တရုတ် ဓာတ်ပုံဆရာ ဝေါင်ကျိုလျန်ရဲ့ လျန်ကျိုး နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုရရှိခဲ့တဲ့ "အမှိုက်ပုံတွေ ဝန်းရံခတဲ့ မြို့တော်'' လို့ အမည်ရဓာတ်ပုံတွဲကို တရုတ်နိုင်ငံရဲ့ နာမည် ကျော် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Tianyo.cn မှာ တင်လိုက်တဲ့အခါ လူအများရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ပေကျင်းမြို့ရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အမှိုက်ပုံကြီးတွေရဲ့ပုံတွေပဲ ဖြစ်ပါတယ်။ပေကျင်းမြူနီစီပါယ် အုပ်ချုပ်ရေးကော် မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပေကျင်းမြို့မှာ တစ်နေ့ ကိုအမှိုက်သရိုက် တန်ချိန် ၁၈၀၀၀ လောက် စွန့် ပစ်နေကြတယ်လို့ သိရပါတယ်။၂၀၁၀တစ်နှစ်အ တွင်း အမှိုက်စုစုပေါင်း တန်ချိန် ၆ ဒသမ ၃၅ သန်းစွန့်ပစ်ခဲ့ပြီးနောက်ပိုင်း တစ်နှစ်ကို ၈ ရာခိုင် နှုန်းခန့် မြင့်မားလာခဲ့တယ်လို့ ဆိုပါတယ်။ လူနေ အိမ်တွေကစွန့်ပစ်တဲ့အမှိုက် ၉၀ရာခိုင်နှုန်းလောက် ဟာ အဲဒီအမှိုက်ပုံတွေကို ရောက်ရှိသွားခဲ့ပြီး အမှိုက်ပုံတွေရဲ့စုစုပေါင်း ဧရိယာဟာ ဟက်တာ ပေါင်း ၁၃၀၀ ကျော်ရှိလာပါတယ်။ ပေကျင်းမြို့ အပြင် တခြား တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာလည်း အမှိုက်ပုံဧရိယာဟာ ကြီးထွားလာနေပါတယ်။ရှန်ဟိုင်းမြို့ဆိုရင် တစ်နေ့ကို လူနေအိမ်တွေက စွန့်ပစ်အမှိုက် စုစုပေါင်းဟာတန်နှစ်သောင်းခန့်ရှိပါ တယ်။ ကွမ်ဒေါင်းပြည်နယ်ရဲ့မြို့တော် ကွမ်ကျိုးမှာ လည်း တစ်နေ့ကို အမှိုက် စုစုပေါင်းတန် တစ် သောင်းလေးထောင်ခန့် စွန့်ပစ်နေပါတယ်။တရုတ်နိုင်ငံဟာ ၂၀၀၄ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံကို ကျော်တက်ပြီး ကမ္ဘာမှာ လူ နေအိမ်တွေက အမှိုက်အများဆုံး စွန့်ပစ်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ အဲဒီနှစ်ကစပြီး တစ်နှစ်ကို အမှိုက် ပမာဏ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့ရာမှာ ၂၀၁၀ ပြည့်နှစ် ရောက်တော့ တစ်နိုင်ငံလုံးမှာ စုစုပေါင်းအမှိုက် တန်ချိန် ၁၅၂ သန်းအထိ စွန့်ပစ်ခဲ့တယ်လို့ သိရပါ တယ်။ တရုတ်နိုင်ငံရဲ့ မြို့ပေါင်း ၆၆၈ မြို့ရဲ့ သုံးပုံ နှစ်ပုံမှာ မြို့တွေကို ဝန်းရံထားတဲ့အမှိုက်ပုံတွေရဲ့ ဧရိယာစုစုပေါင်းဟာ စတုရန်းမီတာသန်း ၅၀၀ အထိရှိလာပါတယ်။ အဲဒီမြို့ကြီးပေါင်း ၂၉ ရာ ခိုင်နှုန်းမှာ လူနေအိမ်တွေက စွန့်ပစ်တဲ့အမှိုက် တွေကို သယ်ယူပို့ပေးရမယ့် အမှိုက်ပုံတွေနဲ့ မီးရှို့ ဖျက်ဆီးပေးမယ့် စက်တွေအလုံအလောက်မရှိဘူး လို့ သိရပါတယ်။ ကွမ်ကျိုးမြို့ဆိုရင် နေအိမ်တွေက စွန့်ပစ်တဲ့အမှိုက်တွေဟာ ရှိတဲ့မီးရှို့စက်တွေက လည်း နိုင်အောင် မဖျက်ဆီးနိုင်၊ ပုံစရာအမှိုက်ပုံ နေရာတွေကလည်း သိပ်မရှိလို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက် လာတဲ့အထိ ရှိလာပါတယ်။၂၀၀၉ ခုနှစ်အထိ အမှိုက်သရိုက်တွေရဲ့ ၈ ရာခိုင်နှုန်းလောက်ပဲ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါပေ မယ့် ပေကျင်းလိုမြို့ကြီးတွေရဲ့ ပတ်လည်မှာအမှိုက် ပုံတွေအတွက် တိုးချဲ့စရာ မြေနေရာတွေသိပ်မရှိ တော့တဲ့အတွက် အမှိုက်မီးရှို့စက်တွေကို အစား ထိုး တည်ဆောက်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပေကျင်းမြို့တစ်ဝိုက်မှာ အမှိုက်မီးရှို့စက် ၉ လုံး တည်ဆောက်ခဲ့ပါတယ်။ လာမယ့် ၅ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှိုက်မီးရှို့ဖျက်ဆီးတဲ့ လုပ်ငန်း တွေအတွက် စုစုပေါင်း ယွမ်ငွေဘီလီယံ ၂၄၀ (အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁၄ ဘီလီယံ) သုံးစွဲပြီးတိုးချဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ဒါ့ အပြင် စွန့်ပစ်အမှိုက်တွေကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ စက်ရုံတွေကို တရုတ်နိုင်ငံအနှံ့မှာ အလုံး ၉၀ တည်ထောင်ခဲ့ပြီး လာမယ့် ၅ နှစ် အတွင်း နောက်ထပ် အလုံး ၈၀ ကနေ ၉၀ အထိ တည်ထောင်သွားမယ်လို့ သိရပါတယ်။တကယ်တော့ လူနေအိမ်တွေက စွန့်ပစ်တဲ့ အမှိုက်သရိုက်တွေကို မီးရှို့ဖျက်ဆီးရာမှာ လေထု ထဲဓာတ်ငွေ့အဖြစ် ထုတ်လွှတ်တဲ့ဓာတုဗေဒဓာတ် ငွေ့ တစ်မျိုးဖြစ်တဲ့ ဒိုင်အိုဇင် (Diozin)ဟာ လူတွေ ရဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ အဆိပ်ငွေ့တစ်မျိုး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးသိပ္ပံဌာနမှ သုတေသီတစ်ဦးဖြစ်တဲ့ ကျောက် ကျန်းယမ်က "ဘယ်လိုပဲ အဆင့်မြင့်နည်းပညာ တွေသုံးပြီး အမှိုက်တွေကို မီးရှို့ဖျက်ဆီးပေမဲ့ လူ့ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေတဲ့ ဒိုင်အိုဇင် လိုအဆိပ်ငွေ့မျိုးတွေ မထုတ်လွှတ်ဘူးလို့ ဘယ်သူ မှတာဝန်မခံပါဘူး" လို့ ထောက်ပြထားပါတယ်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတွေနဲ့ ပြည်သူအများကတော့ အမှိုက်သရိုက်တွေကို မီး ရှို့ဖျက်ဆီးနေတာကို ကန့်ကွက်ဆန့်ကျင်လာကြပါ တယ်။ ကွမ်ကျိုးမြို့မှာရှိတဲ့ အမှိုက်မီးရှို့တဲ့ စက်ရုံ အနီးတစ်ဝိုက်ရှိ ရွာမှာနေထိုင်သူတွေကို လေ့လာ သုတေသနပြုရာမှာ ၄ နှစ်အတွင်း အဲဒီရွာက လူ ပေါင်း ၂၀၀ ဟာ အူမကြီးကင်ဆာရောဂါဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကွမ်ကျိုးနဲ့ ပေကျင်းမြို့ ပတ်ဝန်းကျင်မှာ အမှိုက်မီးရှို့စက် တွေတိုးချဲ့တည်ဆောက်လာတာကို ဒေသခံပြည် သူတွေက ကန့်ကွက်လာတဲ့အတွက် ယခုအခါ တချို့ စက်ရုံစီမံကိန်းတွေကို ရပ်ဆိုင်းထားရ ကြောင်းပါ ခင်ဗျား။Ref:''Under Siege''(bjreview.com)
Background