Main menu

Background

အရှုပ်ထဲမှာ ရိုးရှင်းခြင်း

Mon, 05/21/2012 - 07:26 -- Anonymous (not verified)

    ရှုပ်ထွေးပွေလီမှုများ  တိုးပွားလာချိန်တွင် အကောင်းဆုံး ရင်ဆိုင်နည်းမှာ အရာရာတိုင်းကို ရိုးရှင်းလွယ်ကူအောင်  လုပ်ထားခြင်းဖြစ်သည်။  ကမ္ဘာ့စီးပွားပျက်ကပ် ကြုံခဲ့ရစဉ် ၁၉၃၂ခုနှစ်က ဒိန်းမတ်နိုင်ငံသား၊ လက်သမားဆရာ အိုလီကတ် ခရစ္စတင်ဆန်သည် အပိုဝင်ငွေရရှိစေရန် ကလေး ကစားစရာ သစ်သားရုပ်ကလေးများ ပြုလုပ်ရောင်း ချခဲ့သည်။ နောက်ဆုံးတွင်သစ်သားဖြင့် အုတ်ချပ် ကလေးများပြုလုပ်ရန် စိတ်ကူးရလာသည်။ နောင် တွင် သူနှင့်အတူ သားများ၊ မြေးများက သစ်သား အစားပလတ်စတစ်ဖြင့် အုပ်ချပ်ကလေးများ ထုတ် လုပ်သည်။ သူတို့၏စိတ်ကူးကို တစ်ကမ္ဘာလုံးအနှံ့ ရောက်အောင် ကြိုးပမ်းခဲ့ကြသည်။  ယခုတော့ အစိတ်အပိုင်း ၇၂ ခုပါသည့်  လီဂိုကလေးကစား စရာများမှာ ကမ္ဘာတစ်ဝန်းရှိ လူတိုင်း အတွက် ဖြစ် နေပေပြီ။၁၉၉၅ခုနှစ်ဝန်းကျင်က လီဂို(Lego)ကုမ္ပဏီ သည် စီးပွားရေးလုပ်ငန်း သီအိုရီဆရာကြီးများ ပြောကြသည့် နှီးနွယ်ဆက်စပ်ရာ အလုပ်များ (Adjacencies)ကို အကြီးအကျယ် တိုးချဲ့ဆောင် ရွက်ခဲ့သည်။ ကလေးများအတွက်  ပျော်ရွှင်စရာ ကစားကွင်းများ (Theme parks)၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ ကလေးဝတ်အထည်များ၊ နာရီနှင့် ပညာရေးအထောက်အကူပစ္စည်းများကို တိုးချဲ့ ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။ သို့သော်လည်း ကုမ္ပဏီမှာ ကာလအတန်ကြာမျှ အရှုံးနှင့် ဆက် တိုက်ရင်ဆိုင်ခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ကုမ္ပဏီ အကြီးအကဲ ပြောင်းလဲလိုက်ပြီးနောက်၊ ကုမ္ပဏီ၏ မူလပင်ရင်းအလုပ်ကိုပင် ပြန်လုပ်သည်။ အင်တာ နက်အွန်လိုင်းတွင် နေအိမ် သို့မဟုတ် ရဲတိုက်တစ် လုံးကို ပုံစံဒီဇိုင်း ထုတ်နိုင်သည်။ ထိုဒီဇိုင်းအရ ဆောက်လုပ်ရန်အတွက် အလိုရှိရာအုတ်ချပ်ပုံစံကို ကုမ္ပဏီသို့ မှာယူနိုင်အောင်စီစဉ်ထားသည်။ အမှန် တကယ် နှီးနွှယ်ဆက်စပ်သည့် အလုပ်ကိုသာ အလေးထားခဲ့သည်။ တစ်ခုနှင့်တစ်ခု ချိတ်ဆက် နိုင်သော ဘလောက်တုံးကလေးများ  ထုတ်လုပ် ရောင်းချသဖြင့်  ကလေးသူငယ်တိုင်းကို တည် ဆောက်ရေးလုပ်ငန်း  ကျွမ်းကျင်သူများ ဖြစ်လာ စေရန် လေ့ကျင့်ပေးသည်။စီမံခန့်ခွဲမှုပညာရှင်ကြီးများက ကုမ္ပဏီများ ကိုမိမိကိုယ်ကိုပြန်လည်တည်ဆောက်(Reinvent)  ရန် ပြောတတ်ကြသည်။ သို့သော်လည်း Bain & Company  အတိုင်ပင်ခံကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်နှစ်ဦးကတော့ ရိုးရှင်းမှု  (Simplicity)      ကို ဦးစားပေးရန်တိုက်တွန်းကြသည်။ အောင်မြင် မှုအရှိဆုံးကုမ္ပဏီများက ကျင့်ဝတ်သီလသုံးရပ်ကို စောင့်ထိန်းကြသည်ဟု ဆိုသည်။ ထိုကုမ္ပဏီများ တွင် သိသာထင်ရှားသော ပင်မလုပ်ငန်း  (Core business) ရှိကြသည်။ သူတို့၏စီးပွားရေးလုပ်ငန်း ပုံစံ (Business model) ကို ဖြစ်နိုင်သမျှ ရိုးရှင်း နေစေရန် အားထုတ်ကြသည်။ ထို့ပြင်  အခွင့် အလမ်းသစ်များတွင်လည်း  ရိုးရှင်းစေရေးမူကို အသုံးချရန် တွန့်ဆုတ်ခြင်းမရှိကြချေ။ကမ္ဘာတွင် နာမည်အကျော်ဆုံး ကုန်အမှတ် တံဆိပ်များစွာသည်လည်း ရိုးရှင်းမှုကို ကျင့်ဝတ် သီလကဲ့သို့စောင့်ထိန်းကြသည်။ အက်ပဲလ်ကုမ္ပဏီ သည် လုပ်ငန်းအတွင်းမှ ရှုပ်ထွေးမှုများစွာကို ဖြတ်တောက်ဖယ်ရှားပစ်သည်။ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်ပေါ့စသည့်    အိုင်ထုတ်ကုန်ပစ္စည်းများ (iProducts)   တွင် ဖော်မြူလာတစ်မျိုးတည်းကို သာ အသုံးပြုခြင်းဖြင့် ရိုးရှင်းစေခြင်းဖြစ်သည်။ ထို့ပြင် ကုမ္ပဏီ၏ကက်တလောက်စာရင်းကိုလည်း ရဲရဲတင်းတင်း ဖြုတ်ပယ်သုတ်သင်သည်။  iPod media player သီချင်းနှင့် ဗီဒီယိုဖွင့်စက် မူလပုံစံ များတွင်  သိမ်းဆည်းသိုလှောင်ထားနိုင်သည့် ပမာဏအမျိုးမျိုးခွဲ၍  ထုတ်လုပ် ခဲ့သော်လည်း ယခုတော့  တစ်မျိုးတည်းသာ ထုတ်လုပ်တော့ သည်။ရိုးရှင်းစေခြင်းနှင့် မူလအလုပ်ကို ပြန်လုပ် ခြင်း  ဖော်မြူလာ   (Simplify and repeat formula)  ကို ထွန်းသစ်စ ကုမ္ပဏီများကလည်း လက်ခံကျင့်သုံးကြသည်။ စီးပွားရေးလုပ်ငန်းများ တွင် လုပ်ငန်းကြီးထွားလာသည်နှင့်အမျှ ရှုပ်ထွေး မှုပိုများလာတတ်သည်။  ထိုသို့ဖြစ်တတ်သည့် သဘောကြောင့် စီးပွားရေးလုပ်ငန်း၏ တိုးတက်မှု နှုန်းကိုပင် နှေးကွေးသွားစေနိုင် သည်။ ရှုပ်ထွေးမှု ကို ရှောင်ရှားဖို့ဆိုသည်မှာ ခန္ဓာကိုယ်တွင် ကိုလက် စထရောအဆီ တက်မလာအောင်ကြိုးစားရသည် ထက် လွယ်ကူသောအလုပ်မဟုတ်ပေ။ နာမည် ကျော် ဒီဘီးရား စိန်ရောင်းဝယ်ရေးကုမ္ပဏီကြီး  တွင် အမှုဆောင်အရာရှိချုပ် လုပ်ခဲ့ဖူးသည့် ဂဲရစ် ပဲနိက " အမှုဆောင်အရာရှိချုပ်တစ်ဦးရဲ့ အခန်း ကဏ္ဍဟာ ရှုပ်ထွေးမှုတွေကို ရိုးရှင်းလွယ်ကူအောင် လုပ်ပေးရမှာဖြစ်ပြီး၊ အကြောင်းကိစ္စအနည်းငယ် အပေါ်မှာသာ အာရုံစိုက်ရမှာဖြစ်တယ်"ဟု ဆိုပါ သည်။ အက်ပဲလ်ကုမ္ပဏီတွင် အမှုဆောင်အရာရှိ ချုပ်ဖြစ်လာသည့် တင်မ်ကွတ်ခ်ကလည်း ရိုးရှင်းမှု ကို လိုလားသူဖြစ်သည်။ " ကျွန်ုပ်တို့က ရိုးရှင်းတာ ကို ယုံကြည်တယ်။ ရှုပ်ထွေးတာကို မယုံကြည်ဘူး။ စီမံကိန်းပေါင်း သောင်းခြောက်ထောင်ကို ငြင်း ပယ်ရမယ်လို့ ယုံကြည်တယ်။ အဲဒီလို ငြင်းပယ် လိုက်တဲ့အတွက်  လုပ်ငန်းနည်းနည်းကလေး အပေါ်မှာ အမှန်တကယ် အာရုံစူးစိုက်နိုင်မှာဖြစ် တယ်" ဟုဆိုသည်။ ကုမ္ပဏီများက ညှိနှိုင်းလို့မရနိုင် သည့် စီးပွားရေးလုပ်ငန်းဓလေ့ကို မွေးမြူထားဖို့ လိုသည်။ သို့မှသာ မိမိတို့စီးပွားရေးလုပ်ငန်းပုံစံကို ထပ်ပြန်ကျော့လုပ်နိုင်ကြမှာဖြစ်သည်။  မက်ဒေါ် နယ်ဟမ်ဘာဂါကုမ္ပဏီက မိမိ၏ ဝန်ထမ်းမှန်သမျှ ငွေရှင်းကောင်တာ သို့မဟုတ် စားဖိုဆောင်တွင် အောက်ခြေသိမ်းအလုပ်   လုပ်ရသည့်အဆင့်မှ စတင်ရမည်ဟု မူချထားသည်။ စင်ကာပူအခြေစိုက် Olam  ကုန်ကြမ်းရောင်းဝယ်ရေးကုမ္ပဏီက ဝန် ထမ်းသစ်ခန့်ထားရာတွင် အမ်ဘီအေဘွဲ့ ရထား ခြင်း၊ လက်သည်းများ စင်ကြယ်သန့်ရှင်းနေခြင်း တို့ထက် ကျေးလက်တောနယ်တွင် နေထိုင်လုပ် ကိုင်ခဲ့ဖူးခြင်း ရှိ-မရှိကိုသာ ဦးစားပေးရွေးချယ် သည်။ သို့သော်လည်း ရံဖန်ရံခါ၌ ပြိုင်ဆိုင်မှုပတ် ဝန်းကျင် ရုတ်တရက်ပြောင်းလဲ သည်ကို ရင်ဆိုင် ရာ၌မူ ရိုးရှင်းမှုတစ်မျိုးတည်းနှင့်တော့ လုံလောက် နိုင်မှာမဟုတ်ဟု ဆိုပါသည်။Ref; The Economist.