်စရိတ်လျှော့ပြီး အထွက်တိုးဖို့    တစ်ဧကစိုက်စရိတ်လျှော့ချရေးအတွက် တောင်သူဦးကြီးများ အသုံးပြုနေတဲ့ သွင်းအားစုများဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အစရှိသည်တို့ရဲ့အရည်အသွေးများ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမီ/ မမီ၊ ယင်းသွင်းအားစုအသီးသီးကို ဈေးကွက်အတွင်း ရောင်းချနေတဲ့ ဈေးနှုန်းများ သင့်တော်မှု ရှိ/ မရှိကိုလည်း သက်ဆိုင်ရာဌာနမှ အဖွဲ့ ဖွဲ့စည်းပြီး၊ စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းနဲ့ တောင်သူအများစု ကြီးရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။အကယ်၍ ကာလရှည်အကြွေးနဲ့ ရောင်းချနေတဲ့ နှုန်းထားများဟာ အဆမတန်ကြီးမြင့်နေရင် အဖွဲ့အစည်းများမှ တောင်သူကြီးများအား သက်သာတဲ့ အတိုးနှုန်း ထားများနဲ့ ငွေထုတ်ချေးကာ သွင်းအားစုများ အား တောင်သူကြီးများလက်ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောက်ရှိစေ ရမှာ ဖြစ်ပါတယ်။    တစ်ဧကအထွက်တိုးရေးအတွက် ပြောင်းလဲနေသော ရာသီ ဥတုနဲ့ လိုက်လျောညီထွေရှိမယ့် စိုက်ပျိုးရေး စနစ်များကို အသုံးပြု နိုင်ရေး ပြည်တွင်း/ပြည်ပ စိုက်ပျိုးရေးပညာရှင်များကို ခေါ်ယူ အကြံ ဉာဏ် တောင်းခံကာလက်တွေ့ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးပညာရှင် များရဲ့ အကြံဉာဏ်ဖြင့် ခေတ်မီမျိုးကောင်း မျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးနိုင်ခြင်းနဲ့ အရည်အသွေးမီ သွင်းအားစုများကို စနစ်တကျ/ မှန်မှန်ကန်ကန်ဖြည့်သွင်းဆောင်ရွက်ခြင်းတို့ လိုအပ်မှာဖြစ်ပါတယ်။အရည်အသွေး မြှင့်တင်ထိန်းသိမ်းရေး    ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုကိုပြန်ကြည့်ရင် ပဲမျိုးစုံရဲ့အရည် အသွေးမှာ ယေဘုယျအားဖြင့် တဖြည်းဖြည်း ကျဆင်းလာခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ပဲစင်းငုံမှာ "လင်းခေး" မှလွဲပြီး ကျန် အမျိုးအစားများ အရည်အသွေးများမှာ သိသိသာသာကျဆင်းလာပါ တယ်။ ပဲစင်းငုံအမျိုးအစားများအနက်မှ Common  အဖြစ်ဆုံး "ပဲစင်းငုံ အနီ'' ထွက်ရှိတဲ့ 'ပြည်၊ မကွေး' ပဲများမှာ ယခုနှစ် ၂၀၁၂ မှာ Damage 20-30  ရာခိုင်နှုန်းကြား ပါဝင်လာခဲ့ပါတယ်။ တစ်ဖက် မှာ အဓိကစားသုံးတဲ့ တစ်ခုတည်းသော  အိန္ဒိယအနေဖြင့် အာဖရိက နိုင်ငံများမှာ Contract Farming  များဖြင့် နည်းပညာ၊ ငွေကြေး ထောက်ပံ့ပြီး အရည်အသွေးရော၊ အရေအတွက်ပါ တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းလျက်ရှိရာ ၂၀၁၁ တစ်နှစ်လုံးမှာ အိန္ဒိယသို့ ပဲစင်းငုံ တစ်မျိုးတည်း တန်ချိန် ၁၉၀၀၀၀ အထိ စံချိန်တင် တင်ပို့နိုင်ခဲ့တဲ့ အပြင် အရည်အသွေးလည်း အထိုက်အလျောက်မြင့်တက်လာခဲ့ပါ တယ်။အာဖရိက ပဲစင်းငုံ ဈေးနှုန်းများမှာလည်း သက်သာတာကြောင့် ရေရှည်မှာ  မြန်မာပဲစင်းငုံဈေးကွက်ကို လုယူသွားမှာကို သတိပြုဖွယ် ဖြစ်ပါတယ်။    မတ်ပဲအနေနဲ့လည်း ၂၀၁၁ တွင် ရိတ်သိမ်းပြီးစနဲ့ ရိတ်သိမ်းချိန် မှာ မိုးမိသွားတဲ့အတွက် အရည်အသွေးများ ကျဆင်းသွားပြီး ဈေးကွက် တစ်ခုလုံးအနေနဲ့ ကြီးစွာနစ်နာခဲ့ရပါတယ်။ မိုးလေဝသကြိုတင် သတိ ပေးကြေညာချက် များကို အလေးထားကာ ကြိုတင်ပြင်ဆင်မှုအား နည်းခြင်း၊ ရိတ်သိမ်းပြီး သိုလှောင်ထားသိုရန် လိုအပ်ချက်များ မပြည့် မီခြင်း၊ မိုးလွတ်နဲ့မိုးမိပဲခွဲခြားခြင်း၊ ရောင်းရမယ်ဆိုတဲ့ ကျင့်ဝတ်ကို အများစုမှ လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း တို့ကြောင့်ဖြစ်ပါတယ်။            ဒါကြောင့်မြန်မာ့ပဲအမျိုးမျိုး၊ နိုင်ငံတကာဈေးကွက်မှာ ဆက် လက် ပြီး မျက်နှာပန်းလှ တန်းဝင်ရေး အတွက် အရည်အသွေးမြှင့် ထုတ်လုပ်ထိန်းသိမ်းရေးဟာ အဓိကကျတဲ့အချက်ပင်ဖြစ်ပါတယ်။ အဲဒီလို အရည်အသွေးမြှင့်တင်၊ ထိန်းသိမ်းရေးအတွက် စိုက်ပျိုးသည်မှ သိုလှောင်သည်အထိ လိုအပ်ချက်များကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း ပြီး မြှင့်တင်ပေးခြင်း၊ တောင်သူ/နယ်ပွဲစား ကုန်သည်များမှသည် ပို့ကုန်လုပ်ငန်းရှင်များအထိ မသမာမှုများကို ရှောင်ကြဉ်ကာ သတ် မှတ်ထားသော အရည်အသွေးစံချိန်စံညွှန်းများ ကို လိုက်နာဆောင် ရွက်ခြင်းစသော အချက်များဟာ အရေးကြီးလှကြောင်း အကြံပြု တင်ပြအပ်ပါတယ်။နောက်ဆုံးဝယ်သူထံ တိုက်ရိုက်ရောင်းချရေး    ပို့ကုန်လုပ်ငန်းရှင်ကြီးများအနေနဲ့လည်း အနာဂတ်မြန်မာ့ စီးပွားရေး မြင်ကွင်းမှာအမေရိကန်၊အီးယူပိတ်ဆို့မှုများ တစ်ဆင့်ပြီး တစ်ဆင့် ရုပ်သိမ်းလာခြင်းမှ အလုံးစုံရုပ်သိမ်းမှုကို မျှော်မှန်းပြီး၊ End -  Buyer များထံ တိုက်ရိုက်ရောင်းချနိုင်ရေး ကြိုတင်ပြင်ဆင်ရ မှာဖြစ်ပါတယ်။    မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ဘယ်နိုင်ငံငွေကြေးနဲ့မဆို ကမ္ဘာအနှံ့လွတ်လပ်စွာ ကူးသန်းရောင်းဝယ် နိုင်တော့မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ Singapore ကဲ့သို့ ပွဲစားနိုင်ငံများရဲ့ ကုမ္ပဏီများကို ကြားခံ မထားတော့ဘဲ End Buyer  နိုင်ငံများသို့ တိုက်ရိုက်ရောင်း ချ နိုင်တော့မှာဖြစ်ပါတယ်။ ထိုသို့ တိုက်ရိုက်ထိတွေ့ ရောင်းချခြင်းဖြင့် ကြားခံပွဲခပေးရခြင်းနဲ့ ကြားခံအဆင့်ဆင့်ဖြတ်သန်းမှုများ မရှိတော့တဲ့ အတွက် ရောင်းဈေး ပိုမိုရရှိနိုင်ခြင်း၊ End Buyer များနဲ့ တိုက်ရိုက် ဆက်ဆံခြင်းဖြင့် ၎င်းင်းဈေးကွက်များရဲ့ အခြေအနေမှန်နဲ့ လိုအပ်ချက် များကို ပိုမိုသိရှိနိုင်ခြင်းစသော အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါ တယ်။ ဝယ်လက်ဆိပ်ကမ်းများသို့ ပို့ကုန်များ အချိန်မီ ရောက်ရှိစေရန်   Shipping Sector   ရှိ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်စေရေး    စားသုံးကုန်ဖြစ်သော ပဲဈေးကွက်ရဲ့ သဘောသဘာဝအရ ပွဲတော်ရာသီဝယ်လိုအား အများဆုံးကာလမှာ လိုအပ်သော ပဲအမျိုး အစား၊ အရေအတွက်တို့ကို သက်ဆိုင်ရာဝယ်လက်နိုင်ငံများရဲ့ ဆိပ် ကမ်းအသီးသီးသို့ အချိန်မီဆိုက်ရောက်ရှိရေးဆိုတာ ရုတ်တရက် ကြည့်ရင် အရေးကြီးတယ်လို့ မမြင်သာတဲ့အချက်ဖြစ်ပါတယ်။ သို့ သော် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကို သေချာစွာပြန်လေ့လာကြည့်မယ်ဆိုရင် အိန္ဒိယမှာ ဒေဝါလီပွဲတော်မတိုင်မီကာလမှာ ၎င်းနိုင်ငံရှိ ဆိပ်ကမ်း အသီးသီးတို့ ကနေဒါ၊ ရုရှနဲ့ ပြင်သစ်တို့မှ ၎င်းတို့နိုင်ငံထုတ်  Yellow Pea များအား တစ်စီးကို တန် ၅၀၀၀၀ ခန့်တင်ဆောင်နိုင်တဲ့ သင်္ဘောများဖြင့် သယ်ဆောင်ပြီး ဆက်တိုက်ဝင်ရောက်ချိန်မှာ မိမိတို့ Myanmar Origin များ တင်ပို့နိုင်ရေးမှာ အကန့်အသတ်များ ရှိနေ ဆဲဖြစ်ပါတယ်။     ဒါကြောင့် ပွဲတော်ကာလ ဝယ်လိုအားတက်တဲ့ အချိန် အချိန်မီ မရောက်ခဲ့တဲ့ မိမိတို့ Origin  များသာ ပွဲတော်အပြီး လက်ကျန်အဖြစ် အများစုကျန်ခဲ့တာကြောင့် မိမိတို့ Origin  များအပေါ် ဝယ်လိုအားနဲ့ ဈေးကွက်ဝေစုမှာ လျော့နည်းသွားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်  လိုအပ်ချက်များကို လက်လှမ်းမီသမျှ တင်ပြရပါလျှင် ပြည်တွင်း ဆိပ်ကမ်းများအနေနဲ့ နိုင်ငံတကာစံမီကျယ်ဝန်းမှုနဲ့ ဝန်ဆောင်မှုများ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံစုံမှသင်္ဘောများ ဝင်ရောက်လာနိုင်ရေး အတွက်လိုအပ်ချက်အရပ်ရပ် ကို ပြင်ဆင်ဆောင်ရွက် ရန်၊ Container  အခွံလွတ်များ လိုအပ်တဲ့အချိန်မှာ လုံလောက်စွာရရှိစေရန်နဲ့ နိုင်ငံ တော်ရဲ့ သက်ဆိုင်ရာဌာနမှ Shipping Line  များအား ကျင့်ဝတ်နဲ့ အညီ ဝန်ဆောင်မှုပေးစေရေး ထိန်းကျောင်းဆောင်ရွက်ဖို့တို့ဖြစ်ပါ တယ်။      အာမခံချက်ရှိတဲ့ အများပိုင် ကုမ္ပဏီများ ဖော်ဆောင်သင့်    တစ်နိုင်ငံလုံးအတိုင်းအတာမှ ငွေကြေးများ စနစ်တကျ ကျယ် ကျယ် ပြန့်ပြန့်နဲ့ ပဲဈေးကွက်အတွင်း စီးဝင်လာပြီး ၎င်းစီးဝင်လာတဲ့ ငွေကြေးများကို အစဉ်အဆက်တွေ့ကြုံခံစားခဲ့ရတဲ့ " ယုံကြည်မှုကို အလွဲသုံးစားမှု" ရန်မှကင်းလွတ်ပြီး အာမခံချက်ရှိစေရေးအတွက် နိုင်ငံ တကာအဆင့်မီ အများပိုင်ကုမ္ပဏီများဖွဲ့စည်း ပေါ်ပေါက်လာဖို့ ဖြစ် ပါတယ်။ နိုင်ငံတော်မှ အများပိုင်ကုမ္ပဏီများကို တရားဝင်မှတ်ပုံ တင်ခွင့်ပြုပြီဖြစ်ရာ မိမိတို့ပဲလောကမှလည်း ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့အညီဖွဲ့စည်းပြီးမှတ်ပုံတင်ဖို့လိုပါတယ်။ဒေသတွင်း အများ ပိုင်ကုမ္ပဏီများမှာ ထားရှိတဲ့ စာရင်းသိုလှောင်မှုစနစ်၊ စံနှုန်းမီပွင့်လင်း     မြင်သာသော Audit report   များ၊ ၎င်းဒေသတွင်း အဆင့်ရှိ အုပ်ချုပ် မှုစနစ်နဲ့ လုပ်ငန်း လည်ပတ်ပုံအစရှိတဲ့ လိုအပ်ချက်များကို ကြိုတင်ပြင် ဆင်ထားရမှာ ဖြစ်ပါတယ်။     ထိုသို့ ပြင်ဆင်ဖွဲ့စည်းရာမှာ ၎င်းနယ်ပယ်မှ ပြည်တွင်းရှိ အတတ် ပညာရှင်များအပြင် လိုအပ်ပါက ပြည်ပမှ သင့်တော်သော ပညာရှင် အဖွဲ့များကိုငှားရမ်းကာလိုအပ်တဲ့ အကြံဉာဏ်များကို ရယူဆောင်ရွက် ဖို့လည်းလိုပါတယ်။ထိုသို့ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ရာမှာ ဦးဆောင်ဖွဲ့စည်းသူများမှ ၎င်းင်းအများပိုင်ကုမ္ပဏီကို လက်ဝါးကြီးအုပ် အမြတ်ထုတ် လိုမှုများကို တင်းတင်းကျပ်ကျပ် ဟန့်တားကာ နိုင်ငံ တကာ စံနှုန်းများအတိုင်း ပွင့်လင်း မြင်သာသော စာရင်းအင်းများ အပေါ်အခြေခံပြီး Share   ထည့်ဝင်သူအားလုံး မျှမျှတတအကျိုး ခံစားခွင့် ရရှိစေရေး ဆောင်ရွက် ရမှာဖြစ်ပါတယ်။     ဤအများပိုင်ကုမ္ပဏီများကို ၂၀၁၃ မှာ စတင်ဖွဲ့စည်းမယ်ဆိုရင် အဲဒီရာသီမှာပင် လုပ်ငန်းများ လည်ပတ်နိုင်မှာဖြစ်ပြီး ၂၀၁၅ တွင် နိုင်ငံတော်မှ "Stock Exchange" များစတင်ဖော်ဆောင်တဲ့အခါ အများပိုင်ကုမ္ပဏီများအား ၎င်း Exchange  မှာ Listed  လုပ်ပြီး ရောင်းဝယ်နိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်မှာ ဖြစ်ပါတယ်။ ရေရှည်မှာ  The Singapore Exchange (SGX)  ကဲ့သို့သော ဒေသတွင်း Stock Exchange များမှာ Listed   လုပ်ပြီး ရောင်းဝယ်နိုင်ရေး ရည်မှန်းချက်ထားရှိဖို့လိုအပ်ပါတယ်။ Commodity Exchange များ ထူထောင်ရန်    နိုင်ငံတော်အဆင့်ရှိ Bank   များမှ "Promoter Shareholder" များအဖြစ် ဦးဆောင်ပြီး အခြားဘဏ်များ၊ အင်အားကြီးကုမ္ပဏီများ၊ ပဲလောကရှိ ကုမ္ပဏီကြီးများ  Share holder   များအဖြစ်ပါဝင်တဲ့ အများပိုင် ကုမ္ပဏီကြီးမှ ကမကထလုပ်ပြီး ''Commodity Exchange'' တစ်ခုထူထောင်ရမှာဖြစ်ပါတယ်။ ''Commodity Exchange'' ထူထောင်ရာမှာ ပြည်ပမှ ဤနယ်ပယ်မှာ ကျွမ်းကျင်သော ပညာရှင် အဖွဲ့အစည်းများကို ငှားရမ်းကာ ရေရှည်စီမံကိန်းချ ဆောင် ရွက်ဖို့လိုပါတယ်။ အများပိုင်ကုမ္ပဏီများ ထူထောင်အပြီး တစ်နှစ် အကြာ ၂၀၁၄ မှာ စတင်မယ်ဆိုရင် ၂၀၁၆ (သို့) ၂၀၁၇ မှာ နိုင်ငံ တကာ စံမီ Exchange  တစ်ခုအဖြစ် စတင်သက်ဝင်လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ Exchange   မှာပဲအမျိုးမျိုးရှိတဲ့အနက် အများဆုံး ရောင်း ဝယ်တဲ့ မတ်ပဲ၊ ပဲစင်းငုံတို့နဲ့ စတင်ပြီး Exchange   ရှိ စာချုပ်များမှာ လက်ငင်း (Spot)   နဲ့ ကြိုရောင်းကြိုဝယ် (Forward/Future)  တို့ဖြင့် စတင်ရမှာ ဖြစ်ပါတယ်။တရားဥပဒေစိုးမိုးမှုအောက်မှာရှိကာ စည်း မျဉ်း/စည်းကမ်းများနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ Exchange   များမှာ ကြိုရောင်းကြိုဝယ် လုပ်ခွင့်ရခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရနိုင်ပါတယ်။     စိုက်ပျိုးသူတောင်သူများအနေနဲ့ စိုက်ပျိုးစဉ်ကာလကပင် ထွက်ရှိမယ့်သီးနံှအား အနာဂတ်ဈေးနဲ့ Exchange ရှိ Future Contract  ဖြင့် ကြိုရောင်းထားနိုင်တဲ့ Exporter များ၊ Value  Added  ထုတ်လုပ်သူများအနေဖြင့်လည်း ထိုနည်းတူစွာ ကြိုဝယ် ထားနိုင်တဲ့အခွင့်အရေးများရှိခြင်းကြောင့်ဈေးနှုန်းတက်/ကျ ပြဿ နာများကို ရှောင်ရှားနိုင်ခြင်း၊ ပြီးခဲ့တဲ့ ပဲလောကအရှုပ်အရှင်းများ အနက်အများစုမှာအာမခံချက်ရှိတဲ့ယုံကြည်မှုတစ်ခုတည်းကို အခြေခံ တဲ့ ကြိုရောင်း^ကြိုဝယ်များမှ မြစ်ဖျားခံ ပေါ်ပေါက်ခြင်းဖြစ်ရာ Sepculator များ၊ Investor  များအနေနဲ့ အာမခံချက်ရှိပြီး စည်းမျဉ်းစည်းကမ်းများနဲ့ စနစ်တကျရောင်းဝယ်တဲ့ ဤ Exchange ရှိ Future Contracts  များဖြင့် ရောင်းဝယ်ခြင်းဖြင့် အတိတ်ဖြစ်ရပ် ဆိုးများမှ ကင်းလွတ်ခွင့်ရရှိနိုင်ခြင်းတို့ဖြစ်ပါတယ်။    တစ်ဖက်မှာလည်း နိုင်ငံတကာဈေးကွက်အတွင်း လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရေးအတွက် လိုအပ်ချက်များကိုပြည်တွင်းလုပ် ငန်းရှင်များ၊ ဘဏ်ကြီးများနဲ့ အစိုးရကဏ္ဍအသီးသီးကြိုတင်ပြင်ဆင် ထားရန်မှာ လွန်စွာအရေးကြီးလှပါတယ်။ ကြိုတင်ပြင်ဆင်ရန် လို အပ်ချက်များကို မိမိလက်လှမ်းမီသမျှအကြံပြုတင်ပြရမယ်ဆိုရင်--    ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များအနေနဲ့  လွတ်လပ်တဲ့ နိုင်ငံ တကာ ဈေးကွက်ကြီးအတွင်း ဝင်ရောက်ရောင်းချမှာဖြစ်လို့ လိမ်လည်မှုများမခံရစေရန် နိုင်ငံတကာ တရားဥပဒေစိုးမိုးမှု ရှိသော စာချုပ်များဖြင့် ချုပ်ဆိုရောင်းချခြင်း၊ LC  ဖြင့် ဝယ်ယူမှု ကို လက်ခံရောင်းချခြင်းအပါအဝင် နိုင်ငံတကာစံနှုန်း များနဲ့ အညီ လုပ်ကိုင်နိုင်စေရေး လူ့အရင်းအမြစ်များကို ပြင်ဆင်ထား ရမှာ ဖြစ်ပါတယ်။-    LC ဖြင့် ဝယ်ယူမှုကို လက်ခံရောင်းချခြင်းမှာ ပို့ကုန်လုပ်ငန်းရှင် များအနေနဲ့ ကြန့်ကြာမှုမရှိစေဘဲငွေလည်ပတ်မှု လျင်မြန်စေရန် အတွက်ပြည်တွင်းဘဏ်များအနေနဲ့ ၎င်းတို့ရဲ့ ပုံမှန် Customer  ပို့ကုန် လုပ်ငန်းရှင်များအား  သက်ဆိုင်ရာ Buyer မှ ဖွင့်လှစ် လိုက်သော LC  အား လက်ခံရရှိရင် သင်္ဘောမတင်မီ ငွေကြို တင် ထုတ်ပေးနိုင်သော (Red Clause LC) ကို လက်ခံ ဆောင်ရွက်ပေးခြင်း အပါအဝင် နိုင်ငံတကာစံမီ ဝန်ဆောင်မှု များဖြင့် ပို့ကုန်လုပ်ငန်းများအား ထောက်ပံ့ပေးနိုင်ရေး ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်ကြောင်းပါခင်ဗျား။မှတ်ချက်။ မြန်မာ့ပဲလောက ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲလောကသားတစ်ဦး၏ အကြံပြုချက်အား သုံးသပ် လေ့လာနိုင်ရန် ဖော်ပြခြင်း ဖြစ်ပါသည်။ ကောမတ်စ် ဂျာနယ်၏ အာဘော်မဟုတ်ပါကြောင်း အသိပေးအပ် ပါသည်။